Sunday, January 10, 2016

ဦးနှောက်မှတ်ဥာဏ် ထိခိုက်ပျက်စီးစေတဲ့ အရာများ


ဦးနှောက်မှတ်ဥာဏ်က လူတစ်ယောက်ဘဝမှာ အရေးကြီးသော အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ အတိတ်က အဖြစ်အပျက် အမှတ်တရတွေ ပြန်ပြောင်း စားမြုံ့ပြန်တဲ့အခါပဲဖြစ်ဖြစ် ကောင်းမွန်စွာ အလုပ်လုပ်နေတဲ့ ဦးနှောက်မှတ်ဥာဏ် လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့ အသက်ကြီးလာတဲ့အခါ ဒီလုပ်ဆောင်ချက်က အထူးသဖြင့် စိတ်ရောဂါတစ်ခုခုရဲ့ အကျိုးဆက်အနေနဲ့ ကျဆင်းလေ့ရှိပါတယ်။ အောက်ပါတို့ က ဦးနှောက်မှတ်ဥာဏ် အလုပ်လုပ်မှု ဆိုးရွားစွာ ထိခိုက်စေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။၁။ သွေးဆုံးခြင်း

ဒီအချက်က အမျိုးသမီးများရဲ့ သိသာထင်ရှားတဲ့ ပြသနာတစ်ရပ်ဖြစ်ပါတယ်။ သို့သော် တစ်ခုရှိတာက သွေးဆုံးခြင်းကြောင့်ဖြစ်တဲ့ ဦးနှောက်မှတ်ဥာဏ်ထိခိုက်မှုပြသနာက ယာယီသာ ဖြစ်ပါတယ်။ အဲဒီပြသနာက အမျိုးသမီးအဖို့ မသက်မသာဖြစ်စေတဲ့ ဒီရာသီကာလအတွင်း ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ပြင်းထန်တဲ့ ခံစားချက်များရဲ့ အကျိုးဆက်တစ်ခုကြောင့် ဖြစ်ပေါ်ခဲ့တယ်။ ဒီအချက်က လူတစ်ယောက်ရဲ့ အိပ်ရေးကို သိသိသာသာ ပျက်စေပါတယ်။ ဒါ့ကြောင့် ဦးနှောက်လုပ်ငန်းဆောင်ရွက်မှု ထိခိုက်စေခြင်းနဲ့ မှတ်ဥာဏ်တွေကို ပျက်စီးစေပါတယ်။

၂။ အိပ်ရေးပျက်ခြင်း

အိပ်ရေးမလုံလောက်ခြင်းက လူတစ်ယောက်ကို မှတ်ဥာဏ်လျော့ သတိမေ့စေတယ်လို့ ကျွန်ုပ်တို့ သိပြီး ဖြစ်ပါတယ်။ အမှန်တော့ ဦးနှောက်အာရုံကြောအချင်းချင်း ဆက်သွယ်မှု အားကောင်းစေခြင်းအတွက် အိပ်စက်ခြင်းက မရှိမဖြစ် အရေးကြီးကြောင်း လေ့လာမှုများက ဖော်ပြထားပါတယ်။ ယင်းအာရုံကြောအချင်းချင်း ဆက်သွယ်မှုများ မရှိတော့ဘူးဆိုရင် အိပ်ရေးပျက်တဲ့အခါ သေးမွှားတဲ့ အချက်အလက်များ ပြန်လည်အမှတ်ရဖို့ ခက်ခဲစေမှာ ဖြစ်ပါတယ်။

၃။ သိုင်းရွိုက်ပြသနာ

သိုင်းရွိုက်ရှိသူတွေမှာ စိတ်ဓာတ်ကျဆင်းမှု ဖြစ်စေတဲ့ အိပ်မရမှု ရှိကြပါတယ်။ အပြန်လှန်အားဖြင့် အအိပ်ပျက်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းက လူကို သတိမေ့ခြင်း ဖြစ်စေတယ်။

၎။ စိုးရိမ်ကြောင့်ကြခြင်းနဲ့ စိတ်ဓာတ်ကျခြင်း

စိုးရိမ်ကြောင့်ကြတဲ့အခါ ကျွန်ုပ်တို့ခန္ဓာကိုယ် Cortisol ဖြစ်တဲ့ စိတ်ဖိစီးမှု ဟော်မုန်း ထုတ်ပေးပါတယ်။ စိုးရိမ်နေရခြင်းဖြင့် ဦးနှောက်ဆဲလ်တစ်ခုနဲ့တစ်ခု ဆက်နွယ်မှုတွေကို နာဗ်ကြောဆက်များ ဆုံးရှုံးခြင်းကြောင့် ထိခိုက်စေပါတယ်။

၅။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်သူတွေဟာ မသောက်သူများထက် ဦးနှောက် မှတ်ဥာဏ်အလုပ်လုပ်မှု ပိုအားနည်းကြပါတယ်။ ဆေးလိပ်သောက်ခြင်းဖြင့် ဦးနှောက်ထဲ စီးဝင်ကာ သွေးလည်ပတ်မှုကို ထိခိုက်စေပါတယ်။ ဒီ့ပြင် ဦးနှောက်အတွင်း သတင်းအချက်အလက် ပေးပို့မှု နှေးကွေးစေပါတယ်။

Ref:1mhealthtips
Trend Myanmar

0 comments:

Post a Comment