Tuesday, March 15, 2016

ရှက်ကြောက်တတ်သောအစိုးရအလိုရှိပါသည်


၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ တိုင်းပြည်ကို တာဝန်ယူအုပ်ချုပ်ခဲ့သော အစိုးရတစ်ရပ်သည် ငါးနှစ်တာကာလခရီးကို ဖြတ်သန်းရင်း ခရီးဆုံး သို့ရောက် ရှိတော့ပေမည်။ အစိုးရတစ်ရပ်သည် မိမိဖော်ဆောင်မည့်မူဝါဒများကို ကြွေးကြော်ပြီး ခရီးကြမ်းနှင်လာခဲ့ပေရာ စက်ခေါင်းတွဲကြီးလွဲ ပြောင်းပေးရမည်ဖြစ် သော်လည်း တွဲဆိုင်းပေါ်၌ ပါလာခဲ့သော ခရီးသည်များအတွက်မူကား မိမိတို့ ရည်မှန်းချက်သို့ မရောက်သေးသည်ဖြစ်၍ ခေါင်းတွဲအသစ်ဖြင့် ဆက်လက်ချီတက်ရပေလိမ့် မည်။ နိုင်ငံတော်သမ်္မတ ဦးသိန်းစိန်စက်ခေါင်းမောင်း တာဝန်ယူသောအစိုးရ သည်ဝန်ကြီးဌာနများနှင့်တူ သော တွဲဆိုင်းများကိုချိတ် ဆက်ကာပြည်သူလူထုဟူ သော ခရီးသည်များကိုတွဲဆိုင်းများပေါ်တင်၍ ချီတက်ခဲ့ပြီးလေပြီ။ ဘူတာရုံ ရုံပိုင်များ၊ ဒုရုံပိုင်များ၊ လမ်းခွဲကိုင်များ၊ လက်မှတ် ရောင်းများနှင့်တူသော လွှတ်တော်အသီးသီးတို့ကလည်း ပြည်သူတို့လို ချင် သော ဒီမိုကရေစီဘူတာရုံ သို့ရောက်ရှိရေး၊ ရထားကြီး လမ်းမှန်အတိုင်းဝင်ရောက် နိုင်ရေး၊ ရှေ့ရထားနောက် ရထားမထပ်စေရေး၊ ရှေ့မှ လာသော ရထားနှင့် မတိုက်မိစေရေးတို့အတွက် အတတ်နိုင်ဆုံးလမ်းညွှန် တည့် မတ်ပေးခဲ့မည်ဆိုပါက မှားနိုင်အံ့မထင်ပေ။
ထိုခေါင်းတွဲကြီးတွင် ကပ်ထားသောမူဝါဒစာ ကား “သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အစိုးရ” ဖြစ်ရေးဟုဆိုပါသည်။ ဤတွင် အစိုးရဆိုသော အဓိပ်္ပာယ်ကို ဖော်ထုတ်ရန်လိုမည်ထင်ပါသည်။ “အစိုးရ” ကို မြန်မာအဘိဓာန်တွင် (နာမ်) အနေဖြင့် တိုင်းနိုင်ငံကို အုပ်ချုပ်သောအဖွဲ့အစည်းဟုအဓိပ်္ပာယ် ဖော်ပြီး (ကြိယာ)အနေဖြင့် “ပိုင်စိုးသည်” ဟုဆိုထား ပါသည်။ ဤအဓိပ်္ပာယ်အတိုင်းဆိုပါက နိုင်ငံတော် အဆင့်ဖွဲ့စည်းထားသည့်အုပ်ချုပ်ပိုင်ခွင့်ရှိသူကိုသာ ရည်ညွှန်းထားပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများမှာမပါဝင်သလို ဖြစ်နေ၍ ဖြစ်သင့်သည်ဖော်ပြသင့်သည်မှာ “တိုင်း နိုင်ငံအဆင့်မှ အောက်ခြေရပ်ကျေးအဆင့်ထိ အုပ် ချုပ်သော အဖွဲ့အစည်းအဆင့်ဆင့်”ဆိုမှသာပိုပြီးပြည့် စုံမည်ဟုထင်ပါသည်။
