Monday, December 26, 2022

ရန်ကုန်မှာ လူဦးရေစာရင်း ကိုလာမယ့် ၂၀၂၃ခုနှစ် ဇန်နဝါရီ ၉ ရက်မှာ စတင်ကောက်မယ်လို့ဆို

မြေပြင် လူဦးရေစာရင်းကိုရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တစ်အိမ်ချင်းစီ စာရင်းကောက်ယူတဲ့လုပ်ငန်းကို လာမယ့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်နေ့မှာ စတင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီကနေ သိရပါတယ်။

မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူတဲ့လုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီက ကြီးမှူးပြီး အခြားသက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက် ပွဲကော်မရှင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနဲ့ လူမှုရေးအသင်းအဖွဲ့တွေက စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းဆောင်ရွက်သွားကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်း မြေပြင်လူဦးရေစာရင်း ကောက်ယူတဲ့လုပ်ငန်းကိုလာမယ့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်ကနေ ၃၁ ရက် အထိ တစ်လအတွင်း အပြီးဆောင်ရွက်မှာဖြစ်တယ်လို့သိရပါတယ်။

 စာရင်းကောက်ယူရာမှရရှိလာတဲ့လူဦးရေစာရင်းနဲ့အချက်အလက်တွေကို e-ID Software မှာထည့်သွင်းတာကိုလည်း လာမယ့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်ကနေ ဖေဖော်ဝါရီ ၁ဝ ရက်နေ့အထိ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

နိုင်ငံသားတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေ မှန်ကန် စေရေးအပြင် နိုင်ငံတော်အတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက် ကြဖို့လည်း သက်ဆိုင်ရာက တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment