Sunday, January 24, 2016

10 Most Powerful Militaries in The World

10. Brazil.


Power Index: 0.6912
Defense Budget: $31,576,000,000
Active Military Personnel: 371,199
Labor Force: 104,700,000
Total Aircraft: 822
Total Naval Strength: 106

လူပြောများနေတဲ့ ဒီချုပ်သမ္မတလောင်းများ


ဖေဖော်ဝါရီလမှာ စတင်မည့် ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးများ ဖြစ်ပေါ်လာသည်နှင့် အ ဖြူအမည်း သဲသဲကွဲကွဲ မြင်တွေ့ရမည်ကို သိရှိထားပြီး ဖြစ်ကြသော်လည်း အမျိုးသားဒီမိုကရေအဖွဲ့ချုပ်၏ အစိုး ရအဖွဲ့နှင့် လွှတ်တော်အရပ်ရပ်တို့ကို ဘယ်သူတွေက ဦးဆောင်လိမ့်မည်ဆိုသော ထင်ကြေးများ၊ မှန်းဆချက် များသည် လွှတ်တော်တစ်ခုနှင့်တစ်ခု အကူးအပြောင်း ကာလနီးကပ်လာလေလေ ဟိုနားတစ်မျိုး၊ ဒီနားတစ်သံ နှင့် ကျွတ်ကျွတ်ညံလို့ နေပါသည်။
ရွေးကောက်ပွဲအမတ်နေရာ အားလုံး၏ ၇၇ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် သူတို့ စီမံကွပ်ကဲ အုပ်ချုပ်ရမည့် ငါးနှစ်တာ သက်တမ်း အတွင်း လုပ်ဆောင်သွားမည့် အစိုးရအဖွဲ့ မူဝါဒနှင့် သဘောထားများကို စောင့်ကြည့်အဖြေရှာ၊ မေးခွန်းထုတ်ကြရမည့်အစား နိုင်ငံတော်သမ္မတက မည်သူဖြစ်မည်၊ ဒုသမ္မတက မည်သူဖြစ်နိုင်သည်၊

Wednesday, January 20, 2016

ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ခဲ့သူတစ်ဦးကို ဖမ်းဆီး

ရဲတပ်ဖွဲ့ဝင်များခေါ်ဆောင်လာသော ဦးညီညီလွင်ကို ၎င်း၏ဇနီးက တွေ့ဆုံအားပေးနေစဉ်(ဓာတ်ပုံ−မောင်တာ)

၂၀၀၇ ရွှေဝါရောင်သံ ဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဦးညီညီလွင်( ရဟန်းဝတ်ခဲ့စဉ် ဘွဲ့တော်ဦးဂမ္ဘီရ) အား တရားမ၀င်နယ်စပ်ဖြတ်ကျော်မှုဖြင့်မန္တလေးမြို့၌ ဖမ်းဆီးအမှုဖွင့်ခဲ့ပြီး ဇန်န၀ါရီ ၂၀ရက်က မဟာအောင်မြေမြို့နယ် တရားရုံးတွင် ရုံးထုတ်ရမန်ယူခဲ့သည်။

ကျောင်းသားသပိတ် တစ်နှစ်ပြည့်အထိမ်းအမှတ် မန္တလေးတွင် စီတန်းလှည့်လည်

မန္တလေးမြို့တွင်း၌ ကျောင်းသားများ စီတန်းလှည့်လည်နေကြစဉ် ဓာတ်ပုံ-ချမ်းဇော်အောင်

အမျိုးသားပညာရေးဥပ ဒေပြင်ဆင်ရေးကျောင်းသားသ ပိတ်စစ်ကြောင်း မန္တလေးအိမ် တော်ရာဘုရားမှ ရန်ကုန်မြို့သို့စတင်ချီတက်ခဲ့ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၂၀ရက်က အထက်ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသမဂ္ဂက ကျောင်းသားအင်အား ၈၀ ခန့်ဖြင့် မန္တလေးမြို့တွင် လှည့်လည်ခဲ့ကြကြောင်း သတင်းရရှိသည်။

