Monday, December 26, 2022

ကော့ကရိတ်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းအား PDF အဖွဲ့ဝင်များက Drone ဖြင့် ဗုံးပစ်ချ၊သံဃာတော် ၁ ပါးပျံ လွန်တော်မူ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ကျောက်စရစ်ကုန်းကျေးရွာတွင် ဒီဇင်ဘာ ၂၆ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နစက ကထုတ်ပြန်ခဲ့သည်။
ယနေ့နံနက် ၁၁ နာရီခွဲခန့်က PDF အဖွဲ့ဝင်များသည် ကျောက်စရစ်ကုန်းရွာရှိ ရွှေကြက်မင်း ဘုန်းတော်ကြီးကျောင်းအား Drone ၂ စီးဖြင့် ဗုံးသီး ၁၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။
ဗုံးသီးများသည် ဘုန်းတော်ကြီးကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် သံဃာတော်တစ်ပါးတွင် ဗုံးသီးစများထိမှန်ခဲ့၍ အခင်းဖြစ်နေရာ၌ ပျံလွန်တော်မူသွားခဲ့သည်ဟု နစက ကထြတ်ပြန်ခဲ့သည်။
ထို့ပြင် ကိုရင်တစ်ပါး၊ကလေးငယ်တစ်ဦးနှင့်သံ ဃာတော် ၂ ပါးတို့တွင်လည်း ဗုံးသီးစထိမှန်ဒဏ် ရာများရရှိခဲ့ကြသဖြင့် ကော့ကရိတ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
"အခုအခင်းဖြစ်တဲ့ဘုန်းကြီးကျောင်းက ရွှေကြက်မင်းဘုရားကုန်းမှရှိတာ ပေါက်ကွဲမှုဖြစ်သွားတယ်ဆိုတာတော့သိတယ် ကျွန်တော်တို့အသင်းကိုဖုန်းဆက်ပြီးခေါ်တာမရှိတဲ့အတွက် ဒဏ်ရာရတဲ့သံဃာတော်တွေကို မသယ်ပေးခဲ့ရပါဘူး အဆင့်သင့်တော့လုပ်ထားခဲ့တယ်"ဟု ကော့ကရိတ်မြို့အ ခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


Popular

0 comments:

Post a Comment