Monday, March 14, 2016

ဒီလေးလအတွင်းမှာတော့ .... ကိုယ် သမ္မတ ဖြစ်ရေးဟာ ဦးစားပေး ပထမ ........ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးက ဦးစားပေး ဒုတိယ ...


၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် NLD ပါတီ က မဲအရေအတွက် ၁၂ သန်း ဖြင့် အနိုင်ရရှိခဲ့ပါသည် ။ ဒုတိယရရှိသည့် ပြည်ခိုင်ဖြိုးပါတီ၏ မဲရလဒ်မှာ ၆သန်းနီးပါး ဖြစ်ပြီး မဲလာမပေးသူ အရေအတွက်မှာ ၁၀သန်း ခန့်  ဖြစ်ပါသည် ။ လွှတ်တော်အမတ်များ ရွေးကောက်တင်မြှောက်ပုံ စနစ်အရ NLD ပါတီမှာ လွှတ်တော်နှစ်ရပ်လုံးတွင် ထိုင်ခုံနေရာများ အပြတ်အသတ်ရရှိသွားခဲ့ကာ အစိုးရအဖွဲ့ ကိုလည်း စိတ်တိုင်းကျ ဖွဲ့ စည်းနိုင်သည့်  အနေအထား ဖြစ်သွားခဲ့ပါသည် ။
NLD ပါတီ၏ အနိုင်ရရှိမှုအား ပြိုင်ဘက်အာဏာရ ပြည်ခိုင်ဖြိုးပါတီ နှင့် တပ်မတော်တို့ မှ အသိအမှတ်ပြုခဲ့ပြီး အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ်များလည်း ချောမွေ့ စွာ ဆက်တိုက်ပေါ်ထွက်ခဲ့ပါသည် ။ လက်ရှိအနေအထားမှာ မကြာခင် အာဏာလွှဲပြောင်းတော့မည့် အနေအထားဖြစ်ပါသည် ။ သမ္မတသစ်၏ ကျမ်းသစ္စာကျိန်ဆိုမှုအား လွှတ်တော်တွင် ပြုလုပ်မည် ဖြစ်ကာ တာဝန်လွှဲပြောင်းခြင်း အခမ်းအနားကို သမ္မတအိမ်တော်တွင် ပြုလုပ်သွားမည် ဖြစ်ပါသည် ။ ထိုအခမ်းအနားတွင် နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့ က သမ္မတအသစ်အား အလေးပြုမည် ဖြစ်ပါသည် ။ ဆိုလိုသည်မှာ အာဏာ လွှဲပြောင်းရေး လုပ်ငန်းစဉ်များအားလုံး အထစ်အငေါ့မရှိပါ ။ လက်ရှိ အာဏာရပါတီမှလည်း ကြည်ဖြူစွာ အာဏာလွှဲပြောင်းပေးသည့် အပြင် တပ်မတော်မှလည်း ထောက်ခံ ကြိုဆိုခဲ့ပါသည် ။