နာဂနှစ်သစ်ကူးပွဲတော်မှာ ဖျော်ဖြေခဲ့တဲ့ နာဂတိုင်းရင်းသူလေး မာရီကိုးလ်


ယခုနှစ် နာဂနှစ်သစ်ကူး ပွဲတော်သို့ တိုင်းရင်းသူတစ်ဦးအ နေဖြင့်ရော အနုပညာရှင်တစ်ဦး အနေဖြင့် သွားရောက်ဖျော်ဖြေ သည့် ခရီးစဉ်အတွင်း မကြာမီ ဖြန့်ချိမည့် ၎င်း၏ တစ်ကိုယ်တော် မီနီအယ်လ်ဘမ်အတွက် တစ်ပါ တည်းရိုက်ကူးဖြစ်ခဲ့သည်ဟု နာဂတိုင်းရင်းသူ သရုပ်ဆောင် မာရီ ကိုးလ်က ပြောသည်။

ရည်းစားဟောင်းရဲ့ စေ့စပ်လက်စွပ်ကို ပြန်လည်ဝတ်ဆင်ထားတဲ့ မိုင်လေဆိုင်းရပ်စ်


မင်းသားလီ ယန်ဟမ်းစ်ဝတ်ထံမှ ၂၀၁၂ က လက်ခံရရှိခဲ့သည့် စေ့စပ်လက်စွပ် ကို အဆိုတော် မိုင်လေဆိုင်းရပ်စ် ပြန်လည်ဝတ်ဆင်ထားသဖြင့် လူ အများက သတိထားမိကြသည်။
Hunger Games ရုပ်ရှင် ဇာတ်ကား ကြယ်ပွင့် ဟမ်းစ်ဝတ် နှင့် ဩစတြေးလျနိုင်ငံတွင် ပြန်ပေါင်းထုတ်ပြီးနောက် မိုင်လေဆိုင်းရပ်စ်က စေ့စပ်လက်စွပ် ဝတ်ဆင်ပြီး ဆယ်လ်ဖီဓာတ်ပုံရိုက်ကာ Instagram ဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။

Tuesday, January 19, 2016

ရုပ်ရှင် အကြိုခံစားခြင်း- talvar


ဒီနေ့အတွက်တော့ မကြာသေးခင်ကမှ ထွက်ထားတဲ့ အိန္ဒိယဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသား၊ မင်းသမီးအချောအလှတွေမပါဘဲ ဖန်တီးထားတဲ့ ဇာတ်ကားကောင်းတွေကြိုက်တဲ့ ပရိသတ်တွေ မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားက အိန္ဒိယမှာဖြစ်သွားတဲ့ လူသတ်မှုတစ်ခုကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။

“ပြောင်းဖူးတွေနဲ့ ပစ်တာတွေ၊ ခဲနဲ့ပစ်တာတွေ…” – ဇွန်သဉ္ဇာ


ဇန်န၀ါရီ ၁၅ ရက်မှာ ကျရောက်တဲ့ ၆၄ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို လွိုင်ကော်မှာ ကျင်းပခဲ့ရာမှာ နာမည်ကြီး အဆိုတော်တွေလည်း သွားရောက် ဖျော်ဖြေခဲ့ပါတယ်။ ဒီပွဲမှာ သွားရောက် ဖျော်ဖြေခဲ့တဲ့ မော်ဒယ် ဇွန်သဉ္ဇာကို ဒေသခံ ပရိသတ်တွေက ပြောင်းဖူးရိုးတွေ၊ ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဘာကြောင့် ဒီလိုပစ်ပေါက်ခဲ့တာလဲ။ ဒီလိုပစ်ပေါက်တဲ့အပေါ် ဇွန်သဉ္ဇာရဲ့ သဘောထားက ဘယ်လိုရှိနေသလဲဆိုတဲ့အပေါ် ဇွန်သဉ္ဇာကို ဒီဗွီဘီက မေးမြန်းထားပါတယ်။