သန့်ရှင်သောအစိုးရ၊ ကောင်းမွန်သောအစိုးရ၊ ဆိုသည်မှာ ဦးသိန်းစိန်တစ်ယောက်တည်းကောင်း မွန်သန့်ရှင်းနေရုံဖြင့် မဖြစ်နိုင်ပါ။ ဦးသိန်းစိန်မှသည် ရပ်ကျေးအုပ်ချုပ်ရေးမှူးအဆင့်အထိ။ ၀န်ကြီးဝန်လေး၊ အတွင်းဝန်များမှသည် ရုံးစောင့်၊ စာရေးအထိ။တရား သူကြီးချုပ်၊ ရှေ့နေချုပ်များမှသည်အခြေခံစာရေး အထိစသဖြင့် သန့်ရှင်းကောင်းမွန်နေရမည်ဟုထင်ပါ သည်။
ထိုသို့ကြွေးကြော်၍ ချီတက်လာသော အစိုးရ အဖွဲ့အား လမ်းကြောင်းတည့်မတ်ပေးမည့်ရုံပိုင်များ နှင့်တူသော လွှတ်တော်များ၊ ထိုရုံပိုင်ကြီး၊ ရုံပိုင်ကလေး များသည်ခရီးသည် (ပြည်သူ့) တို့လိုအပ်ချက်ဖြစ် သော ရေလိုပါက ရေရောင်းပေးနိုင်ရန်၊ အစား အသောက်၊ အိမ်သာမှအစ ပြည့်စုံစေရန်၊ လမ်းခရီး ၌ ရပ်သင့်သည့်ဘူတာကိုရပ်၊ ပြင်သင့်သည့်လမ်း/ တံတားကိုပြင်၊ ခရီးသည်များမီးရောင်လိုပါက မီးထွန်း ပေးရန် ထောက်ပြရမည့်တာဝန်မှာလွှတ်တော်များဖြစ် ပါသည်။ ထိုလွှတ်တော်များ၏ ကြွေးကြော်သံကား “ပြည်သူအသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန်္ဒ၊ လွှတ်တော်ဆန်္ဒ” ဟုဆို၏။
အစိုးရတစ်ရပ်သည် မိမိကိုလွှဲပြောင်းပေးခဲ့သော အစိုးရ၏ ကောင်းမွေ/ဆိုးမွေကို မလွဲမသွေဆက်ခံ ရယူခဲ့ရပေမည်။ လက်ခံရယူခဲ့ပြီး မိမိလက်ထက်တွင် လည်း တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးရှိမည်၊ ကောင်းမည်ဟုထင်သော ကိစ်္စများကို ရွေးနုတ်လုပ် ကိုင်ခဲ့ပြီးဖြစ်လေသည်။ ထိုအချက်များမှာ-
(က) ပြည်တွင်းငြိမ်းချမ်းရေးအား အုတ်မြစ်ချ၍ စတင်တည်ဆောက်နိုင်ခဲ့ခြင်း၊
(ခ) လွှတ်တော်များပေါ်ပေါက်လာခြင်း၊
(ဂ) မီဒီယာများ လွတ်လပ်ခွင့်ပိုမိုရရှိလာခြင်း၊
(ဃ) မိုဘိုင်းဖုန်းအပါအ၀င် ဆက်သွယ်ရေးလောက ဖွံ့ဖြိုးလာခြင်း၊