သို့ သော် ရွေးကောက်ပွဲ အနိုင်ရပါတီ NLD ၏ အနေအထားမှာ တစ်ဘက် လက်ရှိ အာဏာရပါတီနှင့် တပ်မတော်တို့ ၏ လုပ်ငန်းစဉ်အနေအထားလောက် ရိုးရှင်းပွင့်လင်းခြင်း မရှိပါ ။ ရွေးကောက်ပွဲ အနိုင်ရသည့် နိုဝင်ဘာလမှ စတင်ရေတွက်လျှင် အချိန်ကာလအားဖြင့် လေးလကျော် ကြာမြင့်လာခဲ့ပြီဖြစ်ပါသည် ။ ထိုလေးလအတွင်း NLD ပါတီ၏ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လုပ်ဆောင်ချက်များကြောင့် မလိုလားအပ်သည့် နိုင်ငံရေး ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့ရပါသည် ။ထိုရှုပ်ထွေးမှုများသည် ပြည်သူအများစုအား စိတ်ညစ်ညူးမှုများကို ဖြစ်ပေါ်စေခဲ့ပါသည် ။
ရွေးကောက်ပွဲ အနိုင်ရပါတီ၏ လုပ်ငန်းစဉ်များမှာ များစွာရိုးရှင်းလှပါသည် ။ ပထမဦးစွာ လွှတ်တော် ဥက္ကဌများ ရွေးကောက်တင်မြှောက်ခြင်း ဖြစ်ပါသည် ။ ထိုနောက် ဒု သမ္မတလောင်း အမည်စာရင်း ကြေငြာကာ သမ္မတကို ရွေးကောက်တင်မြှောက်ပြီး အစိုးရအဖွဲ့ အမည်စာရင်းကို ထုတ်ပြန်ကြေငြာကာ အစိုးရအဖွဲ့ ဖွဲ့ စည်းရန်ဖြစ်ပါသည် ။ ထို့ နောက် အာဏာလွှဲပြောင်းကာ တိုင်းပြည်ကောင်းရာကောင်းကြောင်းကို စွမ်းစွမ်းတမံဆောင်ရွက်သွားရန် ဖြစ်ပါသည် ။ သို့ သော်လည်း NLD အနေဖြင့် ထိုမျှရိုးရှင်းသည့် လုပ်ငန်းစဉ်အား ပြည်သူများကြားတွင် စိတ်ရှုပ်ထွေးအောင် လုပ်ဆောင်ခဲ့သည့် ကိစ္စ များစွာ ရှိပါသည် ။

သမ္မတ အထက်တွင် ကျွန်မ ရှိသည်

ပထမဦးဆုံးလုပ်ဆောင်မှုမှာ ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော်ပြောကြားခဲ့သည့် သူမ သမ္မတ မဖြစ်ပါက သမ္မတ၏ အထက်မှ နေမည်ဟူသော စကားဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတ အထက်မှ နေသည် ဖြစ်စေ မနေသည်ဖြစ်စေ ထိုစကားမှာ လုံးဝ မပြောသင့် မပြောထိုက်သည့် စကားဖြစ်ပါသည်။ ထိုစကားကြောင့် မြန်မာ့နိုင်ငံရေး အသိုင်းအ၀န်းသာမက ကမ္ဘာ့ နိုင်ငံရေးစိတ်ပါဝင်စားသူများ အကြားတွင်ပါ အငြင်းပွားမူများ များစွာဖြစ်ခဲ့ရပါသည် ။
အခြေခံဥပဒေနှင့် ညှိစွန်းနေမှုကြောင့် သမ္မတဖြစ်ခွင့် မရနိုင်သည့် ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်မည့် သမ္မတမှာ ဒေါ်အောင်ဆန်းစုကြည်၏ သစ္စာခံဖြစ်မည့် အကြောင်း မည်သူမှ အငြင်းပွားမည် မဟုတ်ပါ ။ အငြင်းပွားစရာ မရှိသည့် ပြောစရာမလိုသည့် စကားကို တမင်သက်သက် ထုတ်ဖော်ပြောဆိုကာ မဏ္ဍပ်တိုင်တက်ပြထားသည့် ကိစ္စသည် အချက်တစ်ချက်သာ ဖြစ်နိုင်ပါသည်။ ထိုအချက် မှာ တက်လာမည့် မြန်မာနိုင်ငံသမ္မတသည် သူ့ တပည့်သာဖြစ်ပါသည် ။ အရေးကြီးပြောစရာ အကြောင်းကိစ္စရှိရင် သူ့ ကိုသာ ပြောကြပါ ။ သူသာ အဆုံးအဖြတ်ပေးမည့် သူဖြစ်သည် ဟူသည့် သတင်းစကားကို တစ်ကမ္ဘာလုံးသို့  တရားဝင် ထုတ်ဖော်ပြောကြားခြင်း ဖြစ်ပါသည်။ ထိုစကားကြောင့်လည်း သမ္မလောင်း ဦးထင်ကျော်အား ရွေးချယ်ကြောင်း ထုတ်ပြန်ကြေငြာသည့်အခါ ကမ္ဘာ့ သတင်းမီဒီယာများက ရုပ်သေး သမ္မတ ၊ ရုပ်သေးအစိုးရ ၊ ဒရိုင်ဘာ သမ္မတ စသည့် အသုံးအနူန်းများ ၀ိုင်းသုံးကြခြင်း ဖြစ်ပါသည် ။
နိုင်ငံတကာ သတင်းစာများက ထိုကဲ့ သို့ သုံးနူန်းမှုအပေါ် မြန်မာပြည်သူအများစုက ဒေါသတကြီး ဆန့် ကျင် ကန့် ကွက်ကြပါသည်။ အချို့ သော သတင်းဌာနများက စကားအသုံးအနူန်းကို ပြန်လည် ပြင်ဆင်ပေးသော်လည်း အချို့ က မပြင်ပါ ။ ကမ္ဘာ့ ပြည်သူအများစု၏ အမြင်တွင်လည်း မြန်မာနိုင်ငံသမ္မတသည် ရုပ်သေးသာသာမျှသာ ဖြစ်သည်ဟူသော အမြင်တစ်ခု စွဲဝင်သွားပြီ ဖြစ်ပါသည် ။ ထိုကိစ္စ၏ အဓိက လက်သည် တရားခံမှာ ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်ပါသည် ။ မဆလခေတ် သမ္မတကြီး ဦးစန်းယု၏ အထက်တွင် ပါတီဥက္ကဌကြီး ဦးနေ၀င်းရှိကြောင်း လူတိုင်းသိပါသည် ။ သို့ သော် ဦးစန်းယုအထက်တွင် ကျွန်တော်နေပါသည် ကျွန်တော်ဦးဆောင်ပါသည်ဟူသော စကားကို အာဏာရှင်ဟု ထင်ရှားခဲ့သော ဦးနေ၀င်းပင် တရားဝင် ထုတ်ပြောခြင်း မရှိခဲ့ပါ ။ ထို သမ္မတ အထက်တွင် ကျွန်မရှိသည်ဟူသော ပြသနာကြောင့် နိုင်ငံရေး အငြင်းပွားမှုများ ဖြစ်ကာ ပြည်သူအများစု စိတ်ရှုပ်ထွေး ခဲ့ကြပါသည် ။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ကို ဖြစ်ရမည်

