Tuesday, March 29, 2016

ပါကစ္စတန်အသေခံဗုံးခွဲမှု သံသယရှိသူ ၂၀၀ ကျော်ကို ဖမ်းဆီး


ပါကစ္စတန်နိုင်ငံ၊ လာဟိုမြို့မှာ လွန်ခဲ့တဲ့ ၃ ရက်က လူအနည်းဆုံး ၇၀ သေဆုံးခဲ့တဲ့ ကလေးကစားကွင်း အသေခံဗုံးဖေါက်ကွဲမှုနဲ့ပတ်သက်ပြီး သံသယရှိသူအနည်းဆုံး အယောက် ၂၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ပါကစ္စတန်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

New Face Model - L Ko Mi












ခေါင်စံနှုန်းသစ် အစိုးရသစ်


၁) ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော အရပ်သားအစိုးရဖြစ်ပြီး ဗိုလ်ချုပ်ဟောင်းများ၊ လက်ရှိဗိုလ်ချုပ်များ၊ ကျောင်းဆရာများ၊ ဝန်ထမ်းဟောင်း များနှင့် စုံစုံလင်လင်အစိုးရ ဖြစ်သည်။ လူအများက မျှော်လင့်တကြီး ကြိုဆိုကြသဖြင့် အစိုးရအပေါ် ထားသည့် စံနှုန်းများလည်း မြင့်မားသည်။ အစိုးရသစ် အနေနှင့် ပါတီဘဝကတည်းက စံနှုန်းမြင့်မားသော ပါတီဖြစ်သည့်အတွက် မိမိကိုယ်တိုင်ကို ထိုစံနှုန်းများဖြင့် တိုင်းတာအကဲဖြတ်ခြင်းကို ခံနိုင်မည်ဟု မျှော်လင့်ကြသည်။ ယခုအစိုးရသည် လူတော်လူကောင်းများ ပါဝင်သော၊ ဒီမိုကရေစီနည်းကျ တက်လာသော အရပ်သားအစိုးရဟု အများကသတ်မှတ်သည့် အတွက် ယခင်အစိုးရများ နည်းတူ စွမ်းဆောင်နိုင်ရုံ၊ ယခင်အစိုးရများတွင် ပါဝင်သော ပုဂ္ဂိုလ်များလောက် အရည်အချင်းရှိရုံဖြင့် မရတော့ပါ။

ရုပ်ရှင် အကြိုခံစားခြင်း - အချစ်စစ်


−ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍ မှာတော့ ၀ိညာဉ်အချစ်ကားလေး ကို ညွှန်းပေးလိုက်ပါတယ်။

နေလင်းထွန်းတောက်က တစ်ဦးတည်းသောသားဖြစ်သလို သူ့အဖေကလည်း နောက်အိမ် ထောင်ပြုထားတဲ့အတွက် သူ့အ ထိန်းတော်ကြီးမေနဲ့ အိမ်ခွဲနေပါ တယ်။ သူ့မှာ ရူပါဆိုတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။ ရူပါရဲ့ မိဘတွေကတော့ နေလင်းထွန်း တောက်ကို အရမ်းအရေးပေးပါ တယ်။ နေလင်းထွန်းတောက်က လည်း ရူပါ့ကို လက်ထက်ဖို့အထိ ရည်ရွယ်ထားပါတယ်။

လိပ်ကျွန်းအမှုတွင် ဒီအင်န်အေအထောက်အထားများကို အဓိကထား၍ အယူခံဝင်ရန် ပြင်ဆင်

သေဒဏ်ကျ မြန်မာလူငယ်နှစ်ဦးကို ထိုင်းအာဏာပိုင်တစ်ဦးနှင့်အတူတွေ့ရစဉ်(NICOLAS ASFOURI/AFP)

လိပ်ကျွန်းလူသတ်မှုတွင် တရားရုံးကအပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး သေဒဏ်ချမှတ်ခြင်း ခံထားရသည့် မြန်မာလူငယ်နှစ်ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ဥပဒေအကျိုးဆောင်အဖွဲ့က DNAအထောက်အထားများကိုအဓိက အားပြုပြီး အယူခံဝင်ရန် စီစဉ်နေကြောင်း သိရသည်။

ခရီးသည်အမျိုးသမီးအား ညစ်ညမ်းဗီဒီယိုပြသည့်ယာဉ်မောင်းကို စုံစမ်းရှာဖွေနေ

အငှားယာဉ်မောင်းက ကားအတွင်း မဖွယ်မရာ ဗီဒီယိုပြသနေစဉ် (ဓာတ်ပုံ - Su Myat Win Facebook)

ခရီးသည်အမျိုးသမီး ငယ်အား ညစ်ညမ်းဗီဒီယိုပြသခဲ့ သည့်ယာဉ်မောင်း မောင်းနှင် သော ယာဉ်ကို သိမ်းဆည်းရမိ ထားပြီး ယာဉ်မောင်းမှာမူ တိမ်း ရှောင်နေဆဲဖြစ်ကြောင်း အမှတ် (၂)ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ သ တင်းရရှိသည်။

Monday, March 28, 2016

NLD အမတ် ၁၄ ဦးကို ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ် များအဖြစ် အဆိုပြု ခန့်အပ်ပြီ

NLD ပါတီဝင် အမတ်များမှာ ပြည်နယ်နှင့်တိုင်းဒေသကြီး ၀န်ကြီးချုပ် များဖြစ်လာကြပြီဖြစ်သည်။