(င) ကားအစီးရေလွမ်းခြုံမှုမြင့်တက်လာခြင်း၊
(စ) လမ်းတံတားကွန်ရက်ချိန်ဆက်မှု၊ တိုင်းနှင့် ပြည် နယ်အနှံ့ပိုမိုကျယ်ဝန်းလာပြီး နယ်စပ်ဒေသများအထိ တိုးဖောက်လာနိုင်ခြင်း၊
(ဆ) လျှပ်စစ်မီးပေးနိုင်မှုရာခိုင်နှုန်းမြင့်တက်လာခြင်း၊
(ဇ) ပြည်ပရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးလာခြင်း၊
(ဈ) ပြည်ပမှ စီးပွားရေးပိတ်ဆို့မှုများလျော့နည်းလာ ခြင်းစသဖြင့်များစွာရှိနေပါကြောင်းကို အကောင်း မြင်မှုထောင့်မှ တွေ့မြင်နိုင်ပါသည်။
လက်ကျန်ပြဿနာများ (အဆိုးများ) ပြည်သူ များအတွက်ခံစားချက်များကိုတော့ မီဒီယာတော် တော်များများမှ ဝေဖန်ရေးသားခဲ့ကြပြီးဖြစ်ပေသည်။
သို့သော်လည်း နှိုင်းယှဉ်နိုင်အောင်ထပ်မံဖော် ပြရလျှင်-
(က) ၀န်ထမ်းများ၏ လာဘ်စားမှု၊ အဂတိလိုက်စား မှု ပြဿနာများ ကျန်းမာကြံ့ခိုင်အားကောင်းနေဆဲဖြစ် ခြင်း၊
(ခ) လယ်ယာမြေကိစ်္စများဖြေရှင်းရန် ကျန်ရှိနေသေး ခြင်း၊
(ဂ) သစ်တောများ၊ အလွန်အကျူးပြုန်းတီးမှုအား ထိရောက်ကာကွယ်မှုမပြုလုပ်နိုင်ခြင်း၊
(ဃ) ကျောက်စိမ်း၊ ကျောက်မျက်များအား စည်းမရှိ ကမ်းမရှိထုတ်ယူခွင့်ပြုနေပြီ တိုင်းပြည်အတွက်ထင် သလောက်အကျိုးမပြုခြင်း၊
(င) မူးယစ်ဆေးဝါးပြဿနာများအား ကျူငုတ်မကျန် မဖယ်ရှားနိုင်ခြင်း၊
(စ) ကျူးကျော်အိမ်များပြဿနာ ဖြေရှင်းမှုနည်းလမ်း မမှန်ကန်သေးခြင်း၊
(ဆ) မြို့ကြီးများအတွင်း ယာဉ်ကြောကျပ်တည်းမှု အား လက်ပူတိုက်ဖြေရှင်းနေဆဲဖြစ်၍ အဖြေရှာမတွေ့ သေးခြင်း၊
(ဇ) ဒေါ်လာငွေဈေးတည်ငြိမ်အောင်မထိန်းသိမ်းနိုင် ခြင်း၊
(ဈ) ခရိုနီများသာ အခွင့်ထူးခံလူတန်းစားတစ်ရပ် အဖြစ်၊ လူနတ်ချမ်းသာလူတန်းစားအဖြစ်ဆက်လက် ရှင်သန်နေဆဲဖြစ်ခြင်း၊
(ည) ကုန်ဈေးနှုန်းတည်ငြိမ်မှုမရှိခြင်း၊
(ဋ) လူငယ်လူရွယ်အများအပြား ပြည်ပနိုင်ငံများတွင် ပေးသမျှအသပြာငွေဖြင့်အနှိမ်ခံကျွန်ခံအလုပ်ကြမ်း လုပ်နေရခြင်း။