ဒေါ်အောင်ဆန်းစုကြည်သာလျှင် ပါတီ၏ တရားဝင် ပြောရေးဆိုခွင့်ရှိသူဟူသည့် ထုတ်ပြန်ချက်တစ်စောင်ကို NLD ပါတီမှ ထုတ်ပြန်ကြေငြာခဲ့ဖူး ပါသည် ။ ထိုစကားကြောင့် ကျန်သူများ၏ ပြောစကားမှာ တရားမ၀င်ဟူသည့် သဘောသို့ သက်ရောက်သွားခဲ့ပါသည် ။ ထိုကြေငြာချက် ထုတ်ပြန်ပြီးသည် နှင့်တစ်ပြိုင်နက် ခပ်စိတ်စိတ် ထွက်ပေါ်လာသည့် စကားများမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရမည် ။ အခု မဖြစ်လဲ နောင်ဖြစ်မည် ။ ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတ စသည့် စကားများအား ဦးတင်ဦး ၊ ဦးဝင်းထိန် အစရှိသူတို့ က တွင်တွင် ထုတ်ဖော်ပြောခဲ့ပါသည် ။ ထိုစကားများကြောင့် ပြည်သူများအတွင်း ယခုတက်လာမည့် သမ္မတ မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည် ။ ၅၉ စလုံး ပြင်တော့မည် ။ သို့ မဟုတ် ချွင်းချက်ဖြင့် ကန့် သတ်မည် စသဖြင့် စသဖြင့် ဝေဖန်တွေးဆ ငြင်းခုန်မှုများ အများအပြား ရှိလာခဲ့ပါသည် ။
ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းသာ ပါတီ၏ ပြောရေးဆိုခွင့် ရှိသူဟုဆိုလျင် ကျန်ပြောရေးဆိုခွင့် မရှိသူများ၏ မူဝါဒပိုင်းဆိုင်ရာ သမ္မတကိစ္စကဲ့ သို့ သော ပြောဆိုမှုများကို ဟန့် တားရမည် ဖြစ်ပါသည် ။ သို့ သော်လည်း ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် တစ်ခွန်းတစ်ပါဒမျှ ဟန့် တားခြင်း မပြုခဲ့ပါ ။ အဖြေမှာ ရိုးရှင်းပါသည် ။ ထိုစကားများအား ဒေါ်အောင်ဆန်းစုကြည် ၏ ညွှန်ကြားချက်အရ မူဝါဒအရ ပြောဆိုခြင်း သို့ မဟုတ် ကိုယ့်အကြိုက် စကားလုံးများ ဖြစ်နေသဖြင့် ဆက်ပြောပါစေဟူသော သဘောဖြင့် မသိချင်ဟန် ဆောင်နေခြင်းသာ ဖြစ်ပါသည် ။ ထိုကိစ္စသည်လည်း ပြည်သူများအတွင်း ငြင်းခုန်မှုများ အများအပြား ပေါ်ပေါက်လာစေခဲ့သည့် ကိစ္စတစ်ခု ဖြစ်ပါသည် ။