ရွေးကောက်ခံသမ္မတ ဦးထင်ကျော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD)မှ ပြည်နယ်နှင့် တိုင်းဒေသ ကြီး လွှတ်တော်အမတ် ၁၄ ဦးကို ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ် များအဖြစ် သက်ဆိုင်ရာ လွှတ်တော် များသို့ တင်သွင်းပြီး အတည်ပြုခန့်အပ်လိုက်ပြီဖြစ်သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ် ၁၄ ဦး၏ ကို်ယ်ရေးရာဇ၀င်များကို စုစည်းဖော်ပြ လိုက်ပါသည်။


ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်

ကချင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခံထားရသူ ဒေါက်တာခက်အောင်သည် အသက် ၆၉ နှစ် ရှိပြီဖြစ်ပြီး အဘ ဦးခက်လ နှင့် အမိ ဒေါ်အင်လမ်းပရီ ၏ သားတဦးဖြစ်သည်။ ဒေါက်တာခက်အောင်သည် ကချင်လူမျိုး၊ ခရစ်ယာန် ဘာသာဝင်တဦး ဖြစ်ကာ ခံတွင်းနှင့် သွားဘက်ဆိုင်ရာ ဆရာဝန် တဦး အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။

Wednesday, March 23, 2016

ဝန်ကြီးလောင်းတွေ ကိုယ်ရေးအကျဉ်း ကြိုစိစစ်ဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်

ဦးကျော်ဝင်း
မကြာခင်ရက်ပိုင်းအတွင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းတော့မယ့် အစိုးရသစ်မှာတဲ့ ၀န်ကြီး ၁၈ ဦးအနက် ၀န်ကြီး ၂ ဦးရဲ့ နိုင်ငံခြားက ရရှိထားတဲ့ ဘွဲ့လွန်လက်မှတ်တွေနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။

'အကယ်ဒမီရမယ်လို့ မျှော်လင့်မထားသလို တစ်နှစ်မှလည်း ရင်မခုန်ခဲ့ဘူး' မိုးဟေကို


၂ဝ၁၄/၂ဝ၁၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အမျိုးသမီးဇာတ်ဆောင်ဆုအတွက် ပရိသတ်ထင်မြင်ချက် အများဆုံးပေးခံနေရတဲ့ သရုပ်ဆောင်မိုးဟေကိုက.....။ ''အကယ်ဒမီ အတွက် မိုးကိုအခုလိုမျိုး ပရိသတ်တွေကဝိုင်းပြီး တော့ အကယ်ဒမီပေးတာကိုပဲ မိုး ကျေးဇူးတင်ပါတယ်။ မိုးအတွက် တော့ အကယ်ဒမီကိုမမျှော်လင့်ထားပါဘူး။

ရိုးသားသော ပြည်သူ့အစိုးရ ဖြစ်စေလို

အစိုးရသစ်၏ ဝန်ကြီးများစာရင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လျာထားခံရသူ ဦးကျော်ဝင်း ရရှိထားသည့် ပါရဂူဘွဲ့မှာ အစစ်အမှန် မဟုတ်ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့သည်။
ယင်းသတင်းနှင့် ပတ်သက်၍ ကာယကံရှင် ကိုယ်တိုင်က အလိမ်ခံရခြင်း ဖြစ်ကြောင်း သို့သော် ၎င်းကိုယ်တိုင်မှာမူ အချိန်ကုန်၊ ငွေကုန် ကြိုးစားခဲ့သောကြောင့် ကိုယ်ရေးအချက်အလက်တွင် ထည့်သွင်းခဲ့ကြောင်း လွတ်လပ်သော အာရှအသံနှင့် တွေ့ဆုံမေးမြန်းမှုကို ဖြေကြားသွားခဲ့ရာ ပို၍ ဝေဖန်သုံးသပ်စရာ ဖြစ်သွားခဲ့သည်။

ယခင်အစိုးရ လက်ထက်က တပ်မတော် အရာရှိကြီးများနှင့် များစွာ နီးကပ်သော ဆက်ဆံရေး ထူထောင်ကာ ကြီးပွားချမ်းသာခဲ့ကြသူများအနက် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ အတုဖြင့် ဒေါက်တာဘွဲ့ တပ်ခဲ့သူကို အစိုးရက တရားဝင် အသိအမှတ်ပြုသည့် သဘောဖြင့် ယင်းဒေါက်တာဘွဲ့တပ်၍ တရားဝင် ခေါ်ဝေါ်သုံးစွဲခဲ့သည့် သာဓက ရှိခဲ့ရာ ယင်းအခြေအနေ၊ ယင်းစနစ်နှင့် ယင်းဆက်ဆံရေး ပတ်သက်မှုများအရ ပြောစရာ မရှိသော်လည်း ယနေ့အခြေအနေတွင်မူ ပြောစရာ ဖြစ်လာနိုင်ပေသည်။

အစိုးရအဖွဲ့ ဆိုသည်မှာ သက်ဆိုင်ရာ ပါတီတစ်ခု၏ ပုံရိပ်သာမက နိုင်ငံတော်တစ်ခုလုံး၏ မျက်နှာစာ သို့မဟုတ် မဲဆန္ဒရှင် ပြည်သူတစ်ရပ်လုံး၏ ဂုဏ်သိက္ခာကိုပါ ကိုယ်စားပြုနေသောကြောင့် အစိုးရအဖွဲ့အတွင်း ပါဝင်သူများ၏ ကိုယ်ရေးအချက်အလက်များ မည်မျှအရေးကြီးကြောင်း သာမန်စဉ်းစားတတ်သူတိုင်း နားလည်နိုင်ပေသည်။

