Friday, February 20, 2015

ဘ၀လက်တွဲဖော်ကို ရွေးကောက်ပွဲလုပ်ပြီးရွေးမယ့် ရွာသူလေး နန်းမြတ်



မိန်းကလေးတစ် ဦး၏ ဘ၀လက်တွဲဖော် ရွေး ချယ်မှုကို ရွေးကောက်ပွဲပုံစံဖြင့် ရိုက်ကူးပုံဖော်မည့် အီဖေကိုယ်တို့ ရွေးကောက်ပွဲဇာတ်ကားတွင် နန်းမြတ်ဖြိုးသင်းက အဓိကဇာတ် ဆောင်အနေဖြင့် ပါဝင်သရုပ် ဆောင်မည်ဖြစ်သည်။‘‘ချိုအီဆိုတဲ့ ရွာသူလေး တစ်ယောက်နေရာကနေ သရုပ် ဆောင်မှာပါ။ ချိုအီ့ကာရိုက်တာ က ဒီဇာတ်လမ်းကြီးတစ်ခုလုံးကို စတင်တာဆိုတော့ တာဝန်လည်း ကြီးပါတယ်’’ဟု နန်းမြတ်ဖြိုးသင်း ကပြောသည်။

ရွာသူလေး ချိုအီကို ကြိုက် သည့် ကာလသားများက ရွေး ကောက်ပွဲလုပ်ကာ ဘ၀လက်တွဲ ဖော်ရွေးချယ်သည့် ဇာတ်လမ်း ဖြစ်သည်။

အီဖေကိုယ်တို့ ရွေးကောက် ပွဲဇာတ်ကားတွင် နန်းမြတ်ဖြိုး သင်းနှင့်အတူ ခန့်စည်သူ၊ ဇေရဲ ထက်၊ ထွန်းထွန်း၊ ညီထွဋ်ခေါင် တို့ ပါဝင်မည်ဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင် ပြည်သူလူထုအ နေဖြင့် ခေါင်းဆောင်ကောင်းကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ရန် ရည်ရွယ် ရိုက်ကူးခြင်းဖြစ်သည်ဟု ယင်းရုပ်ရှင်ဒါရိုက်တာ ညီညီထွန်းလွင်ကပြောသည်။

7Day Daily

0 comments:

Post a Comment