Friday, February 20, 2015

မိခင်ကို ရွှေတိဂုံစေတီဖူးစေချင်တယ်ဆိုတဲ့ မြန်မာနိုင်ငံရောက် ထိုင်းမင်းသမီး


 

 တီတီနှင့် ဒိုးနပ်ရုပ်ရှင် ရိုက်ကူးရန် မြန်မာနိုင်ငံသို့လာ သော ထိုင်းမင်းသမီး ချက်တာရီ ကာဆစ်တီပရွန်သည် ရွှေတိဂုံ စေတီသို့ ဖေဖော်ဝါရီ ၁၉ ရက်ည က သွားရောက်ဖူးမြော်ခဲ့ပြီး ၎င်း ၏မိခင်ကိုလည်း ရွှေတိဂုံစေတီ အား ဖူးမြော်စေချင်သည်ဟု ပြော ကြားခဲ့သည်။

‘‘မနေ့ည ၈ နာရီလောက်က ရွှေတိဂုံဘုရားသွားဖူးတော့ အ ရမ်းကြည်နူးတယ်လို့ပြောတယ်။ နောက်ပြီး သူ့အမေကိုလည်း ရွှေ တိဂုံဘုရားကိုဖူးစေချင်တယ်လို့ ပြောတယ်’’ဟု ထိုင်းမင်းသမီး၏ စကားပြန်အမျိုးသမီးက ပြော သည်။

ထိုင်းမင်းသမီးသည် တီတီ နှင့် ဒိုးနပ်ရုပ်ရှင်ဇာတ်ကားတွင် ပြေတီဦးနှင့်တွဲဖက်သရုပ်ဆောင် မည်ဖြစ်ပြီး ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံ၌ ဇာတ်ဝင်ခန်းအချို့ ရိုက်ကူးမည်ဖြစ်သည်။

အဆိုပါရုပ်ရှင်ကားသည် ၎င်း၏ပထမဆုံးရုပ်ရှင်ဇာတ်ကား ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေ ပြီး ပြေတီဦးသည် နာမည်ကြီး သရုပ်ဆောင်တစ်ဦးဖြစ်သော ကြောင့် ၎င်းကို ကူညီမည်ဟု ယုံ ကြည်ကြောင်း ထိုင်းမင်းသမီးက ပြောသည်။

ထိုင်းမင်းသမီးသည် အလှ မယ်ပြိုင်ပွဲများ ဝင်ပြိုင်ဖူးသကဲ့သို့ ပြီးခဲ့သည့်နှစ် Miss World Thai-land 2014 တွင်လည်း 2nd Runner Up ဆုရရှိခဲ့သည်။

‘‘ဒီရုပ်ရှင်ထဲမှာ ကာရိုက် တာနှစ်မျိုးနဲ့သရုပ်ဆောင်မယ်။ သရုပ်ဆောင်ရမယ့် ဇာတ်ရုပ် အတိအကျကိုတော့ မပြောချင် သေးဘူး။ အားလုံး Suprise ဖြစ် အောင် စောင့်ကြည့်စေချင်တယ်’’ ဟု ချက်တာရီကာဆစ်တီပရွန်က ပြောသည်။

အနုပညာကိုငယ်စဉ်က တည်းက ဝါသနာပါသကဲ့သို့ ရုပ် ရှင်လောကအတွင်း ဝင်ရောက် လို၍ အဆိုပါရုပ်ရှင်ကို လက်ခံ ရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။

ဇာတ်ဝင်ခန်းအချို့ကိုသာ မြန်မာနိုင်ငံတွင် ရိုက်ကူးမည် ဖြစ်ပြီး ရုပ်ရှင်တစ်ကားလုံးကိုမူ မတ်လအတွင်း၌ ထိုင်းနိုင်ငံတွင် ဆက်လက်ရိုက်ကူးသွားမည်ဖြစ် သည်။ အဆိုပါရုပ်ရှင်တွင် ပြေတီ ဦး၊ ချက်တာရီကာဆစ်တီပရွန်နှင့် အတူ ထိုင်းသရုပ်ဆောင်များပါ ဝင်ကာ ထိုင်းဒါရိုက်တာက ရိုက် ကူးမည်ဖြစ်သည်။ မြန်မာနိုင်ငံ ဘက်မှ ဧည့်သည်သရုပ်ဆောင် အနေဖြင့် ရွှေသမီးက ပါဝင်သရုပ် ဆောင်သွားမည်ဖြစ်သည်။

ချက်တာရီကာဆစ်တီပရွန် သည် ဖေဖော်ဝါရီ ၁၉ ရက်တွင်မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ဇာတ်ဝင်ခန်းအချို့ရိုက်ကူးပြီးသည်နှင့် ထိုင်းနိုင်ငံသို့ပြန်မည်ဟု မင်းသမီး ၏ စကားပြန်က ပြောသည်။

7Day Daily

0 comments:

Post a Comment