Monday, December 26, 2022

တရုတ်ကို ငှက်ပျော်တင်ပို့မှာ ကျပ်ငွေအစား ယွမ်ငွေဖြင့် ပြောင်းလဲ စည်းကြပ်ကောက်ခံနေ

တရုတ်နိုင်ငံကို ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှတစ်ဆင့် ငှက်ပျောတင်ပို့ရာမှာ ကျပ်ငွေနဲ့ စည်းကြပ်ကောက်ခံမှုအစား ယွမ်ငွေနဲ့ ပြောင်းလဲကောက်ခံနေတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ယခင်က တရုတ်နိုင်ငံကို တင်ပို့နေတဲ့ ငှက်ပျောတွေကို မြန်မာကျပ်ငွေနဲ့ တန်ဘိုးသတ်မှတ်ပြီး အခွန်စည်းကြပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ-တရုတ်နယ်စပ်ဒေသတွေမှာ ကုန်သွယ်မှုလုပ်ဆောင်ရာ ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဆောင်ရွက်ခွင့်ပြုခဲ့လို့ ပို့ကုန်ငှက်ပျောတွေကို မြန်မာကျပ်ငွေနဲ့ စည်းကြပ်ကောက်ခံခြင်းအစား ( 1Kg= 2.36 ယွမ်) တရုတ်ငွေဈေးနှုန်းနဲ့ ပြောင်းလဲစည်းကြပ် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ 

လက်ရှိ မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုတွေအတွက် ငွေပေးချေမှုကို ယွမ်ငွေကြေး၊ ဒေါ်လာငွေကြေးတွေနဲ့ ဆောင်ရွက်လျက်ရှိပြီး ပဲ၊ ပြောင်း၊ နှမ်း ၊ မြေပဲဆံ တို့ကို ဒေါ်လာငွေကြေး အပြင် ယွမ်ငွေကြေးဖြင့်ပါ ဆောင်ရွက်ခွင့်ပြုထားသလို ဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းတွေနဲ့ ရေထွက် ပစ္စည်း ကဏန်း၊ ငါးရှဉ့်တို့ကို ယွမ်ငွေကြေးနဲ့ဆောင်ရွက်ခွင့်ပြုထားတယ်လို့ သိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment