Wednesday, January 20, 2016

ကျောင်းသားသပိတ် တစ်နှစ်ပြည့်အထိမ်းအမှတ် မန္တလေးတွင် စီတန်းလှည့်လည်

မန္တလေးမြို့တွင်း၌ ကျောင်းသားများ စီတန်းလှည့်လည်နေကြစဉ် ဓာတ်ပုံ-ချမ်းဇော်အောင်

အမျိုးသားပညာရေးဥပ ဒေပြင်ဆင်ရေးကျောင်းသားသ ပိတ်စစ်ကြောင်း မန္တလေးအိမ် တော်ရာဘုရားမှ ရန်ကုန်မြို့သို့စတင်ချီတက်ခဲ့ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၂၀ရက်က အထက်ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသမဂ္ဂက ကျောင်းသားအင်အား ၈၀ ခန့်ဖြင့် မန္တလေးမြို့တွင် လှည့်လည်ခဲ့ကြကြောင်း သတင်းရရှိသည်။တစ်နှစ်ပြည့်အထိမ်းအမှတ် သပိတ်စစ်ကြောင်းလှည့်လည် ခြင်းကို နံနက် ၉ နာရီ ၄၅ မိနစ်ခန့် က ၂၆ လမ်း၊ ၈၅ လမ်းထောင့်မှ စတင်ထွက်ခါာကာ ၈၄ လမ်းဈေး ချိုတစ်လျှောက် ချီတက်လာခဲ့ပြီး နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် လက်ပံတန်းမြို့၌ ကျောင်းသားများဖြိုခွင်းခံရမှုအတွက် အလေးပြုဆုတောင်းခဲ့သည်။

စီတန်းလှည့်လည်ရာ လမ်း တစ်လျှောက်တွင် ကျောင်းသား များ၊ လယ်သမားများ၊ နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လည်လွှတ်ပေးရန်၊ ကျောင်းသားသမဂ္ဂ များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေး ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေကို ဖျက်သိမ်းပေးရန်၊ စစ်ပွဲ အားလုံး ရပ်တန့်ပေးရန် စသည့်အချက်များပါဝင်သော တောင်းဆိုချက် ၁၆ ချက် တောင်းဆိုခဲ့ ကြသည်။

ကျောင်းသားများသည် တောင်းဆိုချက်များအပြင် လမ်း တစ်လျှောက်ဟောပြောမှုများ လည်း ပြုလုပ်ခဲ့ကာ မြို့ခံအချို့လည်း လိုက်ပါချီတက်ခဲ့ကြပြီး ၃၅လမ်းအတိုင်း မန္တလေးတက္ကသိုလ်သို့ ချီတက်၍ တက္ကသိုလ်ရှေ့ ၇၃ လမ်းတွင် အဆုံးသတ်ခဲ့သည်။

‘‘ကျွန်တော်တို့ လမ်းပေါ်မ ထွက်ချင်ပါဘူး။ စာအုပ်နဲ့ဘော ပင်ကိုင်ပြီး ဘဝရည်မှန်းချက်အ တွက် အာမခံချက်ရှိအောင် ကျွန် တော်တို့ကြိုးစားချင်တယ်။ ပြီး တော့ အဲဒီပညာနဲ့ ကျွန်တော်တို့ ရပ်တည်ချင်တယ်။ ဒါပေမဲ့ ကျွန် တော်တို့နိုင်ငံမှာ ရပ်တည်ခွင့်မရှိတာ၊ ကျောင်းသားတွေရဲ့ဘဝတွေ ဟာ အာမခံချက်မရှိတာ ရာစုနှစ် ဝက်ကျော်ကြာခဲ့ပြီ။ ကျွန်တော်တို့ သင်ခဲ့ရတဲ့ ပညတွေနဲ့ ကျွန်တော် တို့ ဘဝမှာ ရပ်တည်ချင်တယ်။ အဲဒါကြောင့် နိုင်ငံတစ်နိုင်ငံရဲ့လို အပ်ချက်ဖြစ်တဲ့ ပညာရေးကို ပြောင်းလဲပေးပါ’’ဟု ဆန္ဒပြခေါင်း ဆောင် ကျောင်းသားတစ်ဦးက ပြောသည်။

နောက်တက်လာမည့်ဒီချုပ် အစိုးရအနေဖြင့် ပညာရေးပြုပြင် ပြောင်းလဲပေးကာ ကျောင်းသား သမဂ္ဂများ၊ ဆရာသမဂ္ဂများဖွဲ့ စည်းခွင့်ရမည်ဟု မျှော်လင့် ကြောင်း၊ စစ်အစိုးရ၏လွဲမှား သော ဆောင်ရွက်ချက်များ ဆက် လက်မပြုလုပ်ရန် တောင်းဆိုသွား မည်ဖြစ်ကြောင်း ၎င်းကပြော သည်။

ရဲတပ်ဖွဲ့ဝင်များက စီတန်းလှည့်လည်မှုကို ဆက်လက် ချီတက်ခြင်းမပြုရန် အကြိမ်ကြိမ် တားဆီးခဲ့သော်လည်း ဖြိုခွဲခဲ့ခြင်း မရှိပေ။

7Day Daily

0 comments:

Post a Comment