Wednesday, January 20, 2016

နာဂနှစ်သစ်ကူးပွဲတော်မှာ ဖျော်ဖြေခဲ့တဲ့ နာဂတိုင်းရင်းသူလေး မာရီကိုးလ်


ယခုနှစ် နာဂနှစ်သစ်ကူး ပွဲတော်သို့ တိုင်းရင်းသူတစ်ဦးအ နေဖြင့်ရော အနုပညာရှင်တစ်ဦး အနေဖြင့် သွားရောက်ဖျော်ဖြေ သည့် ခရီးစဉ်အတွင်း မကြာမီ ဖြန့်ချိမည့် ၎င်း၏ တစ်ကိုယ်တော် မီနီအယ်လ်ဘမ်အတွက် တစ်ပါ တည်းရိုက်ကူးဖြစ်ခဲ့သည်ဟု နာဂတိုင်းရင်းသူ သရုပ်ဆောင် မာရီ ကိုးလ်က ပြောသည်။‘‘နာဂနှစ်သစ်ကူးပွဲကိုတော့ နှစ်စဉ်နှစ်တိုင်း သွားဖြစ်တယ်။ ဒီ နှစ်က လူကြီးတွေကလည်း ဖျော် ဖြေပေးဖို့ ဖိတ်တယ်။ ညီမကိုယ် တိုင်ကလည်း ရိုးရာဓလေ့အရ နှစ်တိုင်းလည်း တက်ဖြစ်တယ်။ ဒီနှစ် မှာတော့ သီချင်းလည်းဆိုပေးဖြစ် ခဲ့ပါတယ်။ ညီမရဲ့ မီနီအယ်လ် ဘမ်အတွက်ပါ သီချင်းတစ်ပုဒ် ရိုက်လာတယ်’’ဟု မာရီကိုးလ်က ပြောသည်။

မာရီကိုးလ်သည် ‘ဧဒင်ရဲ့ နတ်သမီး’များ ရုပ်ရှင်ကားတွင် နတ်ပန်းချီအမည်ဖြင့် ပါဝင်သရုပ် ဆောင်ထားပြီး ယင်းရုပ်ရှင်အထူး ပွဲရှိ၍ နာဂနှစ်သစ်ကူးပွဲမှ ရန်ကုန် မြို့သို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

‘‘အခု နာဂရိုးရာပွဲကနေ ချက်ချင်းပြေးလာတာပါ။ ဒါက ညီမရဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်တယ်။ ရင်ခုန်တာကတော့ အတိုင်းမသိ ပါပဲ။ ဦးမီးပွားတို့က သရုပ်ဆောင် တာ တကယ်ကောင်းတယ်ပြော ကြပေမယ့် မယုံရဲဘူး ဖြစ်နေ တယ်။ စိတ်ထဲမှာ တကယ်တော့ ကောင်းပါ့မလား။ ပရိသတ်နဲ့ ကော ထပ်တူကျပါ့မလား။ ခံစား နေရပါတယ်’’ဟု မာရီကိုးလ်က ပြောသည်။ မာရီကိုးလ်သည် ၎င်း၏ တစ်ကိုယ်တော်မီနီအယ်လ် ဘမ်အတွက် တေးသီချင်းများ စီစဉ်ရာတွင် သီချင်းလေးပုဒ်ခန့်ပြီးစီးနေပြီး သင်္ကြန်မတိုင်မီ ထွက်ရှိနိုင်ရန် စီစဉ်နေသည်။

7Day Daily

0 comments:

Post a Comment