Tuesday, March 29, 2016

ခရီးသည်အမျိုးသမီးအား ညစ်ညမ်းဗီဒီယိုပြသည့်ယာဉ်မောင်းကို စုံစမ်းရှာဖွေနေ

အငှားယာဉ်မောင်းက ကားအတွင်း မဖွယ်မရာ ဗီဒီယိုပြသနေစဉ် (ဓာတ်ပုံ - Su Myat Win Facebook)

ခရီးသည်အမျိုးသမီး ငယ်အား ညစ်ညမ်းဗီဒီယိုပြသခဲ့ သည့်ယာဉ်မောင်း မောင်းနှင် သော ယာဉ်ကို သိမ်းဆည်းရမိ ထားပြီး ယာဉ်မောင်းမှာမူ တိမ်း ရှောင်နေဆဲဖြစ်ကြောင်း အမှတ် (၂)ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ သ တင်းရရှိသည်။‘‘ကားကိုတော့ သက်သေခံ အဖြစ် သိမ်းထားတယ်။ စစ်ဆေး ပြီးရင် ခံဝန်နဲ့ကားကို ပြန်ပေးလို့ ရတယ်။ ယာဉ်မောင်းကတော့ မမိသေးဘူး။ တိမ်းရှောင်နေဆဲပဲ’’ ဟု အမှတ်(၂)ယာဉ်ထိန်းတပ်ဖွဲ့ခွဲ မှူးရုံးမှ ဒုရဲမှူးကြီး အောင်ကိုဦး ကပြောကြားသည်။

မတ်လ ၂၄ ရက်က အမျိုးသမီးငယ်တစ်ဦးသည် မိခင်နှင့်အတူ ဆေးခန်းသို့သွားစဉ် လမ်းပိတ်နေ ချိန်တွင် အငှားယာဉ်မောင်းက လက်ကိုင်ဖုန်းကို အသံပိတ်ကာ နောက်ခန်း၌ ထိုင်နေသည့် အမျိုး သမီးငယ်မြင်အောင် ညစ်ညမ်း ဗီ ဒီယိုပြသခဲ့သည်ဟု လူမှုကွန်ရက် တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြရေး သားထားသည်။

အဆိုပါအငှားယာဉ်ကို မတ် လ ၂၇ ရက် နံနက် ၈ နာရီခန့်က သက်သေခံအဖြစ် သင်္ဃန်းကျွန်း မြို့နယ်တွင် ကားပိုင်ရှင်ထံမှ သိမ်းဆည်းခဲ့ပြီး ယာဉ်မောင်းကို စုံစမ်းရှာဖွေလျက်ရှိကြောင်း အ မှတ်(၂) တပ်ဖွဲ့ခွဲမှူးရုံးမှ သတင်း ရရှိသည်။

သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့ထံသို့ ဆက်သွယ်မေးမြန်းရာ အဆိုပါအမှုနှင့်ပတ်သက်၍ တိုင် ကြားထားခြင်းမရှိကြောင်း မြို့ နယ် ရဲအရာရှိတစ်ဦးကပြောကြား သည်။

အမျိုးသမီးများကို ယခုကဲ့ သို့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု များရှိပါက ပြစ်မှုဥပဒေပုဒ်မ ၅၀၉ ဖြင့် တရားစွဲဆိုနိုင်ပြီး ထောင်ဒဏ် တစ်နှစ်နှင့် ငွေဒဏ်ပါ ချမှတ်နိုင် သည်။မည်သူမဆို ညစ်ညမ်းဗီဒီယို ကားများ၊ ဓာတ်ပုံများ၊ စာသား များကို ဖုန်းအတွင်းထားရှိခြင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးစဉ်တွေ့ရှိပါကညစ်ညမ်းဗီဒီယိုကားများ လက်ခံထားရှိခြင်း ဥပဒေဖြင့် ဖမ်းဆီးအရေးယူနိုင် ကြောင်း ဥပဒေပညာရှင်တစ်ဦး က ပြောသည်။

7Day Daily

0 comments:

Post a Comment