Wednesday, January 13, 2016

ရုပ်ရှင် အကြိုခံစားခြင်း - The Forest


- ရုပ်ရှင်ချစ်ပရိသတ်များအတွက် ဒီနေ့အကြိုခံစားဖို့ကိုတော့ အသည်းတလှပ်လှပ် ရင်တဖိုဖိုကြည့် ရမယ့် သဘာဝလွန်ဇာတ်ကားသစ်လေးကို ဖော်ပြပေးလိုက်ပါတယ်။

ဇာတ်လမ်းကတော့ ဖူဂျီ တောင်အနီးဝန်းကျင်မှာရှိတဲ့ ကြိုး ဆွဲချသတ်သေမှုများတယ်လို့နာမည်ကြီးတဲ့ အအိုခိဂါဟာရာသစ်တောဝန်းကျင်ကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ အမေရိကန်မိန်းမငယ်လေး ဆာရာပရိုက်စ်ဟာ ဂျပန်ရဲတပ်ဖွဲ့ဆီကနေ ထူးဆန်းတဲ့ဖုန်းခေါ်မှုကိုလက်ခံ ရရှိခဲ့ပါတယ်။ အဲဒါကတော့ သူ့ရဲ့အမြွှာညီမဂျက်စ်ဟာ ဂျပန်နိုင်ငံက အအိုခိဂါဟာရာတောထဲမှာ သေဆုံးသွားပြီလို့ ယူဆရဖွယ်ရှိတဲ့အကြောင်း အကြောင်းကြားတာပါ။ ဒါကြောင့် သူ့ခင်ပွန်းလောင်း ရော့ဘ်ကိုတောင် မတိုင်ပင်ဖြစ်ဘဲ ချက်ချင်းဆိုသလို ဂျပန်ကိုလိုက်သွားပြီး သူ့ညီမတည်းခဲ့တဲ့ ဟိုတယ်ကို လိုက်သွားခဲ့ပါတယ်။အဲဒီဟိုတယ်မှာ အီဒင်ဆိုတဲ့ သတင်းထောက်တစ်ယောက်နဲ့ဆုံခဲ့ပြီး မိဘတွေသေဆုံးခဲ့ရတဲ့အခြေအနေတွေကို ပြောပြဖြစ်ခဲ့ကာ နာမည်ကြီးတဲ့သစ်တောဆီကို သူနဲ့အတူလိုက်ခဲ့ဖို့ အီဒင်က ဆာရာကိုခေါ်ခဲ့ပြီး မီချီဆိုတဲ့တောခေါင်း တစ်ယောက်လည်းပါတာမို့ ဂျက်စ်ကိုရှာဖို့ လိုက်သွားခဲ့ပါတယ်။

အဲဒီသစ်တောကို စ၀င်တာ နဲ့ မီချီက ဂျက်စ်ဟာသူ့ကိုယ်သူ သတ်သေသွားဖွယ်ရှိတယ်လို့ ပြောခဲ့ပြီး တောထဲတော်တော်ဝင် လိုက်တဲ့အခါ ဂျက်စ်ရဲ့ ပစ္စည်းလို့ ယူဆရဖွယ်ရှိတဲ့ အ၀ါရောင်ရွက် ဖျင်တဲလေးတွေ့ခဲ့ပါတယ်။ ည မှောင်ရီသန်းလာတဲ့အခါ မီချီက ဂျက်စ်အတွက် စာရေးခဲ့ပြီး ပြန်ဖို့ အကြံပေးပေမယ့် ဆာရာကငြင်း ဆန်ခဲ့တာကြောင့် အီဒင်ပါဆာရာ နဲ့ အတူနေခဲ့ပါတယ်။

ညဘက် ရောက်တဲ့အခါ ဂျက်စ်ရဲ့ စကားသံလိုလိုအသံ တွေ ဆာရာကြားခဲ့ပြီး လိုက်ရှာတဲ့ အခါ ဟိုရှီကိုဆိုတဲ့ ဂျပန်မလေး တစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။အဲ ဒီကောင်မလေးက အီဒင်ကို မယုံ ကြည်ဖို့ သတိပေးပြီး ထွက်ပြေး သွားတာကြောင့် ဆာရာ ပြေး လိုက်ရင်း တွင်းတစ်ခုထဲကျသွား ခဲ့ပါတယ်။

နောက်တစ်နေ့မှာ ဂျက်စ်ကိုရှာပုံတော်ဆက်ဖွင့်ကြရာမှာကြိုး ဆွဲချသေနေတဲ့အလောင်းတွေကို ဆာရာတွေ့ပြီးထိတ်လန့်တကြား ထွက်ပြေးရင်း မြေအောက်ဂူတစ် ခုထဲကျသွားတဲ့အခါ အောက်ထဲ မှာ ဟိုရှီကိုနဲ့တွေ့ခဲ့ပါတော့တယ်။ အန္တရာယ်များလှတဲ့ကြောက်စရာ တောကြီးထဲက ဂျက်စ် ပျောက်ဆုံးနေမှုက ဟိုရှီကိုနဲ့ ဆက်စပ်နေ သလား။ အမြွှာညီအစ်မဂျက်စ်ကို ဆာရာတစ်ယောက် အန္တရာယ် ကင်းကင်းနဲ့ ကယ်ဆယ်နိုင်ပါ့မ လားဆိုတာဆက်ကြည့်လိုက်ကြ ပါဦး။ စိတ်လှုပ်ရှားပြီးကြည့်ရမယ့် ဒီဇာတ်ကားမှာ အမြွှာ ညီအစ်မ ဆာရာနဲ့ ဂျက်စ်ပရိုက်စ်အဖြစ် နာ တာလီဒေါ်မာ၊ အီဒင်အဖြစ်တေ လာကင်နီ၊ ရော့ဘ်အဖြစ် အီရွန် မက်ကန် စသူတွေပါဝင်ထားကြ ပါတယ်။

7Day Daily

0 comments:

Post a Comment