ပြည်သူလူထု အနေနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အတိုင်းထက်အလွန် အားကိုးချစ်ခင် ယုံကြည်လေးစားမှု ရှိနေသည့်အတွက် အစိုးရအဖွဲ့အတွင်း မည်သူ့ကို ခန့်ထားတာဝန်ပေးသည် ဖြစ်စေ လက်ခံကြမည် ဖြစ်သော်လည်း အစစ်အမှန် မဟုတ်သော ပညာအရည်အချင်းနှင့် ပတ်သက်၍မူ လက်ခံပေးရန် ခက်ခဲမည် ဖြစ်သည်။

ပညာရေးနယ်ပယ်တွင် နိုင်ငံတကာ တက္ကသိုလ်များမှ မဟာဘွဲ့၊ ပါရဂူဘွဲ့ ရရှိထားသူများ အနေနှင့်မူ ၎င်းတို့ကိုယ်တိုင် မည်သို့ ကြိုးစားအားထုတ်ခဲ့ရသည်၊ တတိယ ကမ္ဘာ့နိုင်ငံများကို ဦးတည်သော အမည်ခံ အွန်လိုင်းတက္ကသိုလ်များ၏ အစစ်အမှန် မဟုတ်သော မဟာဘွဲ့၊ ပါရဂူဘွဲ့များ မည်သို့မည်ပုံ ရှိသည် ဆိုခြင်းတို့ကို ခွဲခြားသိမြင်နိုင်ကြသည့် အတွက် ဝန်ကြီးအလျာထားခံ ဦးကျော်ဝင်း၏ အငြင်းပွားဖွယ် ပညာရေးမှတ်တမ်းနှင့် ပတ်သက်၍ ပညာရှင်များအကြား အထူးဝေဖန် ဆန်းစစ်စရာ ဖြစ်သွားခဲ့သည်။
မြန်မာပြည်သူလူထုသည် နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်တွင် ရိုးသားမှုဆိုသော စကားလုံး နေရာမရခဲ့သောကြောင့် ဒီမိုကရေစီ အစိုးရလက်ထက် မိမိတို့ကိုယ်တိုင် အသည်းကြားက ဆန္ဒမဲ တစ်ပြားစီဖြင့် ရွေးချယ်ပေးခဲ့သော ပြည်သူ့အစိုးရ ဖြစ်လာချိန်တွင်မူ ရိုးသားသော အစိုးရဖြစ်ရန် အနိမ့်ဆုံးအားဖြင့် မျှော်လင့်နေကြပေသည်။

ထို့ကြောင့် ပြည်သူလူထုက လေးစားယုံကြည်သော၊ ရိုးသားဖြောင့်မတ်သော အစိုးရအဖြစ် ပြသရန်နှင့် မူလကပင် NLD ပါတီအပေါ် အမြင်မကြည်လင်ခဲ့ကြသူများ ထိုးနှက်တိုက်ခိုက်စရာ လက်နက်တစ်ခု တပ်ဆင်ပေးလိုက်သကဲ့သို့ ဖြစ်မသွားစေရန် လက်ရှိအစိုးရအဖွဲ့ အမည်စာရင်းတွင် ပါဝင်သော ဝန်ကြီးများ၏ ပညာအရည်အချင်းကိုလည်း သေချာစွာ ပြန်လည်စိစစ်သုံးသပ်သင့်ပြီး နောင်တွင် အငြင်းပွားဖွယ်ရာ နောက်ဆက်တွဲ ပြဿနာများ မပေါ်ပေါက်လာစေရေးအတွက် လိုအပ်ပါက ပြင်ဆင်ပြောင်းလဲမှုများ ဆောင်ရွက်ခြင်းအားဖြင့် ရိုးသားဖြောင့်မတ်မှုအပေါ် အလေးအနက် တန်ဖိုးထားခြင်းကို ပြသပါမည့်အကြောင်း အကြံပြု တိုက်တွန်းအပ်ပေသည်။


The Voice Daily

NLD မှ ရွေးချယ်ထားသော မြန်မာ့စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝန်ကြီးမှာ PhD ဘွဲ့တံဆိပ် အတုကို ဝယ်ယူကိုင်ဆောင်ထားဟုဆို


မြန်မာအစိုးရသစ်မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ရွေးချယ်ထားသော အသက် ၆၈ နှစ်ရှိ ဦးကျော်ဝင်းသည် မည်သည့်အခါကမှ အမေရိကန်ပြည်ထောင်စု၌ ပညာသင်ကြားခြင်းမရှိဖူးပါဘဲလျက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်သော ကိုယ်ရေးမှတ်တမ်း၌ အမေရိကန်ပြည်ထောင်စုရှိ ဘရွတ်ကလင်း ပါ့ခ် တက္ကသိုလ် Brooklyn Park University မှ မာစတာဒီဂရီနှင့် ပါရဂူဘွဲ့ Ph.D ရရှိထားသည်ဟု ဖော်ပြထားသည်။ 

Thursday, March 17, 2016

အမေရိကားမှာ ကျောင်းကြော်ငြာရိုက်ခဲ့တဲ့ အလှမယ် ဟန်သီ ချစ်သူမရှိသေးဟုဆို







ငယ်ရွယ်စဉ်ထဲက ပြိုင်ပွဲတွေမှ အောင်မြင်မှုတွေရခဲ့ပြီး အလှမယ် ပြိုင်ပွဲပေါင်း ၉ ပွဲထိပြိုင်ဖူးတဲ့ အလှမယ် ဟန်သီဟာ Miss Supernational Asia & Ocean ဆုကို ရရှိပြီးကတည်းက အနုပညာဝမ်းစာအတွက် အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ New York Film Academy မှာ Acting ဘာသာရပ်ကို လေ့လာသင်ယူခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အနာဂတ်

ဒေါ်အောင်ဆန်းစုကြည် (သရုပ်ဖော် – Stephff)