သမ္မတ ဖြစ်ရေး တွေ့ ဆုံဆွေးနွေးမှုများ

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲ အနိုင်ရပြီးချိန်တွင် တွေ့ ဆုံဆွေးနွေးမှုများ အများအပြား ပြုလုပ်ခဲ့ပါသည်။ ထိုအထဲတွင် အဓိက ပြသနာတက်စေခဲ့သည့် တွေ့ ဆုံမှုမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) နှင့် တွေ့ ဆုံဆွေးနွေးမှုများ ဖြစ်ပါသည်။ ထိုတွေ့ ဆုံမှုအား သူရဦးရွှေမန်းက သူစီစဉ်ပေးခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပါသည် ။ ထိုတွေ့ ဆုံမှုမှ ဒေါ်အောင်းဆန်းစုကြည်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အသိအမှတ်ပြုလိုက်ပြီ ။ အပေးအယူ လုပ်လို့ ရသွားပြီ ။ဒေါ်စု သမ္မတ ဖြစ်တော့မည် စသည့် သတင်းစကားများ များစွာ ထွက်ပေါ်ခဲ့ပါသည် ။ ခေါင်းဆောင်များ လက်မှတ်ရေးထိုးထားသည်ဟူသည့် ငါးထောင်တန် ငွေစက္ကူဟူသည့် ကိစ္စတစ်ခုလည်း ပေါ်ထွက်ခဲ့ကာ ဦးသိန်းစိန် အစိုးရ နှင့် တပ်မတော်၏ အခန်းကဏ္ဍကို မှေးမှိန်ဖျော့တော့ထားသည့် ကြေငြာချက်တစ်စောင်လည်း ပေါ်ထွက်ခဲ့ပါသည် ။
ထိုကိစ္စများအားလုံးကို ဦးသိန်းစိန် အစိုးရနှင့် တပ်မတော်ဘက်မှ သဘောထားတင်းမာစွာ တုန့် ပြန်ခဲ့ပြီး သူတို့ ဘက်မှ ထိုပြောဆိုမှုများကို မသိရှိပါ ။ အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်များသည် ဥပဒေအတိုင်းသာ ဖြစ်သင့်သည်ဟူသည့် သဘောမျိုး ဖြင့် ပြန်လည်တုန့် ပြန်ခဲ့ပါသည် ။ ထို့ အပြင် ငါးထောင်ကျပ်တန် ငွေစက္ကူပေါ်မှ လက်မှတ်သည် သမ္မတ ၏ လက်မှတ်မဟုတ်ပါ ဟူ ၍ လည်း သမ္မတရုံးမှ ပြတ်သားစွာ ပြောဆိုခဲ့ပါသည် ။ ထိုတွေ့ ဆုံမှု နှင့် ကြေငြာချက်ကြောင့် မလိုလားအပ်သည့် နိုင်ငံရေးတင်းမာမှုများ ပေါ်ထွက်လာခဲ့ပြီး ပြည်သူလူထုအနေဖြင့် စိတ်ပူပန် ရှုပ်ထွေးမှုများ ဖြစ်ခဲ့ ရပါသည် ။
အခြား လူပြောများခဲ့သည့် တွေ့ ဆုံမှု တစ်ခုမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ ဆုံမှုများ ဖြစ်ပါသည် ။ ထိုတွေ့ ဆုံမှုမှသည် တပ်မတော်မှ ပြည်နယ်လေးခုစာ ၀န်ကြီးချုပ်နေရာများ တောင်းဆိုသည် ။ ထိုအတွက် ၅၉ စလုံး ကို ပြင်ဖို့ တပ်က သဘောတူလိုက်ပြီဟူသည့် သတင်းစကားများ ထွက်ပေါ်လာခဲ့ပြန်ပါသည် ။ ထို သတင်းစကားများကို အဓိက ဖြန့် ချိကြသူမှာ NLD ထောက်ခံသူများဖြစ်ကြပြီး ၅၉ စလုံးကို ပြင်မည်ဟူသည့် ကိစ္စကြောင့် အမျိုးသားရေးဝါဒီများ နှင့် NLD ထောက်ခံသူများအကြား အခြေအတင် အငြင်းပွားမှုများ ဖြစ်ခဲ့ရပါသည် ။ နောက်ပိုင်းတွင် တပ်မတော်ဘက်မှ အခြေခံဥပဒေအတိုင်းသာ လိုက်နာလုပ်ဆောင်သွားမည်ဟူသော တရားဝင်ပြောဆိုမှုများကြောင့်သာ ထိုကိစ္စများ ပြန်လည် ငြိမ်သက်သွားခဲ့ပါသည် ။

