Wednesday, February 18, 2015

ကိုးကန့်သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများကို ကိုးကန့်ယဉ်ကျေးမှုအဖွဲ့က လုံးဝကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြား


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈-ကိုးကန့် သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုများကို ကိုးကန့်ယဉ်ကျေး မှုအဖွဲ့က လုံးဝကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်း လား ရှိုးမြို့ ကိုးကန့်ယဉ်ကျေးမှုအဖွဲ့ရုံးတွင် ပဋိပက္ခများနှင့်ပတ်သက်ပြီး ဆွေးနွေး ပွဲတွင် အထက်ပါ အတိုင်းပြောကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယင်းနှင့်ပတ်သက်ပြီး ကိုးကန့် ယဉ်ကျေးမှုအဖွဲ့၏နာယကဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဟော်ရှောက်ချန်းက ''ဒီနေ့အဓိ ကလုပ်တာကတော့ အကြမ်းဖက်မှု များကို လုံးဝရှုတ် ချပြီး အစိုးရရဲ့ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေမှု တွေကိုထောက်ခံပါတယ်'' ဟု ယင်း ဆွေးနွေးပွဲတွင် ပြောကြားသည်။

ယခုအခါ မြန်မာအစိုးရတပ် နှင့် ကိုးကန့်တပ်ဖွဲ့များအကြား တိုက် ပွဲများဖြစ်ပေါ်နေမှုကြောင့် နိုင်ငံ တော်မှ အရေးပေါ်အခြေအနေ ကြေ ညာထားသည့် ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတွင် နယ် မြေမတည် ငြိမ် မအေးချမ်းမှုကြောင့် ဒေသခံအ ချို့သည် တရုတ်နိုင်ငံဘက် သို့ဝင် ရောက်ကာ စစ်ဘေးတိမ်းရှောင်နေ ကြောင်း သိရသည်။

''ကိုးကန့်ဒေသမှာ ကိုးကန့်လူ မျိုး တစ်သိန်းကျော်ရှိတယ်။ အခု တိုက်ပွဲတွေကြောင့် ဟိုဘက်တရုတ် ပြည်ဘက်ခြမ်းကို ထွက်သွားတာ မနည်းဘူး။ အောက်ပြည် ကလာတဲ့ အလုပ်သမားတွေလဲ အောက်ပြည် ကို ပြန်ပြေးကုန်ပါပြီ''ဟု ကိုးကန့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေး အဖွဲ့ဝင် ကွမ်းလုံမဲဆန္ဒနယ်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦး ဟော်ရှောက်ချန်းက ဒီမိုကရေစီ တူ ဒေး သို့ ပြောသည်။

အရေးပေါ်အခြေအနေ ကြေညာထားသည့် ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတွင် မူလအခြေအ နေသို့ အမြန်ပြန်လည်ရောက်ရှိစေ ရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်း ပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၂၊ ပုဒ်မခွဲ (ခ)အရ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထား ပြီး ယင်းဒေသနှင့်သက်ဆိုင်သည့်အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များ နှင့် တာဝန်များကိုလည်းကောင်း၊ ရပ် ရွာအေး ချမ်းသာယာရေး၊ တရားဥပ ဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် တ ရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်တာ ဝန်များကိုလည်းကောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား အပ်နှင်း လိုက် ကြောင်း နိုင်ငံတော်သမ္မတ က ဖေဖော်ဝါရီ ၁ရရက်တွင် အမိန့် ထုတ်ပြန်ခဲ့သည်။ ယင်း သို့ ထုတ်ပြန်ခြင်းသည် ကောင်းမွန်သောလုပ်ရပ်ဟု ကိုးကန့် လူမျိုး ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဟော်ရှောက်ချန်းက ဆိုသည်။

''စစ်အုပ်ချုပ်ရေးလုပ်လိုက် တာကောင်းတယ်။ ဒီလိုမျိုးလုပ်လိုက် တဲ့အတွက် ဒေသတွင်းမှာ ကောင်း တဲ့သူနဲ့၊ မကောင်းတဲ့သူ ခွဲလို့ရသွား တာပေါ့။ ဒီလိုမဟုတ်ရင် တော်တော် နဲ့ငြိမ်းမှာမဟု တ်ဘူး ။ တပ်မတော်က တော့ ဒေသအေးချမ်းအောင် ကိုင် တွယ်နိုင်တဲ့အခြေအနေရှိတယ်''ဟု ပြောသည်။

တရုတ်ပြည်ဘက်သို့ဝင်ရောက် လာသည့် ကိုးကန့်လူမျိုးများကို တရုတ်နိုင်ငံဘက်မှ စောင့်ရှောက် ထားကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြော ကြားသည်။ ကိုးကန့်ဒေသ သို့ သွားရောက် အလုပ်လုပ်ကိုင်နေသူများမှာလည်း ယနေ့အချိန်ထိ ကိုးကန့်ဒေသမှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ကိုးကန့်ယဉ်ကျေးမှုအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဦးယန်ကျင်ကန်က ''အဲဒီအထဲမှာရှိနေတဲ့ ပြည်သူတွေ က အပြစ်မဲ့ပါတယ်။ ဒေသမှာ စစ် မဖြစ်စေချင်ပါဘူး။ အေးအေးချမ်း ချမ်း ဖြစ်စေချင်ပါ တယ်။ အခု စစ် အုပ်ချုပ်ရေးလုပ်တာကိုလဲထောက် ခံပါတယ်။ ကျွန်တော်တို့ကတော့ တည်ငြိမ်မှုကိုပဲ လိုလားတယ်။ တပ် မတော်အနေနဲ့လဲ ကိုးကန့်ဒေသကို အေးချမ်းအောင် ကာကွယ်ပေးပါလို့ ပြောချင် ပါတယ်''ဟု ပြောသည်။

ကိုးကန့်သောင်းကျန်သူအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများကို ကိုးကန့်ယဉ်ကျေးမှုအဖွဲ့က ကန့်ကွက်နေစဉ်။ ဓာတ်ပုံ- ရည်မွန်

အောင်အောင်၊ ရည်မွန်
Democracytoday

0 comments:

Post a Comment