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်မှာ လူထုချစ်ခင် လေးစားထောက်ခံမှုကို အရဆုံး လူထုခေါင်းဆောင် နိုင်ငံရေးသမား ဖြစ်ပါတယ်။ သူဟာ တိုင်းပြည်ရဲ့ Moral Leader စံပြခေါင်းဆောင်အဖြစ် ထာဝရ ရှိသွားမယ့် သူတဦးဖြစ်တယ်ဆိုတာ သံသယ ရှိစရာမလိုပါ။

Wednesday, March 16, 2016

ဘာစီလိုနာကို အနိုင်ရဖို့ အာဆင်နယ် ပြင်ထားသင့်တဲ့ အချက် ( ၅) ချက်

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက်ဖို့ အာဆင်နယ်က ဘာစီလိုနာကို အနည်းဆုံး နှစ်ဂိုး သွင်းဖို့ လိုပါတယ်။


ဘာစီလိုနာနဲ့ အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို ဒီနေ့ည ကြည့်ရှုကြရဦးမှာပါ။ ပထမအကျော့ အိမ်ကွင်း အမ်းမရိတ်မှာကတည်းက အာဆင်နယ်ဟာ ဘာစီလိုနာကို နှစ်ဂိုးပေးပြီး ရှုံးခဲ့ရတဲ့အတွက် ဒီပြိုင်ပွဲဟာ အာဆင်နယ်အတွက် သိပ်မလွယ်ကူတော့ပါဘူး။

စောင်းမင်းသမီးလေး


ဆံပင်အုပ်လုံးသိမ်းနှင့် အသက်(၂၈) နှစ်အရွယ် အမျိုးသမီးလေး တစ်ဦး။ သူမရင်ခွင် အတွင်းမှာ မြန်မာ့ ရိုးရာ စောင်းကောက် တစ်လက်ကို ပိုက်ထားရင်း သီချင်း တစ်ပုဒ်ကို တီးပြသည်။ အဆိုလည်းပါ၏။

အောင်ဇေယျတု သဗ္ဗမင်္ဂလံ xxx အောင်အတိတ်ကျော်သံ xxx ကျက်သရေ တိုးလို့ xxx တက်နေ တန်ခိုး စတဲ့ ပီသကြည်မြတဲ့ ဆိုသံက စောင်းသံနှင့် အင်မတန် လိုက်ဖက် လှသည်။ ကျွန်တော်ပင် စည်းချက် လိုက်နေ မိတော့၏။ ထို ဆယ့်ခြောက်ကြိုးတပ် စောင်းကြိုးများပေါ် သူမ၏ လက်ဖျားကလေးများ လှုပ်ရှား သွားတိုင်း အသံတစ်သံချင်းစီ ထွက်လာ၏။ ထိုအသံများကို စုပေါင်းရာမှ သီချင်း တစ်ပုဒ်၏ တီးကွက် တစ်ခု ဖြစ်လာ၏။

Tuesday, March 15, 2016

သင်ဇာဝင့်ကျော်








ရှက်ကြောက်တတ်သောအစိုးရအလိုရှိပါသည်


၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ တိုင်းပြည်ကို တာဝန်ယူအုပ်ချုပ်ခဲ့သော အစိုးရတစ်ရပ်သည် ငါးနှစ်တာကာလခရီးကို ဖြတ်သန်းရင်း ခရီးဆုံး သို့ရောက် ရှိတော့ပေမည်။ အစိုးရတစ်ရပ်သည် မိမိဖော်ဆောင်မည့်မူဝါဒများကို ကြွေးကြော်ပြီး ခရီးကြမ်းနှင်လာခဲ့ပေရာ စက်ခေါင်းတွဲကြီးလွဲ ပြောင်းပေးရမည်ဖြစ် သော်လည်း တွဲဆိုင်းပေါ်၌ ပါလာခဲ့သော ခရီးသည်များအတွက်မူကား မိမိတို့ ရည်မှန်းချက်သို့ မရောက်သေးသည်ဖြစ်၍ ခေါင်းတွဲအသစ်ဖြင့် ဆက်လက်ချီတက်ရပေလိမ့် မည်။ နိုင်ငံတော်သမ်္မတ ဦးသိန်းစိန်စက်ခေါင်းမောင်း တာဝန်ယူသောအစိုးရ သည်ဝန်ကြီးဌာနများနှင့်တူ သော တွဲဆိုင်းများကိုချိတ် ဆက်ကာပြည်သူလူထုဟူ သော ခရီးသည်များကိုတွဲဆိုင်းများပေါ်တင်၍ ချီတက်ခဲ့ပြီးလေပြီ။ ဘူတာရုံ ရုံပိုင်များ၊ ဒုရုံပိုင်များ၊ လမ်းခွဲကိုင်များ၊ လက်မှတ် ရောင်းများနှင့်တူသော လွှတ်တော်အသီးသီးတို့ကလည်း ပြည်သူတို့လို ချင် သော ဒီမိုကရေစီဘူတာရုံ သို့ရောက်ရှိရေး၊ ရထားကြီး လမ်းမှန်အတိုင်းဝင်ရောက် နိုင်ရေး၊ ရှေ့ရထားနောက် ရထားမထပ်စေရေး၊ ရှေ့မှ လာသော ရထားနှင့် မတိုက်မိစေရေးတို့အတွက် အတတ်နိုင်ဆုံးလမ်းညွှန် တည့် မတ်ပေးခဲ့မည်ဆိုပါက မှားနိုင်အံ့မထင်ပေ။
ထိုခေါင်းတွဲကြီးတွင် ကပ်ထားသောမူဝါဒစာ ကား “သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အစိုးရ” ဖြစ်ရေးဟုဆိုပါသည်။ ဤတွင် အစိုးရဆိုသော အဓိပ်္ပာယ်ကို ဖော်ထုတ်ရန်လိုမည်ထင်ပါသည်။ “အစိုးရ” ကို မြန်မာအဘိဓာန်တွင် (နာမ်) အနေဖြင့် တိုင်းနိုင်ငံကို အုပ်ချုပ်သောအဖွဲ့အစည်းဟုအဓိပ်္ပာယ် ဖော်ပြီး (ကြိယာ)အနေဖြင့် “ပိုင်စိုးသည်” ဟုဆိုထား ပါသည်။ ဤအဓိပ်္ပာယ်အတိုင်းဆိုပါက နိုင်ငံတော် အဆင့်ဖွဲ့စည်းထားသည့်အုပ်ချုပ်ပိုင်ခွင့်ရှိသူကိုသာ ရည်ညွှန်းထားပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများမှာမပါဝင်သလို ဖြစ်နေ၍ ဖြစ်သင့်သည်ဖော်ပြသင့်သည်မှာ “တိုင်း နိုင်ငံအဆင့်မှ အောက်ခြေရပ်ကျေးအဆင့်ထိ အုပ် ချုပ်သော အဖွဲ့အစည်းအဆင့်ဆင့်”ဆိုမှသာပိုပြီးပြည့် စုံမည်ဟုထင်ပါသည်။

