Saturday, February 21, 2015
ကြက်ခြေနီကားတစ်စီး ထပ်မံတိုက်ခိုက်ခံရပြီး လေးဦးဒဏ်ရာရ
ကြက်ခြေနီ၊ ဒုက္ခသည်၊ သတင်းထောက်များပါ ကြက်ခြေနီယာဉ်ကို ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့က နာရီဝက်ခန့်ကြာ လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်မှုတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့သော 7Day သတင်းထောက်များ၏ သတင်းပေးပို့ချက်
ဒဏ်ရာရရှိသူတစ်ဦးကို ဆေးရုံသို့ပို့ရန် လူနာတင်ယာဉ်ပေါ်သို့ တင်ဆောင်ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − ပြည့်ဖြိုးမောင်)
ကြက်ခြေနီအလံ ထောင်ထားပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်၊ ဒုက္ခသည်နှင့် သတင်းထောက်အချို့ လိုက်ပါလာသော ယာဉ်တစ်စီးကို ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီတွင်ကိုးကန့်တိမ်းရှောင်အဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့သဖြင့် လေးဦးဒဏ်ရာရရှိခဲ့သည်။
ကြက်ခြေနီအလံ လွှင့်ထား ပြီး ဖိုးဝှီးကားအဖုံးပေါ်တွင်လည်း ကြက်ခြေနီအလံ တပ်ဆင်ထား သည့် ထိုယာဉ်သည် လောက်ကိုင် မြို့မှ ချင်းရွှေဟော်သို့ပြန်လာစဉ် လုံထန်ရွာအနီး၌ ပစ်ခတ်ခံခဲ့ရ ခြင်းဖြစ်ပြီး လက်နက်ကြီး ငါး ချက်ထက်မနည်း အပါအ၀င် လက်နက်ငယ်များဖြင့် တရစပ် ပစ်ခတ်ခဲ့သဖြင့် ကားပေါ်ပါလာ သူများအနက် လေးဦး ဒဏ်ရာရရှိသွားသည်။
ကြက်ခြေနီတပ်ဖွဲ့ဝင် နှစ်ဦး၊သတင်းထောက် ငါးဦးနှင့် ယာဉ် မောင်းတစ်ဦး၊ စုစုပေါင်းရှစ်ဦးစီးနင်းလာသည့် ဖိုးဝှီးယာဉ်သည် လောက်ကိုင်မြို့မှ မွန်းလွဲ ၁ နာရီကျော်တွင်ထွက်လာပြီး လမ်းခရီး၌ တရုတ်နယ်စပ်မှ ထွက် ပြေးတိမ်းရှောင်လာသည့် တစ်နှစ်သားအရွယ်နှင့် လေးနှစ်သား အရွယ် ကလေးငယ် နှစ်ဦး၊ ကလေးမိခင် နှစ်ဦးနှင့် လူငယ် တစ်ဦးတို့ကို တင်ဆောင်လာခဲ့ပြီး ချင်းရွှေဟော်သို့ ထွက်ခွာလာရာ လုံထန်ရွာအနီးတွင် ဘေးဘယ် ညာညှပ်ကာ ပစ်ခတ်တိုက်ခိုက်ခံ ခဲ့ရခြင်းဖြစ်သည်။
ဘောလုံးကွင်း တစ်ကွင်း ထိပ်နှစ်ဖက်ခန့်ရှိမည့် ခန့်မှန်းအကွာအဝေးရှိ နေရာတောင်ကုန်းပေါ်မှ လက်နက်ကြီးဖြင့် ငါးချက်ထက်မနည်းပစ်ခတ်ခဲ့ပြီး လက်နက်ငယ်များဖြင့် နာရီဝက်ခန့်ကြာတရစပ်ပစ်ခတ်ခဲ့သဖြင့် ထိုနေရာအနီးရှိ ချုံများနှင့် ကမူများဘေးသို့ တိုးဝင်ကာ မလှုပ်မယှက် နှစ်နာရီကြာငြိမ်သက်နေခဲ့ရသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် 7Day သတင်းထောက်ကပြောကြားသည်။
ဒဏ်ရာရရှိသူတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံများ − ပြည့်ဖြိုးမောင်)