အချို့အချက်များမှာ ပြည်သူများသိပြီး သားဖြစ်၍ ဆောင်းပါးလေးပင်မည်စိုး၍ အနည်းငယ် မျှကိုသာ ထုတ်နုတ်တင်ပြထားခြင်းဖြစ်ပါသည်။
အမှန်စိစိစစ်စစ်ရေးရသော် ပြဿနာပေါင်းသောင်း ခြောက်ထောင်ဟုဆိုပါကလွန်အံ့မထင်။ သန့်ရှင်းသော အစိုးရဖြစ်လိုပါက သမ်္မတအပါအ၀င်အစိုးရအဖွဲ့ဝင် အားလုံး(အောက်ခြေရပ်/ကျေးဥက်္ကဋ္ဌအထိ)သန့်ရှင်း သော စိတ်ထား၊ သန့်ရှင်းသောငွေကြေးပိုင်ဆိုင်မှု၊ မွန်မြတ်သောလုပ်ဆောင်ချက်များနှင့် သံသယကင်း သော ဆောင်ရွက်ချက်များဖြစ်ဖို့လိုပါသည်။
ဤ နေရာတွင် အများပြောစရာဖြစ်နေသော (အသေးအဖွဲကိစ်္စလေးများ) ဟုဆိုနိုင်သော်လည်း အစိုးရအဖွဲ့တစ်ခုအပေါ်ပြည်သူအထင်အမြင်သေး စရာပြဿနာလေးများသည်ရှိနေဆဲပါပင်။
(က) ဘောလုံး၊ နှစ်လုံး၊ သုံးလုံး (ချဲ) ဟုဆိုသော တရားမ၀င်လောင်းကစားများအား လိုင်းကြေးယူ၍ ခွင့်ပြုပေးနေခြင်း၊
(ခ) အသံချဲ့စက်များကို အချိန်၊ အသံတိုးကျယ်၊ အခမ်းအနားအမျိုးအစားအလိုက်မစိစစ်ဘဲခွင့်ပြုပေး နေခြင်း၊ လူများစိတ်ဆင်းရဲမှုခံစားနေရခြင်း၊
(ဂ) တရားမ၀င်အရက်ဆိုင်များမှိုလိုပေါက်နေခြင်း၊
(ဃ) လမ်းဘေးတွင်မက လမ်းပေါ်ထိတိုးချဲ့ဈေး ဆိုင် များကိစ်္စ၊
(င) လိုင်စင်မဲ့ကား၊ မိတ်္တူကူးကား၊ လုံးချိန်းကားများ ဒီရေအလားဝင်ရောက်နေခြင်း။
ဤတွင် သန့်ရှင်းသော အစိုးရ (ဃူနညွေသလနမညာနညအ) ဟူသော အဓိပ်္ပာယ်ကိုမည်သို့ဖွင့်ပါ သနည်း။
(၁) သမ်္မတတစ်ဦးတည်းသန့်ရှင်းနေရုံဖြင့် မသန့်ရှင်း နိုင်ပါ။
(၂) အပေါ်ယံစာရွက်ပေါ်၌ သန့်ရှင်းနေရုံကြွေး ကြော်နေရုံမျှနှင့် မသန့်ရှင်းနိုင်ပါ။
(၃) သန့်ရှင်းကြောင်းကို အစစ်ဆေးအစမ်းသပ်ခံနိုင် ရပါလိမ့်မည်။
မှတ်ကျောက်ဖြင့် အစစ်ဆေးခံရဲရမည်။
ငရဲမီးဖြင့် အတို့ခံရဲရပါလိမ့်မည်။
ကောင်းမွန်သောအစိုးရ (ွသသွိသလနမညာနအ) ဆိုသည်မှာလည်း
(၁) အစိုးရတစ်ဖွဲ့၏ဂုဏ်ဒြပ်မှာ ပြည်သူများအပေါ် (လူများစုဖြစ်သော) ဆင်းရဲသားလူထုအပေါ်အမှန် တကယ်အကျိုးပြုသော ကောင်းမွန်သောလုပ်ရပ်များ ဖြစ်ရန်လိုခြင်း၊