ငြိမ်းချမ်းရေးခရီးဟာ နီးလိုလျက်နဲ့ဝေးနေဦးမှာပဲ


ကချင်ပြည်နယ် ကေအိုင်အေသောင်းကျန်းသူ အဖွဲ့အစည်းက မုံးကိုး၊ ဖောင်းဆိုင်နယ်မြေမှာ ကေအိုင်အေတပ်မဟာ ၆ ကို ဖွဲ့စည်းတဲ့သတင်း ကြောင့် UPWC ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီက အပြင်းအထန်ကန့် ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မုံး ကိုး၊ ဖောင်းဆိုင်နယ်မြေဟာတစ်ချိန်က (ဗကပ) တို့ ကြီးစိုးရာနယ်မြေဖြစ်ပြီး ခုချိန်မှာတော့ လွတ်လပ် တဲ့ နယ်မြေဖြစ်နေလို့ ကေအိုင်အေဟာထင်တိုင်းကြဲ ပြီး နယ်မြေအပိုင်စားသဘောမျိုးလုပ်သွားနိုင်တာ ဖြစ်ပါတယ်။ ကေအိုင်အေမှာ အဓမ်္မစုဆောင်းထား တဲ့လူသစ်တွေရှိပါတယ်။

ကျောက်တွေ၊ သစ်တွေခိုးထုတ်ရောင်းချရာက ရလာတဲ့ငွေတွေ၊ ဆက်ကြေးတောင်းထားတဲ့ငွေတွေ ရှိတယ်ဆိုပြီး အတော်လေးချိုကြွနေတာလည်းဖြစ်ပါ တယ်။ ပါးစပ်ကတော့ ဘုရား ဘုရား၊ လုပ်ရပ်ကတော့ မဟားတရားပုံစံဖြစ်နေပါတယ်။ ငြိမ်းချမ်းရေးကို အကြောင်းအမျိုးမျိုးပြပြီး NCA ကို လက်မှတ်မထိုး နိုင်တာဟာလည်း ကေအိုင်အေပါပဲ။့ UNFC ဆိုပြီး ညီညွတ်တဲ့ တိုင်းရင်းသားများဖယ်ဒရယ်ကောင်စီဆို တာလည်းကေအိုင်အေကဦးဆောင်ပြီး ဖွဲ့ထားပါတယ်။ ဒီအဖွဲ့ထဲမှာပါဝင်တဲ့ တချို့အဖွဲ့တွေကို NCA လက်မှတ်ထိုးလို့ဆိုပြီး ထုတ်ပယ်ခဲ့ပါတယ်။ ကေအိုင် အေကို တစ်ဖွဲ့လုံးချုပ်ငြိမ်းသွားအောင်၊ လက်စတုံး သွားအောင် ချေမှုန်းသုတ်သင်ပစ်ပါမှ ကချင်ပြည် နယ်လူထုဟာ ငြိမ်းချမ်းရေးရမှာဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ဟာ သဘော ထားကြီးစွာနဲ့ ကေအိုင်အေကိုဖိတ်ခေါ်ခဲ့ပါတယ်။ သူနဲ့အတူမိုက်ဖော်မိုက်ဖက်တွေဖြစ်တဲ့ ရခိုင် ဗဗ သောင်းကျန်းသူအဖွဲ့၊ တအာင်းပလောင်သောင်းကျန်း သူအဖွဲ့နဲ့ ဖုန်ကြားရှင်အဖွဲ့က လက်မှတ်ထိုးမယ်ဆို တာဟာ ငြိမ်းချမ်းရေးကို အမှန်တကယ်မလိုချင်လို့ ကချင်ပြည်နယ်မှာ တစ်ဗိုလ်တစ်မင်းထူထောင်ချင်လို့၊ သူပုန်လုပ်စားရတဲ့ အရသာကိုလက်မလွှတ်ချင်လို့ တမင်အကြောင်းပြငြင်းပယ်ခဲ့ခြင်းသာဖြစ်ပါတယ်။ ကေအိုင်အေဟာ အစကတည်းကရိုးသားတဲ့အဖွဲ့ အစည်းမဟုတ်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးတိုင်းမှာ မဖြစ်နိုင်တာတွေကိုတောင်းဆို၊ အစိုးရကလိုက်လျော ပြန်တော့လည်း ကဖျက်ယဖျက်လုပ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပျက်ပြားအောင်လုပ်ခဲ့တဲ့ သာဓကများ စွာရှိပါတယ်။ တစ်ချိန်က ၀မ်ပေါင်သမ်္မတနိုင်ငံတောင် ထူထောင်မယ်ဆိုပြီး မဖြစ်ညစ်ကျယ်စိတ်ကူးတွေ ယဉ်ခဲ့ကြသူတွေလည်းဖြစ်ပါတယ်။

ကေအိုင်အေဟာ တပ်မဟာ ၆ ဖွဲ့စည်းသလို အခြားကချင်တိုင်းရင်းသားတွေကလည်းအားကျမခံ ကချင်ပြည်သူ့ပါတီ (Kachin Republic Party) ဆိုပြီး ပြီးခဲ့တဲ့ ဇန်န၀ါလက တောတွင်းတစ်နေရာမှာ ဖွဲ့စည်းခဲ့ပြန်ပါတယ်။ုKRP ဟာ ဆက်ပြီး ကချင် ပြည်သူ့တပ်မတော် Kachin Republic Army ကို ဖွဲ့စည်းသွားမယ်ဆိုပြီး အဲဒီပါတီအတွင်းရေးမှူးလရှီး ယန်းကဆိုပါတယ်။ ကချင်ပြည်နယ်က ကချင်လူမျိုး အချင်းချင်းမှာကိုပဲ နှစ်ဖွဲ့ကွဲနေပြီဖြစ်ပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ကေအိုင် အေရဲ့နှိပ်စက်မှုကိုမခံနိုင်တော့လို့ ဗန်းမော်နယ်မြေ ဘက်မှာရှိတဲ့ ရှမ်းနီတိုင်းရင်းသားတွေကလည်း လက်နက်စွဲကိုင်ကြတယ်လို့ကြားသိရပြန်ပါတယ်။

အစိုးရနဲ့ တပ်မတော်ဟာ ငြိမ်းချမ်းရေးစကား တွေ လှိုင်လှိုင်ပြောနေတဲ့ အချိန်မှာပြဲီု ကနေ လက်မခံလို့ထုတ်ပယ်ခံထားရတဲ့ တိုက်ဂါး၊ စောဆန်း အောင်တို့ကလည်း တိုးတက်သောဗုဒ်္ဓဘာသာကရင် အမျိုးသားများတပ်မတော်ီDemocratic Kayin Baddhist Army ဆိုပြီး ဖွဲ့စည်းလိုက်ပြန်ပါတယ်။ ဒါဟာကောင်းတဲ့ လက်္ခဏာတွေတော့မဟုတ်ပါဘူး။ တကယ်တော့ NCA လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေ အသစ်ထပ်ပြီးဖွဲ့စည်းတဲ့အဖွဲ့တွေဟာ တိုင်းရင်းသား အရေး၊ ပြည်နယ်အရေးဆိုပြီး သံကောင်းဟစ်ကြွေး ကြော်နေပေမယ့် သူတို့ဟာ လက်နက်ကိုင်ရတဲ့အရ သာကိုယစ်မူးနေလို့ပဲဆိုတာ ဘယ်လိုမှငြင်းလို့မရ နိုင်ပါဘူး။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က စာရေးသူ လွိုင်ကော် ကို ဌာနဆိုင်ရာတာဝန်တစ်ခုနဲ့ ရောက်စဉ်မှာ ဘော်လခဲမြို့ကို သွားခဲ့ပါတယ်။ လမ်းမှာကယား သောင်းကျန်သူတစ်ဖွဲ့က ကားတွေ၊ ခရီးသည်တွေ ကို ပြောင်ပြောင်တင်းတင်းပဲ သေနတ်ပြပြီး ပိုက်ဆံ တောင်းနေပါတယ်။ အဲဒီဘေးဘယ်ညာမှာ တပ်မ တော်တပ်ရင်းတစ်ရင်းနဲ့ စစ်သင်တန်းကျောင်းရှိပါ တယ်။ သွားပြီးဟန့်တားပိတ်ပင်ရင် တိုက်ပွဲဖြစ်ပါ မယ်။ ဒါဆိုရင်တပ်မတော်ကတစ်ဖက်သတ်စစ်ပွဲကို ဖန်တီးတယ်လို့စွပ်စွဲကြပါလိမ့်မယ်။ မြို့ပေါ်မှာရှိတဲ့ ဆက်ဆံရေးရုံးကို တာဝန်ရှိသူက သွားပြောတော့ ဆက်ကြေးကောက်ဖို့အထက်ဌာနကခွင့်ပြုမထားတာ မို့ဆက်ကြေးတောင်းတဲ့သတင်း မရပါဘူးလို့ငြင်း ဆိုပါတယ်။ ဒါပေမဲ့နောက်ကွယ်မှာတော့ ငါတို့က တစ်သက်လုံးဆက်ကြေးကောက်စားလာတာ။ ဆက် ကြေးမကောက်ရင်ဘာနဲ့ စားရမလဲလို့ပြောနေတဲ့ အကြောင်းအသိမိတ်ဆွေတစ်ဦးကပြန်ပြောလို့သိရ ပါတယ်။ တပ်မတော်ရဲ့အမုန်းဆုံးလုပ်ရပ်ကလည်း လူသစ်စုတာ၊ လူထုတွေဆီကဆက်ကြေးကောက် တာဟာအမုန်းဆုံးလုပ်ရပ်ပါပဲ။