‘‘အစတော့ ကလေးတွေကတအားငိုတာ၊ တစ်နှစ်သားအရွယ် ကလေးလေးက အရမ်းငိုနေတော့ မငိုအောင် အမေလုပ်သူက နို့တိုက်လိုက်ပြီး လေးနှစ်သားလေး ကိုတော့ အသံမထွက်အောင် အမေလုပ်သူက ရင်ခွင်ထဲက အနွေးထည်နဲ့ ညှပ်ပြီး အသံမ ထွက်အောင် လုပ်ထားရတာ’’ဟု 7Day သတင်းထောက် ကိုအောင်ခိုင်က ပြောသည်။
၎င်းမိခင်နှစ်ဦးအနက် တစ်ဦးသည် တင်ပါးတွင် လက်နက်ကြီးပေါက်ကွဲစထိမှန်ကာ ဒဏ်ရာရရှိထားလျက်နှင့်ကလေးငယ်ကို အသံမထွက်အောင် နို့တိုက်ချော့ခဲ့ခြင်းဖြစ်သည်။
စတင်ပစ်ခတ်ခံရစဉ်က ကားပေါ်တွင် ၁၃ ဦးစလုံး တစုတစည်းတည်းရှိနေကြသော်လည်း ခေတ္တအကြာတွင် ဘေးလွတ်မည်ဟု ယူဆရသည့် ချုံများ၊ ကမူများတွင် အကာအကွယ်ယူပြီး တစ်ယောက်ပေါ် တစ်ယောက်ထပ်ကာ ၀ပ်နေခဲ့ရပြီး လုံးဝမလှုပ်ရဲခဲ့ကြပေ။
လက်တွင်ဒဏ်ရာရရှိခဲ့သော MRTV-4 မှ သတင်းထောက် မြတ်သီဟမောင်အား ဆေးတပ်ဖွဲ့က ကုသပေးနေစဉ် (ဓာတ်ပုံများ − ပြည့်ဖြိုးမောင်)
‘‘ကြုံသလိုပစ်တာ မဟုတ်ဘူး။ ဘယ်ညာကနေ စနစ်တကျပစ်တာ။ ကိုးကန့်တပ်ဖွဲ့က ပစ်တာသေချာတယ်’’ ဟု 7Day သတင်းထောက်က ပြောသည်။
ဘယ်၊ ညာညှပ်၍ ပစ်ခတ်ခံရသည့်အချိန်တွင် ပါလာ သည့် ဖုန်းများမှာလည်း အချို့မှာ ကျကျန်ခဲ့ကာ အချို့မှာ ဆက်သွယ်မရ ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင် 7Day သတင်းထောက်၏ တရုတ်ဖုန်းမှ ဖုန်းမြည်သံကြားရသော်လည်းထိုဖုန်း မည်သည့်နေရာတွင် ရောက်နေမှန်း ရှာမရဖြစ်နေခဲ့သည်။ ထိုဖုန်းရှိသည့်နေရာကိုကားပေါ်တွင် ကျန်နေခဲ့သည့် ကလေးမိခင်များက ညွှန်ပြပြီး ဖုန်းကို တုတ်များဖြင့် ခက်ခက်ခဲခဲယူငင်ကာ ထိုဖုန်းဖြင့်ပင် ချင်းရွှေဟော်အခြေစိုက် တပ်မ(၁၁)သို့ ဆက်သွယ်ခဲ့ရသည်။ တပ်မ ၁၁ နှင့် အဆက်အသွယ်ရလျှင်ရချင်း တိုက်ခိုက်ခံနေရသည့်နေရာကို ညွှန်ပြအပြီး ၁၅ မိနစ်ခန့်အကြာတွင် တပ်မ ၁၁ မှ တပ်ဖွဲ့ဝင် များလိုက်ပါလာသည့် ကား သုံးစီးဖြင့် ရောက်ရှိလာသည်။
ထိုကား သုံးစီးရောက်လာ အပြီးတွင် တစ်ဖက်နှင့် တစ်ဖက်၁၀ မိနစ်အကြာ အပြန်အလှန် ပစ်ခတ်ပြီး တိုက်ပွဲငယ်ဖြစ်ပွားခဲ့ကာ ညနေ ၅ နာရီတွင် တိုက် ပွဲ ပြီးဆုံးသွားခဲ့သည်။ ထိုတိုက်ပွဲတွင် ကိုးကန့်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်၍ ကားတစ်စီးထိမှန်ပြီး တပ်မတော်သားတစ်ဦးဒဏ်ရာရရှိခဲ့သည်။ ပစ်ခတ်မှုများ ငြိမ်သက်သွားပြီးနောက် ခေတ္တနားကာ တစ်ဦးချင်း တန်းစီ၍ လုံခြုံရေးယူပြီး ခေါ်ဆောင်သွားခဲ့ကာ ၁၅ မိနစ်ကြာလမ်းလျှောက်ခဲ့ရသည်။ တောင်ခြေတစ်ခုအရောက်တွင် ကားပေါ်ပါသူ ၁၃ ဦးစလုံးကို နာရီဝက်အကြာဝပ်နေစေခဲ့သည်ဟု 7Day သတင်းထောက်ကပြောသည်။
ကြက်ခြေနီယာဉ်ကို တိုက်ခိုက်သူများမှာ ဆေးကြောင်နေသူများဖြစ်သည်ဟု တပ်မတော်သားအချို့က မှတ်ချက်ပြုကြောင်းလည်း သတင်းထောက်က ပြောသည်။
