Monday, December 26, 2022

ရုရှား-မြန်မာ နှစ်နိုင်ငံရေတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စများအား ဆွေးနွေး

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် နှင့် ရုရှားဒု-ရေတပ်ဦးစီးချုပ် Vice Admiral Igor MUKHAMETSHIN တို့တွေ့ဆုံစဥ်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီ းမိုးအောင်က ရုရှားဒု-ရေတပ်ဦးစီးချုပ် Vice Admiral Igor MUKHAMETSHIN အား ဒီဇင်ဘာ ၂၅ ရက်နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်၌ လက်ခံတွေ့ဆုံခဲ့သည်။
နှစ်နိုင်ငံရေတပ်မှစစ်ရေယာဉ်များ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ လေ့လာလည်ပတ်နိုင်မှုနှင့်နှစ်နိုင်ငံရေတပ်များကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာရေးအတွက် အဆင့်လိုက်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လေ့လာလည် ပတ်နိုင်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာ့တပ်မတော်မှ ရုရှားနိုင်ငံသို့ သင်တန်းသားများစေလွှတ်သင်ကြားလျက်ရှိသည့် အခြေအနေများနှင့်နှစ်နိုင်ငံရေတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကိုလည်း ဆွေး နွေးခဲ့ကြသည်။
ထို့နောက် ရုရှားဒု-ရေတပ်ဦးစီးချုပ်သည် ရေတပ်လေ့ကျင့်ရေးဌာနချုပ်အမှတ်(၅)၌ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ၏ Ship Handling Simulator တွင် လေ့ကျင့်နေမှု၊ Engine Room Simulator တွင် လေ့ကျင့်နေမှုတို့အား ကြည့်ရှုလေ့လာခဲ့ကြသည်။

Popular

0 comments:

Post a Comment