(၂) ပြည်သူများအတွက်ဟု ကြွေးကြော်ပြီး ခရိုနီ အကျိုးပြုစီးပွားရေးမဖြစ်ရန်လိုခြင်း၊ (ဥပမာခုံးကျော် တံတားများ၊ အဆင့်မြင့်ကွန်ဒိုများ၊ ကုန်တိုက်များ)
(၃) မိမိဇာတိ၊ မိဘဆွေမျိုးအသိုင်းအ၀န်းအကျိုး ကွက်ကွက်လေးသာကြည့်၍ ခွင့်ပြုပေးနေသောလုပ် ငန်းများ၊ စီမံကိန်းများ (ကုန်ကြမ်းမရှိ၊ ပါဝါမရှိသော နေရာများတွင်) စက်ရုံများဆောက်လုပ်ထားခြင်း၊ ယခင်အစိုးရလက်ထက်တွင် (မယားနောက်တံတား ပါ၊ တံတားနောက်ရထားပါ) ဟုပြောစမှတ်တွင်ခဲ့ ဖူး၏။ ယနေ့လုပ်ပိုင်ခွင့်ရှိသောဝန်ထမ်းများသည် အရှက်တရားကင်းမဲ့စွာ မြစ်ကျူး၊ ချောင်းကျူး၊ လမ်း ကျူး၊ စီးပွားရေးကျူး၊ တိုက်အိမ်ကျူးများကိုတော့ ခွင့်ပြုပေးနေပြီး ဆင်းရဲသားကျူးများကိုသာနှိပ်ကွပ် နေခြင်း၊ ဆင်းရဲသားကျူးများကို ငွေယူနေရာချထား ပေးပြီး မနိုင်တော့မှသာ အင်အားသုံးဖျက်ဆီးနေခြင်း၊ ရန်ကုန်မြို့တွင်း ငမိုးရိပ်ချောင်းအပါအ၀င် (မြစ် ချောင်းများ) တစ်လျှောက် မြစ်ချောင်းများဖွံ့ဖြိုးတိုး တက်ရေးပိုင်မြေနှင့် စည်ပင်ပိုင်မြေများတွင် အုတ်သဲ ကျောက်၊ ပလတ်စတစ်၊ ကွန်ကရစ်တိုင်လုပ်ငန်းများ အား အရှက်မဲ့စွာခွင့်ပြုပေးနေခြင်းတို့မှာ အစိုးရအဖွဲ့ ၏အရှက်မဲ့သော လုပ်ငန်းများအနက်တချို့တစ်ဝက် မျှသာရှိပေသေးသည်။ ဤသို့ပြည်သူကိုဒုက်္ခဖြစ်စေ သော ပြည်သူမကြိုက်သော အလုပ်များ၊ ထိုအလုပ် များကို မရှက်မကြောက်တရားကင်းမဲ့စွာဆောင်ရွက် နေခြင်းမှာများစွာသောဒုစရိုက်အမှုများကို ကျူးလွန် နေခြင်းပင်ဖြစ်၏။
မြတ်ဗုဒ်္ဓဟောကြားသော အဘိဓမ်္မာ ၇ ကျမ်း အနက် စတုတ်္ထမြောက်ကျမ်းဖြစ်သော ပုဂ်္ဂလပညတ်္တိ ကျမ်း၌ လောကီဘုံသားတို့အတွက် ဟိရိ၊ သြတ်္တပ်္ပ တရားများကို စောင့်ထိန်းသိမ်းစေရန် ပညတ်များကို ဟောကြားခြင်းဖြစ်သည်ဟု ပုဂ်္ဂလပညာသင်ကြား သော ရည်ရွယ်ချက်ကဆိုပါသည်။ ဒုကပုဂ်္ဂလပညတ် တွင်ဟိရိနှင့် အဟိရိကတစ်တွဲ၊သြတပ်္ပနှင့်အနေတ်္တပ်္ပ သည်တစ်တွဲဖြစ်ပါသည်။ ဟိရိသည် ဒုစရိုက်မှ ရှက်တတ်ခြင်းဖြစ်၍ အဟိရိကာသည် ဒုစရိုက်မှ မရှက်တတ်ခြင်းဖြစ်၏။ အဘိဓမ်္မာအလိုအရ