‘‘တပ်သာ လာမကူရင် အ ကုန်သေပြီ’’ဟု 7Day သတင်း ထောက်ကပြောသည်။
ပစ်ခတ်တိုက်ခိုက်မှုကြောင့် MRTV-4 မှ သတင်းထောက် ကိုမြတ်သီဟမောင်သည် လက် မောင်းတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး လောက်ကိုင်ခရိုင်ကြက်ခြေနီဦးစီးမှူးမှာ လက်နက်ကြီးထိမှန်ကာ ဒဏ်ရာအပြင်းအထန်ရရှိထားသည်။
ယာဉ်မောင်းမှာ ရင်ဘတ်နှင့် ခါးတို့တွင် ကျည်ဆန်သုံးချက်ထိမှန်ထားပြီး စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေသည်။
ကလေးမိခင်တစ်ဦးမှာ တင်ပါးတွင် ဒဏ်ရာရရှိထားသဖြင့် ၎င်းတို့လေးဦးကို ကွမ်းလုံမြို့သို့ ခေါ်ဆောင်လာပြီး ဆေးကုသပေး လျက်ရှိကြောင်းသတင်းထောက် ကပြောသည်။
ကားပေါ်တွင် လိုက်ပါလာ သည့် ပြည်တွင်းသတင်းထောက် ငါးဦးမှာ 7Day Daily၊ The Voice၊ပြည်ထောင်စုနေ့စဉ်နှင့် MRTV-4တို့မှ ဖြစ်ကြသည်။
ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ကိုးကန့်တိမ်းရှောင်အဖွဲ့က ကြက်ခြေနီယာဉ်တန်းအားတိုက်ခိုက်၍ ကြက်ခြေနီတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ဖေဖော်ဝါရီ ၂၁ ရက် ကြက်ခြေနီယာဉ်တန်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်အကျဉ်း
နေ့လယ် ၁ နာရီကျော် - လောက်ကိုင်မှ ကြက်ခြေနီကား စတင်ထွက်ခွာ။
၂နာရီဝန်းကျင် - ကိုးကန့်တိမ်း ရှောင်တပ်ဖွဲ့၏ နာရီဝက်ခန့်တိုက်ခိုက်မှုခံရ။
၂နာရီခွဲမှ ၄နာရီခွဲ - တိုက်ခိုက်မှုများ ရပ်တန့်သွားပြီး အဆက်အ သွယ်ပြတ်တောက်နေ
၎နာရီ ၄၅မိနစ် - တပ်နှင့်အဆက်အသွယ်ရရှိ။
၅ နာရီဝန်းကျင် - တပ်မှ ကားသုံးစီးရောက်ရှိလာပြီး တပ်နှင့်ကိုးကန့် တပ်ဖွဲ့များ အပြန်အလှန်တိုက်ပွဲဖြစ်။
၅ နာရီ ၁၅ မှ ၅ နာရီခွဲ- တပ်မတော်သားများက ပစ်ခတ်ခံရသူများကို တစ်ဦးချင်းစစ်ဆေး၊ လူပြန်စု။
၅ နာရီခွဲ- ၁၅ မိနစ်ကြာ လမ်းလျှောက်။
၅ နာရီ ၄၅ မိနစ်- တပ်မတော်မှ ကားတစ်စီးကို စောင့်ဆိုင်း။
၈ နာရီဝန်းကျင်- ချင်းရွှေဟော်မြို့သို့ ရောက်ရှိ။ တပ်မ (၁၁) တပ်ရင်းမှူးကိုယ်တိုင်ကြိုဆိုပြီး ဒဏ်ရာရရှိသူများကို ဆေးတပ်ဖွဲ့က ပြုစု။
၉ နာရီခွဲ- ကွမ်းလုံမြို့သို့ ပြန်လည်ရောက်ရှိ။
7Day Daily
Friday, February 20, 2015
ကိုးကန့်ဒေသ တိုက်ပွဲများ တပ်မတော်မှ ထိန်းချုပ် နိုင်သည့် အခြေအနေရှိဟု ကာကွယ်ရေးဝန်ကြီး ပြော
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နှင့် အနီးပတ်ဝန်းကျင်တွင် ရက်သတ္တတစ်ပတ်ကျော်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့နောက်ဆုံး အခြေအနေအရ တပ်မတော်မှ ထိန်းချုပ်နိုင်လိုက်ပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောသည်။
