Wednesday, February 18, 2015

ကမ္ဘာ့အမွေးအမျှင် အထူဆုံး မိန်းကလေး



Supatra Sasuphan ဟာ ကမ္ဘာမှာ အမွေးအမျှင်အထူဆုံး မိန်းကလေးအဖြစ် ကမ္ဘာ့မှတ်တမ်းစံချိန်ကို ရရှိထားသူဖြစ်ပါတယ်။ အသက် (၁၁) နှစ်သာရှိသေးတဲ့ ဒီကလေးမဟာ သူရဲ့ရုပ်ရည်အသွင်အပြင်ကြောင့် ဝံပုလွေမ သို့မဟုတ် မျောက်မျက်နှာနဲ့လူ လို့ အခေါ်ခံရပါတယ်။ သူမရဲ့ အတန်းဖော်အများစုကလည်း သူရဲ့ ပုံပန်းသဏ္ဍာန်ကြောင်း သူမကို စနောက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒါဟာ Ambras Symdrome လို့ခေါ်တဲ့ ကျန်းမာရေးအခြေအနေ တစ်ခုကြောင့် ဖြစ်တယ်ဆိုတာတော့ သူတို့ မသိခဲ့ကြပါဘူး။အင်မတန်ရှားပါးတဲ့ ဒီရောဂါခံစားသူ အယောက် ၅၀ သာရှိကြောင်း မှတ်တမ်းတင်ထားတာရှိပါတယ်။ ဒီရောဂါလက္ခဏာဖြစ်ပွားခြင်းအကြောင်းအရင်းမှာ ခရိုမိုဆုမ်း ချို့ယွင်းမှုကြောင့် ဖြစ်ပါတယ်။ Supatra ရဲ့ မျက်နှာ၊ နားရွက်၊ လက်မောင်း၊ ခြေထောက်နဲ့ နောက်ကျောတွေမှာ ထူထပ်တဲ့ အမွေးတွေ ပေါက်နေပါတယ်။ Ambras ကြောင့် သူမကို သမန်းဝံပုလွေလို ရုပ်ပေါက်စေခဲ့တယ်။ ရောဂါအခြေအနေကို ကောင်းစွာသဘော မပေါက်ကြတာကြောင့် အတန်းဖော်တွေရဲ့ စနောက်၊ အနိုင်ကျင့်တာတွေ Supatra ခံခဲ့ရပါတယ်။

ဒါပေမယ့် ကမ္ဘာ့မှတ်တမ်းစံချိန်တစ်ခု ချီးမြင့်ခံရမှုကြောင့် သူမရဲ့ အတန်းဖော်တွေက သူမကြောင့် အခုတော့ စိတ်ကသိကအောက် သိပ်မဖြစ်ကြတော့ပါဘူး။ အဲဒီလို အခြေအနေကြုံနေရသည့်တိုင်အောင် သာမန်ဘဝတစ်ခုကို သူမ နေထိုင်ရှင်သန်နိုင်ခဲ့ပါတယ်။ ကျောင်းမှာ ပူးပေါင်းပါဝင်မှုလုပ်ခြင်း၊ အပြင်က လှုပ်ရှားမှုတွေမှာ ပါဝင်ခြင်း စတာတွေကို သူမလုပ်ဆောင်ခဲ့ပါတယ်။ Supatra ဟာ အပြင်ပန်းကို ကြည့်ပြီး ဆုံးဖြတ်ချက်ချရမယ့် သူတစ်ဦး မဟုတ်ပါဘူး။ မျက်စိနဲ့ မမြင်ရတဲ့ အရာများစွာ သူမမှာ ရှိပါတယ်။ တစ်နေ့နေ့ကျရင်တော့ Supatra လိုလူတွေကို လူမှုအသိုင်းအဝိုင်းမှ လက်ခံ လာနိုင်ကြလိမ့်မယ်ဆိုတာ အသေအချာပါပဲ။

Ref: herbeat

Trend Myanmar

0 comments:

Post a Comment