Thursday, January 14, 2016

ဘုရားဂေါပကတွေကို စာရင်းစစ်ပေးပါ

ကျိုက်ထီးရိုးသာမက တန်ခိုးကြီးဘုရားဂေါပကများကို ငွေစာရင်းရှင်းရန် လိုပြီ (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)

ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်တွင် ချမ်းချမ်းစီးစီးနှင့် စောင်ခြုံအိပ်နေရသော အနယ်နယ် အရပ်ရပ်က ဘုရားဖူးပြည်သူများ၏ ဓာတ်ပုံများကို မြင်လိုက်ရသည့်အခါ တောက်တချက် ပြင်းပြင်းခေါက်မိသည်။ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်သော မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ကျိုက်ထီးရိုး စေတီ တော်ကြီး၏ အရိပ်အောက်ဝယ် ဘုရားဖူးများ ယခုလို ဆင်းရဲပင်ပန်းစွာ အိပ်စက်နေရသည်မှာ တွေးကြည့်တိုင်း၊ တွေး ကြည့်လေတိုင်း ရင်နာစရာကောင်းပါသည်။

ဂီတလောကနဲ့ ခဏဝေးကွာသွားတဲ့ L ဆိုင်းဇီ ဒုတိယတကိုယ်တော်စီးရီးထွက်မည်


သီချင်းသစ်တွေ မထွက်တာကြာပြီဖြစ်တဲ့ ကချင်တိုင်းရင်းသူလေး Lဆိုင်းဇီ ရဲ့ ဒုတိယ တကိုယ်တော်တေးစီးရီး အစွဲအလန်းကြီးသူလို့ နာမည်ပေးထားတဲ့ တေးစီးရီးက မကြာခင်မှာ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။

ဒီတစ်ပတ်ကြည့်ရမယ့် ဘောလိဝုဒ်ရုပ်ရှင်


- ဒီတစ်ပတ် အားလပ်ရက်လေးမှာ ရုပ်ရှင်ကြည့်မယ်စိတ်ကူးတဲ့ ပရိသတ်တွေအတွက် အပြောင်းအလဲလေးဖြစ်ရအောင် ဘောလိဝုဒ် ရုပ်ရှင်ကားလေးပဲ ညွှန်းပေးလိုက်ပါတယ်။ ရဲစိတ် ရဲမာန်နဲ့ သည်းထိတ်ရင်ဖို စွန့်စားခန်းတွေပါတဲ့ သမိုင်းနောက်ခံ အချစ်ဇာတ်လမ်းလေးပါ။

Wednesday, January 13, 2016

ယောက်ျားများကြောက်သော မိန်းမ

ယောက်ျားများကြောက်သောမိန်းမ (၁ဝ)မျိုး ရှိပါသတဲ့။ ကျွန်မမှာတော့ အောက်က(၁ဝ)မျိုးထက်မက ရှိပါတယ်။ ဘယ်လိုမိန်းမမျိုးကို ယောက်ျားတွေ ကြောက်ကြသလဲ? ဖတ်ဖူးတာလေးကို ဘာသာပြန် မျှဝေပါတယ်။ (စာရေးစမှာ ရေးခဲ့တဲ့စာမို့ စာလုံးပေါင်းအမှား သည်းခံစေချင်ပါတယ်)(၁) ညစ်ပတ်သောမိန်းမ

ရုပ်ရှင် အကြိုခံစားခြင်း - The Forest


- ရုပ်ရှင်ချစ်ပရိသတ်များအတွက် ဒီနေ့အကြိုခံစားဖို့ကိုတော့ အသည်းတလှပ်လှပ် ရင်တဖိုဖိုကြည့် ရမယ့် သဘာဝလွန်ဇာတ်ကားသစ်လေးကို ဖော်ပြပေးလိုက်ပါတယ်။