လောက်ကိုင်ဒေသတွင် မြန်မာ့တပ်မတော်မှ တပ်မတော်သားများကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)
ဝန်ကြီးက ''ဖေဖော်ဝါရီ ၉ ရက် က စဖြစ်တယ်၊ အဲ့ဒီရက်ပိုင်းတွေကတော့ အပြင်းထန်ဆုံးပေါ့၊ အခု လက်ရှိမှာတော့ ထိန်းသွားနိုင်တဲ့ အနေအထားရှိတယ်'' ဟု မီဒီယာများကို ပြောသည်။
ဖေဖော်ဝါရီ ၂ဝ ရက် တွင် နေပြည်တော်ရှိ ကမ်ပါစကီးဟိုတယ်တွင် ကျင်းပသည့် မလေးရှားနိုင်ငံတွင် ကျင်းပမည့် အာဆီယံကာကွယ်ရေး ဝန်ကြီးများ၏ ထိပ်သီးအစည်းအဝေးအတွက် မလေးရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးက ဖိတ်ကြားသည့် အခမ်းအနားအပြီးတွင် ကာကွယ်ရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောကြားခြင်း ဖြစ်သည်။
ဘ၀လက်တွဲဖော်ကို ရွေးကောက်ပွဲလုပ်ပြီးရွေးမယ့် ရွာသူလေး နန်းမြတ်
မိန်းကလေးတစ် ဦး၏ ဘ၀လက်တွဲဖော် ရွေး ချယ်မှုကို ရွေးကောက်ပွဲပုံစံဖြင့် ရိုက်ကူးပုံဖော်မည့် အီဖေကိုယ်တို့ ရွေးကောက်ပွဲဇာတ်ကားတွင် နန်းမြတ်ဖြိုးသင်းက အဓိကဇာတ် ဆောင်အနေဖြင့် ပါဝင်သရုပ် ဆောင်မည်ဖြစ်သည်။
မိခင်ကို ရွှေတိဂုံစေတီဖူးစေချင်တယ်ဆိုတဲ့ မြန်မာနိုင်ငံရောက် ထိုင်းမင်းသမီး
တီတီနှင့် ဒိုးနပ်ရုပ်ရှင် ရိုက်ကူးရန် မြန်မာနိုင်ငံသို့လာ သော ထိုင်းမင်းသမီး ချက်တာရီ ကာဆစ်တီပရွန်သည် ရွှေတိဂုံ စေတီသို့ ဖေဖော်ဝါရီ ၁၉ ရက်ည က သွားရောက်ဖူးမြော်ခဲ့ပြီး ၎င်း ၏မိခင်ကိုလည်း ရွှေတိဂုံစေတီ အား ဖူးမြော်စေချင်သည်ဟု ပြော ကြားခဲ့သည်။
‘‘မနေ့ည ၈ နာရီလောက်က ရွှေတိဂုံဘုရားသွားဖူးတော့ အ ရမ်းကြည်နူးတယ်လို့ပြောတယ်။ နောက်ပြီး သူ့အမေကိုလည်း ရွှေ တိဂုံဘုရားကိုဖူးစေချင်တယ်လို့ ပြောတယ်’’ဟု ထိုင်းမင်းသမီး၏ စကားပြန်အမျိုးသမီးက ပြော သည်။
ထိုင်းမင်းသမီးသည် တီတီ နှင့် ဒိုးနပ်ရုပ်ရှင်ဇာတ်ကားတွင် ပြေတီဦးနှင့်တွဲဖက်သရုပ်ဆောင် မည်ဖြစ်ပြီး ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံ၌ ဇာတ်ဝင်ခန်းအချို့ ရိုက်ကူးမည်ဖြစ်သည်။
အဆိုပါရုပ်ရှင်ကားသည် ၎င်း၏ပထမဆုံးရုပ်ရှင်ဇာတ်ကား ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေ ပြီး ပြေတီဦးသည် နာမည်ကြီး သရုပ်ဆောင်တစ်ဦးဖြစ်သော ကြောင့် ၎င်းကို ကူညီမည်ဟု ယုံ ကြည်ကြောင်း ထိုင်းမင်းသမီးက ပြောသည်။
ထိုင်းမင်းသမီးသည် အလှ မယ်ပြိုင်ပွဲများ ဝင်ပြိုင်ဖူးသကဲ့သို့ ပြီးခဲ့သည့်နှစ် Miss World Thai-land 2014 တွင်လည်း 2nd Runner Up ဆုရရှိခဲ့သည်။