ဥပဒေကြောင်း ဆိုင်ရာ အငြင်းပွားဖွယ် ပြောဆိုမှုများ

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး နှင့်ပတ်သက်ပြီး ဥပဒေကြောင်းဆိုင်ရာ ပြောဆိုမှုများလည်း ထွက်ပေါ်ခဲ့ပါသည် ။ ပထမဆုံး ထွက်ပေါ်လာသည့် ကိစ္စမှာ ၅၉ စလုံးကို ပြင်ဆင်စရာ မလို ဆိုင်းငံ့  ၍ ရသည်ဟူသော NLD ပါတီမှ ရှေ့ နေ ဦးကိုနီ၏ ပြောဆိုချက် ဖြစ်ပါသည် ။ ဦးကိုနီ၏ အလိုအရ ၁၉၄၈ အခြေခံဥပဒေပါ ပုဒ်တစ်ခုအား ဆိုင်းငံ့ ခဲ့ဖူးသည် ။ ယခုလည်း ၅၉ (စ) ကို ဆိုင်းငံ့ လိုက်လျှင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မည် စသည့် သဘောဖြစ်ပါသည် ။
တစ်ဘက်မှလည်း ၁၉၄၈ အခြေခံဥပဒေပါ ပုဒ်မအား ဆိုင်းငံ့ သည် ဟု မသုံးနူန်း ၊ ပြင်ဆင်သည်ဟုသာ သုံးနူန်းထားကြောင်း ဆိုင်းငံ့  ၍ မရကြောင်း ပြန်လည် ငြင်းခုန် ပြောဆိုမှုများရှိလာပါသည် ။ အခြေခံ ဥပဒေပါ ပုဒ်မတစ်ခုကို ထိုကဲ့ သို့  ဆိုင်းငံ့  ၍ ရသည်ဆိုလျှင် အခြေခံဥပဒေပါ မည်သည့် ပုဒ်မကို မဆို ဆိုင်းငံ့  ၍ ရသည်ဟူသော သဘောဖြစ်နေသည် ။ သို့ ဆိုလျှင် တက်လာသည့် အစိုးရတိုင်းက ကိုယ်မကြိုက်သည့် ပုဒ်မကို ဆိုင်းငံ့ ထားတော့မည်လား ဟူသည့် တန်ပြန် မေးခွန်းထုတ်မှုများလည်း အမြောက်အများ ပေါ်ထွက်လာခဲ့ပါသည် ။ NLD မှ ဆိုင်းငံ့ ရေးအဆိုအား ယခုပင် လွှတ်တော်သို့ တင်တော့မယောင် ဟန်ရေးပြခဲ့ရာ တစ်ဘက်မှလည်း ထိုကဲ့သို့  ဇွတ်လုပ်ခဲ့လျှင် လက်ခံမည်မဟုတ်ကြောင်း အရိပ်အယောင်များ ပြန်လည်ပြခဲ့ပြီး နိုင်ငံရေးတင်းမာ ရှုပ်ထွေးမှုများ တောက်လျောက် ဖြစ်ခဲ့ရပါသည် ။

