Tuesday, January 12, 2016

၈၄ နှစ်အရွယ် မီဒီယာသူဌေးကြီး ရူးပါ့မားဒေါ့ စေ့စပ်


မီဒီယာသူဌေးကြီး ရူးပါ့မားဒေါ့ (Rupert Murdoch) ဟာ အရင်က ဆူပါမော်ဒယ်တဦးဖြစ်ခဲ့တဲ့ ဂျယ်ရီဟော (Jerry Hall) နဲ့ စေ့စပ်လိုက်ပြီလို့ ဇန်န၀ါရီ ၁၂ ရက်နေ့က ဗြိတိန်သတင်းစာ The Times သတင်းစာမှာ ကြေညာလိုက်ပါတယ်။
သူတို့ ၂ ဦး လက်ထပ်မယ်လို့လည်း ကြေညာထားပြီး ဒီတကြိမ်ဟာ မားဒေါ့အတွက်တော့ စတုတ္ထမြောက်အိမ်ထောင် ဖြစ်လာမှာပါ။
မားဒေါ့ဟာ အသက် ၈၄ နှစ်ရှိပြီဖြစ်ပြီး News Corp မီဒီယာကုမ္ပဏီ၊ Twenty First Century Fox ရုပ်ရှင်ကုမ္ပဏီတို့ရဲ့ပိုင်ရှင် သူဌေးကြီး ဖြစ်ပါတယ်။

ဂျယ်ရီဟောကတော့ အသက် ၅၉ နှစ်အရွယ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် နှစ်လယ်ပိုင်းကစပြီး မားဒေါ့နဲ့ စတွဲခဲ့ကြတာပါ။သူတို့ လော့စ်အိန်ဂျလိဒ်မြို့မှာ စေ့စပ်လိုက်တာဖြစ်ပြီး အဲဒီမှာကျင်းပတဲ့ Golden Globes ရုပ်ရှင်ဆုပေးပွဲကိုလည်း အတူတက်ရောက်ခဲ့ကြပါတယ်။

မားဒေါ့ဟာ သူ့ရဲ့ တတိယဇနီးဖြစ်တဲ့ တရုတ်နိုင်ငံမှာမွေးဖွားသူ ၀မ်ဒီ ဒန်း (Wendy Deng) နဲ့ ၁၄ နှစ်ကြာ လက်ထပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်က လမ်းခွဲခဲ့ပါတယ်။ဂျယ်ရီဟောကတော့ Rolling Stones အဆိုတော် မစ်ဂျတ်ကာ (Mick Jagger) နဲ့ အနှစ် ၂၀ ကြာ တွဲခဲ့ပေမယ့် တရားဝင်လက်ထပ်ခဲ့ခြင်း မရှိဘူးလို့ မစ်ဂျတ်ကာက ပြောပါတယ်။

DVB

0 comments:

Post a Comment