‘‘ဒီရုပ်ရှင်ထဲမှာ ကာရိုက် တာနှစ်မျိုးနဲ့သရုပ်ဆောင်မယ်။ သရုပ်ဆောင်ရမယ့် ဇာတ်ရုပ် အတိအကျကိုတော့ မပြောချင် သေးဘူး။ အားလုံး Suprise ဖြစ် အောင် စောင့်ကြည့်စေချင်တယ်’’ ဟု ချက်တာရီကာဆစ်တီပရွန်က ပြောသည်။
အနုပညာကိုငယ်စဉ်က တည်းက ဝါသနာပါသကဲ့သို့ ရုပ် ရှင်လောကအတွင်း ဝင်ရောက် လို၍ အဆိုပါရုပ်ရှင်ကို လက်ခံ ရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။
ဇာတ်ဝင်ခန်းအချို့ကိုသာ မြန်မာနိုင်ငံတွင် ရိုက်ကူးမည် ဖြစ်ပြီး ရုပ်ရှင်တစ်ကားလုံးကိုမူ မတ်လအတွင်း၌ ထိုင်းနိုင်ငံတွင် ဆက်လက်ရိုက်ကူးသွားမည်ဖြစ် သည်။ အဆိုပါရုပ်ရှင်တွင် ပြေတီ ဦး၊ ချက်တာရီကာဆစ်တီပရွန်နှင့် အတူ ထိုင်းသရုပ်ဆောင်များပါ ဝင်ကာ ထိုင်းဒါရိုက်တာက ရိုက် ကူးမည်ဖြစ်သည်။ မြန်မာနိုင်ငံ ဘက်မှ ဧည့်သည်သရုပ်ဆောင် အနေဖြင့် ရွှေသမီးက ပါဝင်သရုပ် ဆောင်သွားမည်ဖြစ်သည်။
ချက်တာရီကာဆစ်တီပရွန် သည် ဖေဖော်ဝါရီ ၁၉ ရက်တွင်မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ဇာတ်ဝင်ခန်းအချို့ရိုက်ကူးပြီးသည်နှင့် ထိုင်းနိုင်ငံသို့ပြန်မည်ဟု မင်းသမီး ၏ စကားပြန်က ပြောသည်။
7Day Daily
Thursday, February 19, 2015
ညအိပ်ယာဝင်ခါနီး မစားသင့်တဲ့ အရာများ
ညအိပ်ယာဝင်ခါနီး အစာစားပါက အလေးချိန် တက်နိုင်ချေပိုများပြီး အစာအိမ်မှပြန်လာတဲ့ အက်ဆစ်ကြောင့် လည်မျိုနဲ့ အစာပြွန်တစ်ရှူးတွေကို အကြီးအကျယ် ပျက်စီးစေနိုင်ပါတယ်။ ဒါ့ကြောင့် ညမအိပ်ခင် အနည်းဆုံး ၃ နာရီလောက် ကြိုတင် စားထားသင့်ပါတယ်။
နိုင်ဂျာနိုင်ငံတွင် နာရေးတစ်ခုသို့ လေယာဉ်တစ်စီး လာရောက်တိုက်ခိုက်၊ လူ ၃၀ နီးပါးသေဆုံး
နိုင်ဂျီးရီးယား နိုင်ငံနယ်စပ် နိုင်ဂျာနိုင်ငံတွင်းရှိ ကျေးရွာတစ်ရွာတွင် အသုဘနာရေး တစ်ခု ပြုလုပ်နေစဉ် မည်သည့်အဖွဲ့ ကမှန်း မသိရသည့် လေယာဉ်တစ်စီး လာရောက်တိုက်ခိုက်ရာ လူပေါင်း ၃၀ နီးပါး သေဆုံးခဲ့သည်။

တိုက်ခိုက်မှုမှာ ဖေဖော်ဝါရီ ၁၈ ရက်အစောပိုင်းက ဖြစ်ပြိး မည်သည့်အဖွဲ့အစည်း၏ လေယာဉ်ဖြစ်မှန်း မသိရသေးကြောင်း ဌာနေ တာဝန်ရှိသူများနှင့် လူသားချင်း စာနာထောက်ထားရေး အသင်းအဖွဲ့များက ပြောသည်။
တိုက်ခိုက်မှုမှာ ဖေဖော်ဝါရီ ၁၈ ရက်အစောပိုင်းက ဖြစ်ပြိး မည်သည့်အဖွဲ့အစည်း၏ လေယာဉ်ဖြစ်မှန်း မသိရသေးကြောင်း ဌာနေ တာဝန်ရှိသူများနှင့် လူသားချင်း စာနာထောက်ထားရေး အသင်းအဖွဲ့များက ပြောသည်။
တောင်သမန်ရွှေအင်းက အလုံပိတ်တဲပိုင်ရှင်များကို တရားစွဲတော့မည်
2:02 AM
No comments
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းစောင်းမှာ စုံတွဲတွေ သွားရောက်နေတဲ့ အလုံပိတ် တဲပေါင်း ၁၈၀ ကျော်ကို ဖျက်သိမ်းဖို့ အကြောင်းကြားထားပေမယ့် မဖျက်သိမ်းတဲ့အတွက် တရားစွဲဆိုတော့မယ်လို့ စည်ပင်က ပြောပါတယ်။