ဖွဲ့ စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၁၇

လတ်တလော ထပ်မံ ရေပန်းစားလာရသည့် နောက်ထပ် ကိစ္စတစ်ခုမှာ ဖွဲ့ စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၁၇ အရ သမ္မတ၏ အထက်တွင် ရှိနေမည့် ဥသျှောင် အဖွဲ့ ဟူသည့် ကိစ္စ ဖြစ်ပါသည် ။ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၁၇ ၏ ပြဋ္ဌာန်းချက်မှာ
“ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှုအာဏာသည် နိုင်ငံတော်သမ္မတ၌ တည်ရှိသည်။ ဤစကားရပ်ကြောင့် ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင် အဖွဲ့အစည်း တစ်ရပ်ရပ်အားလည်းကောင်း၊ အာဏာပိုင် ပုဂ္ဂိုလ် တစ်ဦးဦးအားလည်းကောင်း တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်း မပြုနိုင်ဟု မမှတ်ယူရ။ ထို့ပြင် ယင်းစကားရပ်ကြောင့် တည်ဆဲဥပဒေများအရ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း တစ်ရပ်ရပ်အား ဖြစ်စေ သက်ဆိုင်ရာ အာဏာပိုင်ပုဂ္ဂိုလ် တစ်ဦးဦးအားဖြစ်စေ အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို နိုင်ငံတော်သမ္မတအား လွှဲပြောင်းပေးအပ်သည် ဟုလည်း မမှတ်ယူရ။” ဟူ ၍ ဖြစ်ပါသည် ။
ဆိုလိုရင်းကို ကောက်ချက်ဆွဲပါက လွှတ်တော်အနေဖြင့် အခြေခံဥပဒေနှင့် မဆန့် ကျင်ဘဲ လူပုဂ္ဂိုလ် ၊ အဖွဲ့ အစည်းတစ်ခုအား တာဝန် နှင့် လုပ်ပိုင်ခွင့်များ ပေးနိုင်သည် ။ ထိုတာဝန် နှင့် လုပ်ပိုင်ခွင့်များအား သမ္မတက ပြန်ရုပ် ၍ မရဟု ဖြစ်ပါသည် ။
ပုဒ်မ ၂၁၇ ကို အကောင်အထည် ဖော်ရန် အခြေခံဥပဒေ ပုဒ်မ ၂၁၈ (ခ) ကို အသုံးပြုနိုင်သည်ဟု လည်း သတင်းများထွက်ပေါ်ခဲ့ရာ အခြေခံဥပဒေ ပုဒ်မ ၂၁၈ မှာ သမ္မတသာ လုပ်ရမည်ဟု ပြဋ္ဌာန်းထားသည့် ကိစ္စများမှ အပ အခြားကိစ္စများကို အခြားသူအားတာဝန်ပေးအပ်ရန် ဥပဒေပြဋ္ဌာန်း နိုင်သည်ဟူသည့် ပုဒ်မ ဖြစ်ပါသည် ။ ဒေါ်စု သမ္မတ ၀ါဒီများ၏ အလိုအရ နိုင်ငံ့ဥသျှောင် အဖွဲ့ သို့မဟုတ် နိုင်ငံကို ချုပ်ကိုင်မည့် လူပုဂ္ဂိုလ်အဖွဲ့အစည်း တစ်ရပ်ရပ် အတွက် ပြည်ထောင်စုလွှတ်တော်က ဥပဒေ နည်းဥပဒေများ ပြဋ္ဌာန်းမည် ။ ထိုအဖွဲ့ ၏ ခေါင်းဆောင်မှာ ဒေါ်စု ဖြစ်လာမည် ဟု တွက်ဆပြောဆိုနေကြခြင်း ဖြစ်ပါသည် ။
