Wednesday, February 18, 2015

လောက်ကိုင်တိုက်ပွဲဝင် ရဲဘော်မိသားစုများနှင့် စစ်ရှောင်ဒုက္ခသည်များထံ အနုပညာရှင်များ သွားရောက်လှူဒါန်းမည်


စစ်ရှောင်ဒုက္ခသည်များ ကယ်ဆယ်ရေးယာဉ်ကိုတွေ့ရှိပြီးနောက် ပျော်ရွှင်စွာ ပြေးလာကြစဉ်(ဓာတ်ပုံ − စိုးဇေယျာထွန်း/ရိုက်တာ)

လောက်ကိုင်ဒေသ၌ အသက်စွန့်တိုက်ပွဲဝင်ခဲ့သော ရဲဘော်များ၏ မိသားစုများနှင့် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ကောက်ခံရရှိသော အလှူငွေများကို ဖေဖော်ဝါရီ ၂၁ ရက်တွင် သွားရောက်လှူဒါန်းမည်ဟုရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးကပြောသည်။‘‘ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြင်ဦးလွင် တပ်မတော်စစ်ဆေးရုံမှာ သွားရောက်လှူဒါန်းမှာပါ’’ဟု ဦးအေးကြူလေးက ပြောသည်။

ယင်းကိစ္စအတွက် အလှူငွေ ကောက်ခံခြင်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကကြီးမှူးပြုလုပ်ခဲ့ပြီးလက်ရှိအချိန်ထိ အနုပညာလောကသားများ၏ လှူဒါန်းငွေကျပ်သိန်း ၇၀ ခန့်ရရှိထားသည်ဟုဆိုသည်။

‘‘သွားလှူမယ့်အချိန်ထိ အလှူငွေထည့်လို့ရပါတယ်။ ရုပ် ရှင်အစည်းအရုံးအနေနဲ့လည်း အလှူငွေထည့်ဝင်သွားဦးမှာပါ’’ ဟု ၎င်းက ပြောသည်။

အနုပညာရှင်များအနေဖြင့် လောက်ကိုင်မြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကျဆုံးသွားသော တပ်မတော်သားများ နှင့်တိုက်ပွဲဝင်စစ်သားများ အတွက် အလှူငွေများလှူဒါန်းသကဲ့သို့ အားပေးစာများရေးသား ကာ လေကြောင်းမှတစ်ဆင့် ပေးပို့ခဲ့သည်။

7Day Daily

0 comments:

Post a Comment