Wednesday, February 18, 2015
ကမ္ဘာ့အမွေးအမျှင် အထူဆုံး မိန်းကလေး
Supatra Sasuphan ဟာ ကမ္ဘာမှာ အမွေးအမျှင်အထူဆုံး မိန်းကလေးအဖြစ် ကမ္ဘာ့မှတ်တမ်းစံချိန်ကို ရရှိထားသူဖြစ်ပါတယ်။ အသက် (၁၁) နှစ်သာရှိသေးတဲ့ ဒီကလေးမဟာ သူရဲ့ရုပ်ရည်အသွင်အပြင်ကြောင့် ဝံပုလွေမ သို့မဟုတ် မျောက်မျက်နှာနဲ့လူ လို့ အခေါ်ခံရပါတယ်။ သူမရဲ့ အတန်းဖော်အများစုကလည်း သူရဲ့ ပုံပန်းသဏ္ဍာန်ကြောင်း သူမကို စနောက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒါဟာ Ambras Symdrome လို့ခေါ်တဲ့ ကျန်းမာရေးအခြေအနေ တစ်ခုကြောင့် ဖြစ်တယ်ဆိုတာတော့ သူတို့ မသိခဲ့ကြပါဘူး။
အနမ်းခြွေခြင်းနဲ့ ပတ်သက်ပြီး သိကောင်းစရာ အချက်တချို့
တစ်ဦးနဲ့တစ်ဦး အနမ်းပေးခြင်းဖြင့် အတွင်းကျကျ ရင်းနှီးမှု၊ ရမ္မက်သွေးကြွစေခြင်းနဲ့ ပျော်ရွှင်မှုတွေ ရရှိနိုင်ပါတယ်။ နှစ်ဦးသားအတူမနေခင် အနမ်းခြွေတတ်လေ၊ နှစ်ဦးသားဆက်ဆံတဲ့အခါ ပိုကောင်းလေဖြစ်ပါတယ်။ အနမ်းခြွေခြင်းနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်ကလေးတွေ နည်းနည်းပြောပြပေးချင်ပါတယ်။
ကိုးကန့်သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများကို ကိုးကန့်ယဉ်ကျေးမှုအဖွဲ့က လုံးဝကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြား
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈-ကိုးကန့် သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုများကို ကိုးကန့်ယဉ်ကျေး မှုအဖွဲ့က လုံးဝကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်း လား ရှိုးမြို့ ကိုးကန့်ယဉ်ကျေးမှုအဖွဲ့ရုံးတွင် ပဋိပက္ခများနှင့်ပတ်သက်ပြီး ဆွေးနွေး ပွဲတွင် အထက်ပါ အတိုင်းပြောကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်ကြားရှင် နှင့် အချုပ်အခြာအာဏာ
ကိုးကန့်ဒေသ ဘာ့ကြောင့်၊ ဘယ်လို
ကိုးကန့်ဒေသ၏ ရာဇ၀င်ကို ပြန်လှန်ကြည့်လျှင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)၏ သံလွင် အရှေ့ခြမ်း သိမ်းပိုက်ရေး စစ်ရေးမဟာဗျူဟာနှင့် စတင်လာခဲ့ခြင်း ဖြစ်သည်။ ဖုန်ကြားရှင်နှင့် ၄င်း၏ ကိုး ကန့်ကာကွယ်ရေးတပ်သည် ဗကပ၏ စစ်ရေးရည်မှန်းချက်အရ ကနဦးအခြေပြုရာ အရေးကြီးသော ပေါင်းကူးခြေကုတ် တစ်ခု ဖြစ်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် မုန်းကိုးဒေသကို တိုက်ခိုက်ခဲ့ပြီး ၁၉၇၁ ခုနှစ် တွင် ကွမ်းလုံသိမ်းပိုက်ရေး တိုက်ပွဲများဆင်နွှဲခဲ့ကာ ကွမ်းလုံရက်လေးဆယ်တိုက်ပွဲ ဟု ထင်ရှားကျော်ကြား ခဲ့သည်။ ကွမ်းလုံကို အမိအရသိမ်းပိုက်နိုင်ခဲ့လျှင် သံလွင်အရှေ့ခြမ်းတစ်ခုလုံး ဗကပတို့၏လက်ဝယ်သို့ ကျရောက်သွားတော့မည့် အခြေအနေတွင် တပ်မတော်က ခုခံကာကွယ်နိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ဗကပတို့၏ ပြည်တွင်း-ပြည်ပ မြေပေါ်မြေအောက် နှစ်ဘက်ညှပ်ပိတ်သည့် မဟာဗျူဟာအရ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မိုင်းယန်းတိုက်ပွဲ ဟူ၍ ထင်ရှားကျော်ကြားခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် တပ်မတော်က အာဏာရယူပြီးနောက် ဖုန်ကြားရှင်၏တပ်ဖွဲ့သည် ဗကပလက်အောက်မှ ခွဲထွက်၍ ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်းခဲ့ပြီး ၁၉၈၉ ခုနှစ်၌ ငြိမ်းချမ်းရေး ရယူနိုင်ခဲ့သည်။ ယင်းနောက် ကိုးကန့်ဒေသကို ကိုးကန့် အထူး ဒေသ(၁) အဖြစ် သတ်မှတ်ခဲ့ပြီး ဖုန်ကြားရှင်၏ တပ်သည်လည်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် Myanmar National Democratic Alliance Army(MNDAA) ဟူ၍ ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
လူမိုက်တစ်သောင်း ကဲ့ရဲ့ရှောင်းလည်း လူကောင်းတစ်ယောက် ချီးမွမ်းပျောက်၏
သို့
ဆရာနေထွန်းနိုင်
ဆရာခင်ဗျား။
တပ်မတော်ရဲ့မဟာဗျူဟာပြောင်းလဲဖို့ဆိုရင်... ဆိုတဲ့ဆောင်းပါးမှာ ဆရာ့အရေးအသားနှင့်ဆရာ့ တွေးအားများသည် ဆွန်ဇုနှင့် ကလော့စ်ဝိတ်ခ်တို့နှစ်ယောက်ပေါင်းဝင်စားထားသလား အောက်မေ့ ရအောင်ပင် ရင်သပ်ရှုမော အံ့သြဖွယ်ကောင်းလှပါ သည်။ ကမ္ဘာကျော် စစ်ပါရဂူများ၊ စစ်ရေးသုတေသီ များတုန်လှုပ်ချောက်ချား လက်ဖျားခါရလောက် အောင် မြန်မာ့တပ်မတော်နှင့်ပတ်သက်၍ အပ်ကျ မတ်ကျ ထောက်ပြနိုင်သည်ကား ဆရာ့လိုပုဂ်္ဂိုလ် မျိုးမှတစ်ပါးအခြားမရှိပါပြီ။ ဆရာ့ဂုဏ်တော်များ ကို ချီးမွမ်းဟိမ၀န္တာဖွင့်ခန်း ဤတွင်နိဋ္ဌိတံ၍ ဆရာ့စာ များကို ဆက်ပါမည်။
ကွမ်းလုံ ရက် လေးဆယ် ကိစ္စ တပ် မ တော် သား အားလုံးကို မင်းမော်ကွန်း တောင်းပန်
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ် အဖြစ် ကပြခဲ့သော နှင်းဆီအငြိမ့်တွင် လူရွှင်တော်အဖြစ် ပါဝင်ကပြရင်း ကွမ်းလုံ ရက်လေးဆယ် တိုက်ပွဲအား ပြက်လုံးအတွင်း ထည့်သွင်း ပြက်မိခဲ့ခြင်းနှင့် ပတ်သက် ၍သရုပ်ဆောင် မင်းမော်ကွန်းက တပ်မတော်သားများ အပေါ် ယခုကဲ့သို့ ဖြေရှင်း တောင်းပန်ခဲ့ကြောင်း သိရသည်။
ဖုန်ကြားရှင်၏ အိတ်ဖွင့်ပေးစာအပေါ် နိုင်ငံတော်သမ္မတက လုံးဝအယုံအကြည်မရှိဟု သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
