Wednesday, March 23, 2016

NLD မှ ရွေးချယ်ထားသော မြန်မာ့စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝန်ကြီးမှာ PhD ဘွဲ့တံဆိပ် အတုကို ဝယ်ယူကိုင်ဆောင်ထားဟုဆို


မြန်မာအစိုးရသစ်မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ရွေးချယ်ထားသော အသက် ၆၈ နှစ်ရှိ ဦးကျော်ဝင်းသည် မည်သည့်အခါကမှ အမေရိကန်ပြည်ထောင်စု၌ ပညာသင်ကြားခြင်းမရှိဖူးပါဘဲလျက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်သော ကိုယ်ရေးမှတ်တမ်း၌ အမေရိကန်ပြည်ထောင်စုရှိ ဘရွတ်ကလင်း ပါ့ခ် တက္ကသိုလ် Brooklyn Park University မှ မာစတာဒီဂရီနှင့် ပါရဂူဘွဲ့ Ph.D ရရှိထားသည်ဟု ဖော်ပြထားသည်။ ဖေ့စဘုတ်သုံးစွဲသူ "Win Thu" ဆိုသူမှ ဦးကျော်ဝင်း၏ CV နှင့် New York Times သတင်းစာမှ စုံစမ်းမှုအကြောင်း လင့်ကို တွဲလျက်တင်ခဲ့ရာ ဝန်ကြီး၏ ဘွဲ့ဒီဂရီအတုအကြောင်းမှာ ဖေ့စဘုတ်သုံးစွဲသူများကြား ပျံ့နှံ့သွားခဲ့သည်။

ပါကစ္စတန်ဆော့ဝဲကုမ္ပဏီ Axact သည် ပညာရေးဝတ်ဗ်ဆိုက်များ ဖန်တီးပြီး တက္ကသိုလ်တု ၃၇၀ ကျော်ကို ဖန်တီးခဲ့ရာ ထိုအထဲ Brooklyn Park University လည်း ပါဝင်ခဲ့သည်။ ထိုတက္ကသိုလ်များမှ မြောက်များစွာသော ငွေကြေးလက်ခံကာ ဘွဲ့တံဆိပ်များ ထုတ်ပေးလျက်ရှိသည်။ ယင်းအကြောင်းကို ပြီးခဲ့သည့် မေလက New York Times သတင်းစာမှ ဖော်ထုတ်ခဲ့သည်။

အင်္ဂါနေ့ညနေပိုင်းက ဦးကျော်ဝင်းသို့ ဆက်သွယ်၍ ၎င်းရရှိထားသောဘွဲ့တံဆပ်မှာ အတုဖြစ်ပါသလားဟု မေးမြန်းသောအခါ ဟုတ်မှန်ကြောင်း ဝန်ခံလိုက်သည်။

၂၀၀၅ ခုနှစ်က ကာလီဖိုးနီးယားတက္ကသိုလ်သို့ ဝင်ခွင့်ရရှိရန် ကြိုးစားရာမရခဲ့သဖြင့် ၂၀၀၈ ခုနှစ်တွင် ယခုလို Brooklyn Park University သို့ချိတ်ဆက်ရယူခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံသည်။ ယခု ၎င်း၏အမည်ရှေ့တွင် ဒေါက်တာ Dr ဟူသည့်စကားလုံးကို နောက်နောင်မသုံးတော့ပါဟု ဦးကျော်ဝင်းမှ ပြောကြားခဲ့သည်။

မိမိသည် မည်သည့်အခါကမျှ အမေရိကန်သို့သွားရောက်၍ ပညာမသင်ဖူးကြောင်း၊ အစိုးရစီမံကိန်းဌာန၌ နှစ် ၂၀ ကျော် အတွေ့အကြုံ၊ ဘဏ္ဍာရေးဌာန၌ ၇ နှစ်နှင့် NLD ပါတီစီးပွားရေးအကြံပေးအတွေ့အကြုံများသာရှိပါကြောင်း ဦးကျော်ဝင်းမှ ဝန်ခံပြောကြားခဲ့သည်။

ဦးကျော်ဝင်း၏ CV ၌ ၁၉၄၈ တွင် ဧရာဝတီတိုင်းဒေသကြီး၊ လက်ပွတ္တာမြို့နယ်တွင် မွေးဖွားသည်၊ ပုသိမ်တွင် အထက်တန်းအောင်မြင်သည်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရသည်ဟု ဖော်ပြပြီး ဘွဲ့အတုများဖြစ်သော မာစတာဒီဂရီ နှင့် PhD ဘွဲ့များကိုလည်း ရရှိခဲ့သည်ဟု ရေးသားခဲ့သည်။

ဦးကျော်ဝင်းသည် ၁၉၇၂ မှ ၁၉၉၇ အထိ အစိုးရစီမံကိန်းဌာန၌ လည်းကောင်း၊ ၁၉၉၂ မှ ၁၉၉၇ အထိ ဘဏ္ဍာရေးနှင့်အခွန်ဌာန၌ လည်းကောင်း အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထို့နောက်ပိုင်းတွင် NLD ပါတီ၏ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ "မောင်ကျော်ဝင်း" (သို့မဟုတ်) "ဒေါက်တာကျော်ဝင်း" ဟူသောကလောင်အမည်ဖြင့် NLD ပါတီ၏ စီးပွားရေးအတွေးအမြင်များကို ဆောင်းပါးများရေးသားလေ့ရှိသည်။

Credit>>>Soe Moe Hlaing

0 comments:

Post a Comment