ဒုစရိုက်မှ မရှက်တတ်သော ပုဂ်္ဂိုလ်ဟူသည် အဘယ် နည်း
ထိုစကား၌ ဒုစရိုက်မှ မရှက်ခြင်း အဟိရိက ဟူသည်အဘယ်နည်း။အကြင်ဒုစရိုက်မှုကိုရှက်သင့် ပါ လျက်မရှက်၊ ဤယုတ်မာသော အကုသိုလ်တရား တို့ သို့ရောက်ခြင်းမှ မရှက်ခြင်းကိုဒုစရိုက်မှ မရှက် ခြင်း “အဟိရိက” ဟူ၍ ဆိုအပ်၏။ ဤဒုစရိုက်မှ မရှက် ခြင်း “အဟိရိက” နှင့် ပြည့်စုံသော ပုဂ်္ဂိုလ်ကို ဒုစရိုက်မှ မရှက်တတ်သောပုဂ်္ဂိုလ်ဟူ၍ ဆိုအပ်၏။
“ြ”သည် ဒုစရိုက်မှကြောက်လန့်ခြင်းဖြစ်၍
“အနောတ်္တပ်္ပ”သည် ဒုစရိုက်မှ မကြောက်လန့်ခြင်း ဖြစ်၍
ဒုစရိုက်မှ မကြောက်လန့်တတ်သော ပုဂ်္ဂိုလ်ဟူသည် အဘယ်နည်း။
ထိုစကား၌ ဒုစရိုက်မှ မကြောက်လန့်ခြင်း “အနောတ်္တပ်္ပ” ဟူသည့် အဘယ်နည်း။အကြင်ဒုစရိုက် အမှုကိုကြောက်သင့်ပါလျက် မကြောက်လန့်၊ ဤ ယုတ်ညံ့သောအကုသိုလ်တရားတို့ကိုရောက်ခြင်းမှ မကြောက်လန့်ခြင်းကို ဒုစရိုက်မှ မကြောက်လန့်ခြင်း၊ အနောတ်္တပ်္ပဟူ၍ ဆိုအပ်၏။
ဒုစရိုက် မကြောက်လန့်ခြင်း “အနောတ်္တပ်္ပ”နှင့် ပြည့်စုံသောပုဂ်္ဂိုလ်မှ မကြောက်လန့်တတ်သော ပုဂ်္ဂိုလ်ဟူ၍ ဆိုအပ်ခြင်း။
(ပါဠိမှတိုက်ရိုက်ဘာသာပြန်ယူထားသဖြင့် စကားဆက်များထောက်နေပါလိမ့်မည်)
အစိုးရအဆင့်ဆင့်အနေဖြင့်လည်းကောင်း၊ ၀န်ထမ်းအဖွဲ့အသီးသီးအနေဖြင့်လည်းကောင်း၊ ပြည်သူများအနေဖြင့်လည်းကောင်း၊ နိုင်ငံပါတီအသီး သီးအနေဖြင့်သော်လည်းကောင်း၊ အဟိရိကနှင့် အနောတ်္တပ်္ပကိုရှောင်၍ ဟီရိ၊ သြတ်္တပ်္ပတို့နှင့် ပြည့်စုံ ရပါလိမ့်မည်။
သို့ပါ၍ကျွန်ုပ်တို့အလိုရှိသောအစိုးရဆိုသည် မှာ သန့်ရှင်းသောအစိုးရ (Clean Government)၊ ကောင်းမွန်သောအစိုးရ (Good Government) ဖြစ်ဖို့အပြင်ဒုစရိုက်ကျူးလွန်ရမှာကိုရှက်တတ်သော အစိုးရ (Diffident Government)?)၊ ကြောက်တတ် သောအစိုးရ (Timid Government) ထိုအစိုးရမျိုးကို သာအလိုရှိပါကြောင်း။

လှတင့်ဆွေ (ပိန်းဇလုပ်)
Hot News Weekly

0 comments:

Post a Comment