Wednesday, March 16, 2016

ဘာစီလိုနာကို အနိုင်ရဖို့ အာဆင်နယ် ပြင်ထားသင့်တဲ့ အချက် ( ၅) ချက်

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက်ဖို့ အာဆင်နယ်က ဘာစီလိုနာကို အနည်းဆုံး နှစ်ဂိုး သွင်းဖို့ လိုပါတယ်။


ဘာစီလိုနာနဲ့ အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို ဒီနေ့ည ကြည့်ရှုကြရဦးမှာပါ။ ပထမအကျော့ အိမ်ကွင်း အမ်းမရိတ်မှာကတည်းက အာဆင်နယ်ဟာ ဘာစီလိုနာကို နှစ်ဂိုးပေးပြီး ရှုံးခဲ့ရတဲ့အတွက် ဒီပြိုင်ပွဲဟာ အာဆင်နယ်အတွက် သိပ်မလွယ်ကူတော့ပါဘူး။

ဒါပေမယ့် ဘောလုံးလောကမှာ ဘာမဆို ဖြစ်သွားနိုင်တယ်ဆိုတဲ့ စကားရှိပါတယ်။ အားလုံးကတော့ ဘာစီလိုနာနဲ့ ပွဲစဉ်မှာ အာဆင်နယ်က အောက်အသင်းလို့ သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် ဘာစီလိုနာကို အနိုင်ရဖို့ အာဆင်နယ် လုပ်နိုင်တဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ မရပ်မနား တိုက်စစ်ဆင်ခြင်း

ဘာစီလိုနာ ခံစစ်က အကောင်းဆုံး အခြေအနေမှာ မရှိပါဘူး။ တောင်ပံတိုက်စစ် ကစားသမားတွေနဲ့ မရပ်မနား ဖိအားပေးတဲ့အခါ ဘာစီလိုနာ အခက်တွေ့ရလေ့ရှိပါတယ်။ အသလက်တီကို၊ ဘီဘာလ်အို စတဲ့အသင်းတွေက ဘာစီလိုနာကို ဒီလိုပုံစံနဲ့ ရင်ဆိုင်ပြီး ရလဒ်ကောင်းလေ့ရှိပါတယ်။ တိုက်စစ်မှူး ဂျီရော့ဒ်၊ ဆန်းချက်ဇ်နဲ့ ဝဲလ်ကော့တို့ကို တစ်ပြိုင်နက် ထည့်သွင်းသင့်ပါတယ်။

၂။ ပထမပိုင်း ဂိုးရအာင် ယူခြင်း


ပထမပိုင်းမှာ ဘာစီလိုနာ ဂိုးရဖို့ အခက်တွေ့လေ့ရှိပါတယ်။ အထူးသဖြင့် ပွဲအစောပိုင်းမှာပါ။ အာဆင်နယ်အနေနဲ့ ဦးဆောင်ဂိုး စောစောရအောင်လုပ်ပြီး အသာစီး ယူနိုင်ပါတယ်။

၃။ ပွဲပန်းမှုကို အခွင့်ကောင်းယူခြင်း


အာဆင်နယ်က ဘာစီလိုနာကို အနိုင်ယူဖို့ အခွင့်အရေး တစ်ခါမှ မရခဲ့ဘူးလို့ အာစင်ဝင်းဂါး ပြောဖူးပါတယ်။ အခုတော့ ရလာပါပြီ။ ဘာစီလိုနာကစားသမား နှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ နေမာဟာ အနားမရတာ အတော်ကြာခဲ့ပါပြီ။ ပြီးခဲ့တဲ့နှစ် ကိုပါအမေရိက ဖလားမှာကတည်းက ဒီနှစ်ယောက် အနားမရခဲ့တာပါ။ ဒဏ်ရာ ရနေချိန်မှသာ အနားရပါတယ်။ ဒီပွဲမတိုင်ခင်မှာလည်း ဘာစီလိုနာက ဂီတာဖေးကို ၆ ဂိုးသွင်းပြီး ခြေကုန်ထုတ်ထားပါတယ်။ အာဆင်နယ်အနေနဲ့ ကိုယ်ကာယ ကြံ့ခိုင်မှုမှာ ဘာစီလိုနာထက် ပိုပြီး အသာစီး ရနိုင်ပါတယ်။

၎။ မာတီဆက်ကာကို ပွဲထွက်ခွင့် မပေးရန်


အာဆင်နယ်နောက်ခံလူ မာတီဆက်ကာဟာ နှေးကွေးလေးလံတဲ့ ကစားသမားပါ။ ဘာစီလိုနာနဲ့ တွေ့တဲ့အခါ အရပ်မြင့်တဲ့ နောက်တန်း ကစားသမားတွေက သိပ်အသုံးမတည့်လှပါဘူး။ လျှင်မြန်တဲ့ နောက်ခံ ကစားသမားမျိုး ပိုလိုအပ်ပါတယ်။

၅။ ကံတရား


ကံတရားလည်း အာဆင်နယ်ဘက်မှာ ရှိဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာစီလိုနာက ပိုကောင်းတဲ့ အသင်းဖြစ်နေလို့ပါ။ ဘာစီလိုနာ ကန်ချက်တွေက အာဆင်နယ်ဂိုးတိုင်တွေချည်း ထိနေမယ် ဆိုရင်လည်း အာဆင်နယ် ဒီပွဲအနိုင်ရဖို့ မျှော်လင့်နိုင်ပါတယ်။

Source & Photos : Mirror
duwun.com

0 comments:

Post a Comment