ကိုးကန့်ခေါင်းဆောင်ဖုန်ကြားရှင်က နိုင်ငံတော်သမ္မတထံ အိတ် ဖွင့်ပေးစာ ပေးခဲ့မှုအပေါ်တွင် နိုင်ငံတော်သမ္မတအနေဖြင့် အယုံအကြည် မရှိကြောင်း သမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားလိုက်သည်။
လောက်ကိုင်တိုက်ပွဲတွင် တရုတ်ကြေးစားတပ်များ ပါ/မပါ သိအောင်လုပ်ဖို့လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
လောက်ကိုင်ဒေသ ပြန်လည်ထူထောင်ရေး ကိုးကန့်အမတ်တို့ ဖောင်ဒေးရှင်းထောင်မည်
ရက်သတ္တပတ်ကျော် ကြာမြင့်လာပြီး နှစ်ဘက်အကျအဆုံး များစွာရှိနေသဖြင့် ရက်ပေါင်းကိုးဆယ် စစ်အုပ်ချုပ်ရေး နယ်မြေအဖြစ် ဖေဖော်ဝါရီ ၁၇ ရက်က သတ်မှတ်လိုက်ရသော လောက်ကိုင်တိုက်ပွဲတွင် ကိုးကန့် အဖွဲ့ဘက်မှ တရုတ် ကြေးစားတပ်များ ပါဝင်မှု ရှိ/မရှိ သိအောင်လုပ်ဖို့ လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ကမ္ဘာ့အလှဆုံးအလှမယ် ၁၂ဦးစာရင်း ၀င်နေတဲ့ ဟန်သီနဲ့ အိန်ဂျယ်လမုံ
ကမ္ဘာ့အလှအပဆိုင်ရာ ၀က်ဘ်ဆိုက်Beauties Concept က ရွေးချယ်လိုက်သည့် ၂၀၁၄အ တွက် ကမ္ဘာ့အလှမယ်ပြိုင်ပွဲများမှ အလှဆုံး၁၂ဦးကို ထပ်မံရွေးချယ် ခဲ့ရာ မြန်မာနိုင်ငံမှ အလှမယ်နှစ် ဦးဆက်လက်ပါဝင်နေကြောင်း သတင်းရရှိသည်။
စစ်အုပ်ချုပ်ရေး ပထမနေ့တွင် တိုက်ပွဲများ ထပ်မံဖြစ်ပွား၊ ဗိုလ်ကြီးတစ်ဦး ကျဆုံး
တိုက်ပွဲကာလအတွင်း တပ်မတော်သား ၅၀ ဦး ကျဆုံး၊ ၁၀၀ ဦး ဒဏ်ရာရရှိကာ အရပ်သားများလည်း သေဆုံးဒဏ်ရာရမှုရှိ

ကိုးကန့်ဒေသတွင် စစ်အုပ်ချုပ်ရေး ကြေညာပြီး နောက်တစ်နေ့၌ ချင်းရွှေဟော် မြို့အနီးတွင် စစ်ယာဉ်တန်းတိုက် ခိုက်ခံရကာ တပ်မတော်မှ ဗိုလ် ကြီးတစ်ဦးကျဆုံးပြီး အခြားအ ဆင့်သုံးဦး ဒဏ်ရာရရှိခဲ့သည်။
ထို့ကြောင့် ဖေဖော်ဝါရီ ၁၅ ရက်နောက်ပိုင်း တပ်မတော် သားသုံးဦး ထပ်မံကျဆုံးသွားခြင်း ဖြစ်ပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့သည်။
စစ်အုပ်ချုပ်ရေးကြေညာထားသော ကိုးကန့်ဒေသတွင် ဒုက္ခသည်များတင်ဆောင်လာသည့် ယာဉ်တစ်စီးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားများကို ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
ထို့ကြောင့် ဖေဖော်ဝါရီ ၁၅ ရက်နောက်ပိုင်း တပ်မတော် သားသုံးဦး ထပ်မံကျဆုံးသွားခြင်း ဖြစ်ပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့သည်။
လောက်ကိုင်တိုက်ပွဲဝင် ရဲဘော်မိသားစုများနှင့် စစ်ရှောင်ဒုက္ခသည်များထံ အနုပညာရှင်များ သွားရောက်လှူဒါန်းမည်
စစ်ရှောင်ဒုက္ခသည်များ ကယ်ဆယ်ရေးယာဉ်ကိုတွေ့ရှိပြီးနောက် ပျော်ရွှင်စွာ ပြေးလာကြစဉ်(ဓာတ်ပုံ − စိုးဇေယျာထွန်း/ရိုက်တာ)
Subscribe to:
Posts (Atom)



