ဇာတ်လမ်းကတော့ ဖူဂျီ တောင်အနီးဝန်းကျင်မှာရှိတဲ့ ကြိုး ဆွဲချသတ်သေမှုများတယ်လို့နာမည်ကြီးတဲ့ အအိုခိဂါဟာရာသစ်တောဝန်းကျင်ကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ အမေရိကန်မိန်းမငယ်လေး ဆာရာပရိုက်စ်ဟာ ဂျပန်ရဲတပ်ဖွဲ့ဆီကနေ ထူးဆန်းတဲ့ဖုန်းခေါ်မှုကိုလက်ခံ ရရှိခဲ့ပါတယ်။ အဲဒါကတော့ သူ့ရဲ့အမြွှာညီမဂျက်စ်ဟာ ဂျပန်နိုင်ငံက အအိုခိဂါဟာရာတောထဲမှာ သေဆုံးသွားပြီလို့ ယူဆရဖွယ်ရှိတဲ့အကြောင်း အကြောင်းကြားတာပါ။ ဒါကြောင့် သူ့ခင်ပွန်းလောင်း ရော့ဘ်ကိုတောင် မတိုင်ပင်ဖြစ်ဘဲ ချက်ချင်းဆိုသလို ဂျပန်ကိုလိုက်သွားပြီး သူ့ညီမတည်းခဲ့တဲ့ ဟိုတယ်ကို လိုက်သွားခဲ့ပါတယ်။

ဖားကန့်တွင် မြေစာပုံ ထပ်မံပြိုကျ၍ ၃ ဦး သေဆုံးပြန်

ကျောက်စိမ်း ကုမ္ပဏီများက စွန့်ပစ်လိုက်သော မြေစာပုံများပေါ်တွင် ကျောက်ရှာဖွေနေကြသူများ (ဓာတ်ပုံ – Reuters)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကန်ခန်တောင်အနီးတွင် ဇန်န၀ါရီ ၁၂ ရက် ည ၁၀ နာရီခန့်က မြေစာပုံ ပြိုကျပြီး ရေမဆေးကျောက် ရှာဖွေသူ ၃ ဦး သေဆုံးသွားကြောင်း သိရသည်။
လက်ရှိအချိန်အထိ ပျောက်ဆုံးသည့်လူဦးရေ အရေအတွက်ကို တိတိကျကျ မသိရှိရသေးကြောင်းနှင့် သေဆုံးသူဦးရေ ထပ်မံ တိုး လာ နိုင်ကြောင်း ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးလော်ရော်က ဧရာဝတီကို ပြောသည်။

မိဘတွေအနေနဲ့ စဉ်းစားကြည့်၊ ကျောင်းကိုပို့တာ ကိုယ့်သားသမီးစာသင်ဖို့လား။ ကျောင်းသားသမဂ္ဂ လုပ်ဖို့လား။ ဒီငယ်ငယ်လေးတွေ အခြေခံမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေကို ကျောင်းသားသမဂ္ဂနဲ့ အုပ်ချုပ်မယ်ဆိုတာကတော့ ကျွန်မဘယ်လိုမှလက်မခံနိုင်ဘူး


နိုင်ငံတော်သမ္မတ၏ ပညာရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ယဉ်ယဉ်နွယ်နှင့် တွေ့ဆုံမေးမြန်းခြင်း

လက်ရှိအစိုးရလက်ထက်မှာ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ အများကြီးဖြစ်ပွားခဲ့တယ်။ ဘယ်အချိန်မှာ ဒါတွေပပျောက်နိုင်မလဲခင်ဗျာ။

Tuesday, January 12, 2016

၈၄ နှစ်အရွယ် မီဒီယာသူဌေးကြီး ရူးပါ့မားဒေါ့ စေ့စပ်


မီဒီယာသူဌေးကြီး ရူးပါ့မားဒေါ့ (Rupert Murdoch) ဟာ အရင်က ဆူပါမော်ဒယ်တဦးဖြစ်ခဲ့တဲ့ ဂျယ်ရီဟော (Jerry Hall) နဲ့ စေ့စပ်လိုက်ပြီလို့ ဇန်န၀ါရီ ၁၂ ရက်နေ့က ဗြိတိန်သတင်းစာ The Times သတင်းစာမှာ ကြေညာလိုက်ပါတယ်။