ခုလည်းပဲကေအိုင်အေဟာ တပ်မတော်ဘက်က တင်းခံနေလို့ ငြိမ်းချမ်းရေးခရီးမအောင်မြင်သေး ကြောင်း ပြောနေပေမဲ့ တပ်မဟာ ၁ ခုထပ်ပြီတိုးချဲ့ တာဟာ ဘာကြောင့်ပါလဲ။ တိုင်းတစ်ပါးရန်ကို မျှော်လင့်လို့စုဖွဲ့တာမဟုတ်ဘဲ အစိုးရကိုအခွင့်သာရင် ပြန်တိုက်ဖို့ အင်အားချဲ့နေတာပဲဖြစ်ပါတယ်။ တပ်မ တော်က ခေတ်မီလေယာဉ်တွေ၊ လက်နက်တွေတပ် ဆင်တာကိုတော့ အင်ဘန်လက ပုတ်ခတ်ဝေဖန်တိုက် ခိုက်စကားပြောခဲ့တာ မှတ်မိကြဦးမယ်ထင်ပါတယ်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်ဆို တဲ့အတိုင်း ကမ်္ဘာပေါ်မှာ လူရိုသေရှင်ရိုသေဖြစ် အောင်တပ်ကိုတိုးချဲ့ဖွဲ့စည်းပြီး ခေတ်မီလက်နက် တွေ တပ်ဆင်ကြရမှာဖြစ်ပါတယ်။ တပ်မတော်ဟာ တိုင်းရင်းသားတွေကို သတ်ဖြတ်ညှဉ်းဆဲနေတာ မဟုတ်ပါဘူး။ သောင်းကျန်းသူတွေကိုသာတိုက်ခိုက် နေတာ ဖြစ်ပါတယ်။ အစိုးရနဲ့ တပ်မတော်ရဲ့မူက တော့တစ်ခုတည်းသော တပ်မတော်ကိုသာလိုလား ပါတယ်။

ဒါကြောင့်NCA ကို လက်မှတ်မထိုးရသေးတဲ့ သောင်းကျန်းသူအဖွဲ့အစည်းတွေအနေနဲ့ မတူတာ တွေကို ဘေးဖယ်ထားပြီး တူတာတွေကိုဦးစွာစဉ်းစား ခဲ့ကြဖို့လည်းမေတ်္တာရပ်ခံလိုပါတယ်။ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်သေးသမျှ၊ အပစ်အခတ်ရပ်စဲရေး ကို စိတ်မချရသေးသမျှ၊ ပြည်နယ်ဖွံ့ဖြိုးရေးဆိုတာ တွေဟာ ဘယ်တော့မှဖြစ်လာမှာမဟုတ်သလိုကြား ထဲကတိုင်းရင်းသားတွေကတော့ မြေစာပင်အဖြစ် ဒုက်္ခကိုခါးစည်းခံနေရဦးမှာဖြစ်ပါတယ်။

တိုင်းရင်းသားအများစုရဲ့မျက်နှာကို မထောက် ညှာဘဲဆက်ပြီးခေါင်းမာနေမယ်ဆိုရင်တော့ ခေါင်းမာ တဲ့သူ အဖွဲ့အစည်းရဲ့အလွန်ပဲဖြစ်ပါလိမ့်မယ်။ အစိုးရ နဲ့ တပ်မတော်က လိုက်လျောမှုနည်းပါးလို့လား။ တစ်ဖက်ကတောင်းဆိုမှုတွေများလို့လားဆိုတာတော့ ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုချင်သူတွေ ပြန်စဉ်းစား ကြဖို့ဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက်ရဲ့ညှိနှိုင်းချက်တွေကို နှစ်ဦးနှစ်ဖက်က ခြွင်းချက်မရှိ လက်ခံဖို့ဆိုတာလည်း အခက်အခဲတော့ရှိမှာဖြစ်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်း ရေးခရီးကို ပြန်ကြည့်မယ်ဆိုရင် မူလက ရေးဆွဲထား တဲ့ အစိုးရနဲ့ တပ်မတော်ရဲ့ မူဝါဒကိုစွန့်လွှတ်ခြင်း တစ်ဖက်တိုင်းရင်းသားအဖွဲ့အစည်းတွေရေးဆွဲထား တဲ့ မူဝါဒအပေါ်မှာ အစိုးရနဲ့ တပ်မတော်ဟာ အလျှော့၊ အတင်းလုပ်ပြီး ဆွေးနွေးခဲ့ကြတာဖြစ်ပါ တယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဉဏ်မီသရွေ့လေ့လာ ကြည့်တဲ့အခါ အစိုးရနဲ့ တပ်မတော်ဟာ အတော်လေး လိုက်လျောခဲ့တာတွေ့ရပါတယ်။ ငြိမ်းချမ်းရေးခရီး စတင်တဲ့အချိန်မှာ အစိုးရက တစ်ဖွဲ့ချင်းသီးခြားဆွေး နွေးဖို့စီစဉ်ခဲ့ပေမယ့် တိုင်းရင်းသားအဖွဲ့အစည်းတွေ ဘက်က အားလုံးစုစည်းဆွေးနွေးပြီးမှ အစိုးရနဲ့ ဆွေး နွေးလိုကြောင်း တင်ပြခဲ့တာမို့ လိုင်ဇာ၊ လော်ခီးလာ စတဲ့နေရာတွေမှာ တွေ့ဆုံနိုင်အောင် အစိုးရနဲ့ တပ်မတော်က စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။

ရန်ကုန်မြို့ကြီးလိုနေရာမှာ အကောင်းဆုံးနေ ရာတွေမှာထားပြီး လက်နက်ကိုင်အဖွဲ့အစည်းအချင်း ချင်းတွေ့ဆုံညှိနှိုင်းနိုင်အောင်၊ အဖြေရှာနိုင်အောင် စီစဉ်ပေးခဲ့တာဟာ အစိုးရနဲ့ တပ်မတော်ရဲ့စေတနာ ဆိုတာတော့ ငြင်းလို့မရပါဘူး။ တကယ်ဆိုအစိုးရနဲ့ စစ်ပြေငြိမ်းစာချုပ်မချုပ်ဆိုရသေးဘဲ လက်နက်ချ အညံ့မခံသေးဘဲ ဃြဗ လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးဟာ မတရား သင်း အဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။

