Tuesday, March 29, 2016

ရုပ်ရှင် အကြိုခံစားခြင်း - အချစ်စစ်


−ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍ မှာတော့ ၀ိညာဉ်အချစ်ကားလေး ကို ညွှန်းပေးလိုက်ပါတယ်။

နေလင်းထွန်းတောက်က တစ်ဦးတည်းသောသားဖြစ်သလို သူ့အဖေကလည်း နောက်အိမ် ထောင်ပြုထားတဲ့အတွက် သူ့အ ထိန်းတော်ကြီးမေနဲ့ အိမ်ခွဲနေပါ တယ်။ သူ့မှာ ရူပါဆိုတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။ ရူပါရဲ့ မိဘတွေကတော့ နေလင်းထွန်း တောက်ကို အရမ်းအရေးပေးပါ တယ်။ နေလင်းထွန်းတောက်က လည်း ရူပါ့ကို လက်ထက်ဖို့အထိ ရည်ရွယ်ထားပါတယ်။တစ်ရက်မှာတော့ နေလင်း ထွန်းတောက် သူ့အဖေနဲ့စကား များပြီး ကားမောင်းလာရင်းအဘွား အိုတစ်ဦးကို တိုက်မိမလိုဖြစ်ခဲ့ပါ တယ်။ အဲဒီအဘွားအိုကို နေလင်း ထွန်းတောက်က ဒေါသထွက်ပြီး အော်ခဲ့ပါတယ်။ အဲဒါကြောင့် အဘွားအိုက နေလင်းထွန်းတောက်ကို ကျိန်စာကျိန်ဆိုခဲ့ပါတယ်။

နောက်ရက်မှာတော့ နေ လင်းထွန်းတောက် မနက်ပိုင်းအ ပြေးလေ့ကျင့်နေရင်း ကားတိုက် ခံလိုက်ရပါတယ်။ ကားတိုက်ခံရ တာကြောင့် သူ့ခန္ဓာကိုယ်မှာ ဘာ ဒဏ်ရာတွေရနေလဲကြည့်ပေမယ့် ဘာဒဏ်ရာမှမတွေ့ရပါဘူး။ တ ကယ်တော့ နေလင်းထွန်းတောက် က ၀ိညာဉ်ဘ၀ကို ရောက်သွား တာပါ။ သူ့ရဲ့ခန္ဓာကိုယ်ကြီးကို သူ ပြန်မြင်ရတဲ့အချိန်မှာ သူလန့်သွား ခဲ့ပါတယ်။ အဲဒါကြောင့် သူ့ခန္ဓာ ကိုယ်ကြီး သယ်သွားတဲ့နောက်ကို လိုက်လာခဲ့ပါတယ်။

အဲဒီလိုနဲ့ ဆေးရုံကိုရောက် သွားခဲ့ပါတယ်။ အဲဒီမှာ ကောင်မလေး တစ်ယောက်ကို မြင်ခဲ့ရပါတယ်။ ဆေးရုံ တွန်းလှည်းက ကောင်မလေးရဲ့ ခန္ဓာကိုယ်ကို ဖြတ်ဖောက်ပြီး ၀င်သွားတာပါ။ အဲဒါကြောင့် ကောင်မလေးကိုသူ ခေါ်လိုက်ပါတယ်။ ကောင်မလေး ကလည်း သူ့ကို လှည့်ကြည့်ပါ တယ်။ ဒါပေမဲ့ ချက်ချင်း ပြန်လှည့်သွားပြီး ကိုယ်ဝန်ဆောင် တစ်ယောက်ရဲ့ တွန်းလှည်းဆီကို ငေးကြည့်ရင်း နာရီကိုလည်း ကြည့်နေပါတယ်။ အဲဒီအချိန်မှာ နေလင်းထွန်းတောက်က စိတ်တို ပြီး ကောင်မလေးလက်ကို သွား ဆွဲခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ကိုယ်ဝန်ဆောင်မိန်းမရဲ့ ဗိုက်ထဲ ကို တခြားဝိညာဉ်တစ်ခုက ၀င် သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ကောင်မလေးက လူအဖြစ်ပြန်ဝင်စားဖို့ ကြိုးစားနေတယ်ဆိုတာကို သိခဲ့ရပါတယ်။ ကောင်မလေးနာမည်က မေပါ။ မေကသူ့ဆရာပြောတဲ့ မိခင်ရဲ့ ဗိုက်ထဲကို လူဝင်စားရမှာပေါ့။ အဲဒီအချိန်အထိ နေလင်းထွန်းတောက်ရဲ့ ခန္ဓာ ကိုယ်ကြီးကတော့ ဆေးရုံမှာ ဆေးကုမှုခံနေရဆဲပါ။

နေလင်းထွန်းတောက်အသက်ရှင်ဖို့ မေက ဘယ်လိုကူညီပေးမှာလဲ။ အဘွားအိုကြီး ကျိန်လိုက်တဲ့ကျိန်စာကကော ဘာလဲဆိုတာကိုတော့ မြန်မာနှစ်ဆန်း တစ်ရက်မှာ ရုံတင်ပြသတော့မယ့် ‘အချစ်စစ်’ ဆိုတဲ့ ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ နေလင်းထွန်းတောက်အဖြစ် နေတိုးနဲ့ မေအဖြစ် ရွှေမှုံရတီတို့က အဓိက ပါဝင်သရုပ်ဆောင် ထားပါတယ်။

အကြည်တော်ရဲ့ ၀တ္ထုဇာတ်လမ်းကို အဆွေတော် ဇာတ်ညွှန်းရေးပေးထားပြီး ဒါရိုက်တာ သိန်းဟန်(ဖီးနစ်)က ရိုက်ကူးပုံဖော်ထားပါတယ်။ ။

7Day Daily

0 comments:

Post a Comment