စကားလုံးတွေကြားက Leonardo နဲ့ Kate Winslet တို့ရဲ့  ဆက်ဆံရေး


ဟောလီးဝုဒ် သရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Leonardo DiCaprio နဲ့ Kate Winslet တို့ဟာ ကမ္ဘာကျော် Titanic ဇာတ်လမ်းကြီး ရိုက်ကူးပြီးကတည်းက ခင်မင်လာခဲ့ကြတာ ၁၈ နှစ်လောက်ရှိနေပါပြီ။ သူတို့ နှစ် ယောက်ဟာ ၂၀၀၈ ခုနှစ်တုန်းက Revoluitonary Road ဆိုတဲ့ ဇာတ်လမ်းမှာလည်း တွဲဖက်သရုပ်ဆောင်ခဲ့ပြီး လက်ရှိမှာ အရင်းနှီးဆုံး သူငယ်ချင်းတွေအနေနဲ့ ဆက်လက်ရှိလာခဲ့တာ နှစ် ၂၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။ 

ရုပ်ရှင် အကြိုခံစားခြင်း- Joy


- ဒီနေ့ အကြိုခံစားကြည့်ဖို့အ တွက်ကိုတော့ ရွှေကမ္ဘာလုံးဆုပေး ပွဲမှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုရခဲ့တဲ့ JOY ဆိုတဲ့ ဇာတ်ကားလေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ဒီဇာတ်ကား မှာ မင်းသမီး ဂျနီဖာလောရင့်စ်က အဓိကသရုပ်ဆောင် ဂျွိုင်းအဖြစ် သရုပ်ဆောင်ထားတာဖြစ်ပြီး ဒါရိုက်တာ ဒေးဗစ်အိုရက်စဲရဲ့ လက်ရာဖြစ်ပါတယ်။

Monday, January 11, 2016

ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှု သက်သာစေမယ့် မီးဖိုချောင်ထဲကအရာများ

ဂေါ်ဖီထုပ်က နာကျင်မှုကို လျော့ပါးစေတယ်ဆိုတာ လူတွေ သိပ်မသိကြပါဘူး။ နို့တိုက် မိခင်တွေအတွက်တော့ ဂေါ်ဖီထုပ်ရဲ့အကြောင်းကို သိရင် ဝမ်းသာရမှာပါ။


ချက်ပြုတ်ဖို့အတွက် ထားရှိတဲ့ မီးဖိုချောင်ထဲက အရာတွေဟာ သာမာန်ဖြစ်ပွားလေ့ရှိတဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေတာ သိပါသလား။ ခန္ဓာကိုယ်က နာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့ အခုပဲ မီးဖိုချောင်ထဲ သွားလိုက်ပါ။

Sunday, January 10, 2016

ဦးနှောက်မှတ်ဥာဏ် ထိခိုက်ပျက်စီးစေတဲ့ အရာများ


ဦးနှောက်မှတ်ဥာဏ်က လူတစ်ယောက်ဘဝမှာ အရေးကြီးသော အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ အတိတ်က အဖြစ်အပျက် အမှတ်တရတွေ ပြန်ပြောင်း စားမြုံ့ပြန်တဲ့အခါပဲဖြစ်ဖြစ် ကောင်းမွန်စွာ အလုပ်လုပ်နေတဲ့ ဦးနှောက်မှတ်ဥာဏ် လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့ အသက်ကြီးလာတဲ့အခါ ဒီလုပ်ဆောင်ချက်က အထူးသဖြင့် စိတ်ရောဂါတစ်ခုခုရဲ့ အကျိုးဆက်အနေနဲ့ ကျဆင်းလေ့ရှိပါတယ်။ အောက်ပါတို့ က ဦးနှောက်မှတ်ဥာဏ် အလုပ်လုပ်မှု ဆိုးရွားစွာ ထိခိုက်စေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။