
 
ရိုက်ကူးထားသည့် ဇာတ်ကားအ ရေအတွက်များလာသောကြောင့်ဇာတ်လမ်းရှားလာသော်လည်း ပရိသတ်နှင့် အဆက်မပြတ်စေရန် ဇာတ်လမ်းများကို စိစစ်ရွေးချယ် ၍ ရိုက်ကူးမည်ဖြစ်ကြောင်း ၀တ်မှုံ ရွှေရည်ကပြောသည်။‘‘လာပြောသမျှ   အလုပ် ဆယ်ခုဆို အကုန်လုံးရိုက်လိုက် တာထက်   ဆယ်ခုမှာ   သုံးခု လောက်သေသေချာချာရိုက် လိုက်တာက ကိုယ့်အတွက်ရော ပရိသတ်အတွက်ရောအကျိုးရှိ မယ်ထင်တယ်’’ဟု ၎င်းကဇာတ် ကားရွေးချယ်ရိုက်ကူးမှုများနှင့် ပတ်သက်၍ပြောပြသည်။
ယခုနှစ်အတွင်း ကမ်းလှမ်း ထားသည့် ရုပ်ရှင်ခြောက်ကားခန့် ရှိပြီး ဇာတ်လမ်းနှင့် သရုပ်ဆောင် ရမည့် ဇာတ်ရုပ်အပေါ်မူတည်၍ ရွေးချယ်ရိုက်ကူးသွားမည်ဟု၎င်း ကဆိုသည်။
‘‘ဗီဒီယိုလည်း သိပ်မရိုက်ဖြစ် ဘူး။ ဖေဖော်ဝါရီထဲမှာဆို ကား ရိုက်လက်ကျန်တွေဖြတ်ပေး တယ်။ ကြော်ငြာလေးတွေ ရိုက် ဖြစ်တယ်။ နောက်လမှ ဗီဒီယိုတွေ ရိုက်ဖို့ရှိတယ်။ လေးလပိုင်းထဲမှာ တော့ ကားကြီးရိုက်ဖြစ်မယ်ထင် တယ်’’ဟု ၀တ်မှုံရွှေရည်ကပြော သည်။   မကြာမီရုံတင်ပြသမည့် ခရိုနီတစ်ဦး၏  သမီးအဖြစ် သ ရုပ်ဆောင်ထားသော ‘လူကြီးမင်း ခင်ဗျား’ရုပ်ရှင်ဇာတ်ကားသည် ပုံမှန်ရိုက်ကူးနေကျ ဇာတ်လမ်းပုံ စံမဟုတ်သောကြောင့် ပရိသတ် များအတွက်အသစ်တစ်ခုဖြစ် မည်ဟုထင်ကြောင်း ၎င်းကဆို သည်။
‘‘ဒီရုပ်ရှင်မှာဖက်ရှင်ကို တ ခြားကားတွေနဲ့မတူအောင်နည်း နည်းပြောင်းထားတယ်။ ပြင်ဦး လွင်မှာ ရိုက်တာဆိုတော့ ခုခေတ် စားနေတဲ့ ခြုံထည်လေးတွေကို စတိုင်တစ်ခုအနေနဲ့   ၀တ်ထား တယ်’’ဟု ၎င်းကပြောသည်။
7Day Daily
 
 
 
 
          
      
 
  
 
 
 
0 comments:
Post a Comment