ငြိမ်းချမ်းရေးခရီးစတင်ခဲ့တာဟာ နှစ်တွေလည်း ကြာခဲ့ပါပြီ။ ချုပ်ငြိမ်းဖို့လည်းသင့်ပါပြီ။ ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံကြီးလည်းကျင်းပခဲ့ပြီးဖြစ်ပါ တယ်။ အဓိကတင်းခံနေတဲ့ ကေအိုင်အေရဲ့ အဖွဲ့ အစည်းအားလုံပါဝင်ရေးမူထက် ဖြစ်နိုင်ခြေရှိတဲ့၊ ဖြစ်သင့်တဲ့ ကိစ်္စတွေကိုသာ ဦးစွာစဉ်းစားဆောင်ရွက် သင့်တယ်လိုလဲ ထင်မြင်ယူဆပါတယ်။

မြန်မာပြည်ကို ရှစ်ပြည်နယ်သတ်မှတ်ရေးကိစ်္စ တွေ၊ ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းပြီး အရပ် ဘက် ကွပ်ကဲမှုအောက်မှာ ထားရှိရတယ်ဆိုတဲ့ မူဝါဒတွေဟာ ဖြစ်နိုင်ခြေနည်းပြီးဘယ်အစိုးရမှ လည်းလက်ခံ သဘောမတူမဲ့ကိစ်္စတွေသာ တွင်တွင် ငြင်းခုံဆွေးနွေး နေရင်တော့ ငြိမ်းချမ်းရေးကဝေးသ ထက်ဝေးသွားတဲ့အခြေအနေရှိပြီးနောက်အစိုးရကလည်း ပါးပါးနပ်နပ်နဲ့ အတော်လေးညှိနှိုင်းဆွေးနွေး ရမယ့်ပြဿနာတွေဖြစ်ပါတယ်။

နိဂုံးချုပ်ရရင်တော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လူမျိုးစုပြဿနာတွေ၊ ဗမာလူမျိုးကြီးဆိုတဲ့ဝါဒအတွေး အခေါ်တွေ စပြီးမီးမွှေးခဲ့တာက တိုင်းတစ်ပါး အင်္ဂလိပ်ရဲ့လက်ချက်ဆိုတာအားလုံးသိသိကြီးနဲ့ အမှန်တရားကိုမဖြေရှင်းနိုင်သေးဘူးဆိုရင်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက မျက်မှန်စိမ်းတပ်ပြီးလေးထောင့်ကွက်လပ်ထဲကို ၀ိုင်း တဲ့ပစ္စည်းရိုက်သွင်းနေလို့လား။ နှစ်ဦးနှစ်ဖက်လုံးက ဖြေရှင်းနိုင်တဲ့အကြံဉဏ်စွမ်းရည်အရည်အချင်းမရှိဘဲ ညံ့ဖျင်းနေလို့လားဆိုတာတော့ ပြည်သူတစ်ယောက် အနေနဲ့ စဉ်းစားစရာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လာချင်ရင်အနီးလေး၊ မလာချင် ရင်ခရီးဝေးမို့ မလာချင်တဲ့သူအဖို့တော့ ငြိမ်းချမ်းရေး ခရီးဟာ နီးလိုလျက်နဲ့ဝေးနေဦးမှာပဲဖြစ်ပါတယ်။

တင်ညြိုငိမ်း
The Hot News Weekly

Monday, March 14, 2016

မိန်းမအချင်းချင်း စည်းလုံးရမယ်ဆိုတဲ့ Charli XCX

အဆိုတော် Charli XCX က ကီရှာကို အဒဲလ်က ထောက်ခံခဲ့တဲ့အတွက်လည်း ကျေနပ်နေသူပါ။



ကီရှာနဲ့ သူမရဲ့ ထုတ်လုပ်သူ ဒေါက်တာလုခ်တို့ရဲ့ တရားရင်ဆိုင်မှု ဖြစ်ပွားပြီးတဲ့နောက် ကီရှာကို ထောက်ခံကြောင်း Charli XCX က ပြောပါတယ်။

ဒီလေးလအတွင်းမှာတော့ .... ကိုယ် သမ္မတ ဖြစ်ရေးဟာ ဦးစားပေး ပထမ ........ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးက ဦးစားပေး ဒုတိယ ...


၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် NLD ပါတီ က မဲအရေအတွက် ၁၂ သန်း ဖြင့် အနိုင်ရရှိခဲ့ပါသည် ။ ဒုတိယရရှိသည့် ပြည်ခိုင်ဖြိုးပါတီ၏ မဲရလဒ်မှာ ၆သန်းနီးပါး ဖြစ်ပြီး မဲလာမပေးသူ အရေအတွက်မှာ ၁၀သန်း ခန့်  ဖြစ်ပါသည် ။ လွှတ်တော်အမတ်များ ရွေးကောက်တင်မြှောက်ပုံ စနစ်အရ NLD ပါတီမှာ လွှတ်တော်နှစ်ရပ်လုံးတွင် ထိုင်ခုံနေရာများ အပြတ်အသတ်ရရှိသွားခဲ့ကာ အစိုးရအဖွဲ့ ကိုလည်း စိတ်တိုင်းကျ ဖွဲ့ စည်းနိုင်သည့်  အနေအထား ဖြစ်သွားခဲ့ပါသည် ။