Tuesday, January 12, 2016

ရုပ်ရှင် အကြိုခံစားခြင်း- Joy


- ဒီနေ့ အကြိုခံစားကြည့်ဖို့အ တွက်ကိုတော့ ရွှေကမ္ဘာလုံးဆုပေး ပွဲမှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုရခဲ့တဲ့ JOY ဆိုတဲ့ ဇာတ်ကားလေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ဒီဇာတ်ကား မှာ မင်းသမီး ဂျနီဖာလောရင့်စ်က အဓိကသရုပ်ဆောင် ဂျွိုင်းအဖြစ် သရုပ်ဆောင်ထားတာဖြစ်ပြီး ဒါရိုက်တာ ဒေးဗစ်အိုရက်စဲရဲ့ လက်ရာဖြစ်ပါတယ်။ဇာတ်လမ်းက ၁၉၈၉ ခုနှစ်ကာလကို အခြေတည်ထားပြီး ဂျွိုင်းမန်ဂါနိုဆိုတဲ့ ကလေး နှစ်ယောက်အမေ အိမ်ထောင်ကွဲ အမျိုးသမီးတစ်ယောက်အကြောင်း ပုံဖော်ထားတာပါ။ Eastern လေ ကြောင်းလိုင်းမှာ ဘွတ်ခ်ကင်စာ ရေးအဖြစ် အလုပ်လုပ်တဲ့ ဂျွိုင်း ဟာ သူ့အမေ တယ်ရီ၊ အဘွားမီ မီတို့နဲ့ အတူ နယူးယောက်မှာနေ ထိုင်ပြီး သူ့အဖေနဲ့ အမေအိမ် ထောင်ကွဲနေကြတာပါ။ ဂျွိုင်းရဲ့ အဖေရူဒီနဲ့ အမေတယ်ရီတို့ဟာ မျက်နှာချင်းဆိုင်တာနဲ့ ရန်ဖြစ်လေ့ရှိကြပါတယ်။ ဂျွိုင်းဟာ မိသားစု ကိစ္စတွေ ရှုပ်ထွေးနေပေမယ့် အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်း ရှင်တစ်ယောက်အဖြစ် ရပ်တည် ချင်တာကြောင့် ဂျွိုင်းရဲ့ အမေနဲ့ အခင်ဆုံးသူသယ်ချင်း ဂျက်ကီက အမြဲတမ်းအားပေးခဲ့ပါတယ်။

ဂျွိုင်းရဲ့ အဖေရူဒီဟာ ထရူဒီ ဆိုတဲ့ ချမ်းသာတဲ့ အီတလီမုဆိုးမ နဲ့ တွဲခုတ်နေပြီး အဲဒီအမျိုးသမီးက စီးပွားရေးအကွက် မြင်သူပါ။ တစ်ရက်မှာတော့ ထရူဒီနဲ့အတူ သင်္ဘောစီးကြရင်း ၀ိုင်ခွက်ကျကွဲသွားတဲ့အတွက် ဂျွိုင်းက ကြမ်းသုတ်အ၀တ်နဲ့ သုတ်ပြီး ရေညှစ်တဲ့အခါ ဖန်ကွဲစက လက်ကိုရှမိသွားခဲ့ပါတယ်။ အဲဒီနောက် ဂျွိုင်းဟာ အန္တရာယ်ကင်းကင်းနဲ့ သန့်ရှင်းရေးလုပ်နိုင်မယ့် ကြမ်းသုတ်ဝတ်ကို တီထွင်ဖို့ စိတ်ကူးရခဲ့ပြီး ထရူဒီကိုရင်းနှီးမြှုပ်နှံပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။

အဲဒီနောက်တန်ဖိုးနည်းနည်း နဲ့ အသုံးတွင်မယ့် ကြမ်းသုတ်ဝတ်ထုတ်ဖို့လုပ်တဲ့အခါ ပစ္စည်းတူ ထုတ်လုပ်မှုနဲ့ ဂျွိုင်း ဒဏ်ကြေးဆောင်ခဲ့ရပေမယ့် ဇွဲကောင်းတဲ့ ဂျွိုင်းဟာ နောက်ပိုင်းမှာ လုပ်ငန်းအောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်။ လုပ်ငန်းလေး အောင်မြင်လာတာနဲ့အမျှ စီမံခန့်ခွဲဖို့အတွက် ဂျွိုင်းရဲ့ အဖေတူ အမေကွဲအစ်မ ပက်ဂီကို ကယ်လီဖိုးနီးယားလွှတ်လိုက်ကာမှ အဆင်မပြေဖြစ်ပြီး ကုန်ပစ္စည်း မူပိုင်ခွင့်ပြဿနာ ရှိလာပြန်ပါတယ်။

လုပ်ငန်းရှင်ဖြစ်ချင်တဲ့ ဂျွိုင်းရည်မှန်းချက်တွေ အောင်မြင်အောင် လုပ်ဆောင်နိုင်ပါ့မလား။ ကြုံတွေ့လာတဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းသွားမှာလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။

ဂျွိုင်းအဖြစ် ဂျနီဖာလောရင့်စ်၊ ရူဒီအဖြစ် ရောဘတ်ဒီနေးရိုး၊ ဂျွိုင်းလုပ်ငန်းအောင်မြင်အောင်ကူညီတဲ့ ကုမ္ပဏီ အကြီးအကဲ နေးလ်ဝေါ်ကာအဖြစ် ဘရတ်ဒလေကူးပါးတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

7Day Daily

0 comments:

Post a Comment