ပုဒ်မ ၂၁၇ ၊ ၂၁၈ အရ သမ္မတ နှင့် လွှတ်တော်မှ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ၊ သို မဟုတ် အဖွဲ့ အစည်းတစ်ခုအား ခန့် အပ်တာဝန်ပေးနိုင်ကြောင်း အငြင်းမပွားပါ ။ သို့ သော် ဒေါ်စု သမ္မတ ၀ါဒီများ သတိလစ်ဟင်းနေသည်မှာ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၅၇ ၊ ၅၈ နှင့် ၁၉၉( က) တို့  ဖြစ်ပါသည် ။ အခြေခံဥပဒေ ပုဒ်မ ၁၉၉ (က) အရ နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော် သမ္မတ ဖြစ်ပါသည် ။ အခြေခံဥပဒေ ပုဒ်မ ၅၇ အရ နိုင်ငံတော် သမ္မတနှင့် ဒုသမ္မတများကသာ နိုင်ငံတော်ကို ကိုယ်စားပြုပါသည် ။ ထိုနည်းတူ အခြေခံ ဥပဒေပုဒ်မ ၅၈ အရ နိုင်ငံသားအားလုံး၏ အထွတ်အထိပ်သည် နိုင်ငံတော် သမ္မတသာ ဖြစ်ပါသည် ။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မည်သို့ ပင် ရာထူးများ တီထွင်ရယူစေကာမူ ထိုရာထူးများသည် နိုင်ငံတော်ကို ကိုယ်စားပြုမည် မဟုတ်ပါ ။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတ၏ အပေါ်က နေမည်ဟု မည်သို့ ပင် ပြောဆိုနေစေကာမူ မည်သည့်အဖွဲ့ အစည်း၏ ဥသျှောင်အဖြစ်တာဝန်ယူစေကာမူ နိုင်ငံသားအားလုံး၏ အထွတ်အထိပ်ကတော့ သမ္မတသာ ဖြစ်ပါသည် ။ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာမည် မဟုတ်ပါ ။ ထို့ အတူ နိုင်ငံ့ ဥသျှောင်အဖွဲ့ မက ဘာဥသျှောင် အဖွဲ့ ပင် ဖြစ်နေပါစေ ထို အဖွဲ့ အစည်းသည်လည်း အုပ်ချုပ်ရေး အာဏာပိုင် ဖြစ်သည့် သမ္မတ နှင့် အစိုးရအဖွဲ့ ထက်တော့ မြင့်စရာအကြောင်းမရှိပါ ။ သမ္မတ နှင့် အစိုးရ အဖွဲ့ ၏ အောက်တွင်သာ ရှိနေမည် ဖြစ်ပါသည် ။
ဆိုလိုသည်မှာ သမ္မတနှင့် လွှတ်တော်ဥက္ကဌ များက ဒေါ်အောင်ဆန်းစုကြည်၏ စကားကို နာခံခြင်း မနာခံခြင်း ၊ ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်အတိုင်း လုပ်ခြင်း မလုပ်ခြင်း ဟူသည့် ကိစ္စရပ်များသည် ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ၊ လွှတ်တော် ဥက္ကဌများ၏ ကြားက တရားမ၀င်ဆက်ဆံရေးသာ ဖြစ်ပါသည် ။နာခံလျှင်လည်း ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း၏ အရေးကိစ္စသာ ဖြစ်ပြီး မနာခံလျှင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်ပါသည် ။ တရားဝင် အားဖြင့်တော့ နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက်ကိုသာ နိုင်ငံသားများက လိုက်နာဆောင်ရွက်ရန် တာဝန်ရှိပါသည် ။ ဥပဒေတစ်ခုဖြင့် သမ္မတက သီးခြားတာဝန်ပေး ခိုင်းစေထားခြင်းမဟုတ်လျှင် နိုင်ငံသားများ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ရန် တာဝန်မရှိပါ ။

ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို တကယ် သမ္မတ ဖြစ်စေချင်ရဲ့ လား

ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၃၄ သန်းအနက် NLD ရရှိသည့်မဲမှာ ၁၂ သန်းဖြစ်ပါသည် ။ အခြားပါတီများ ရရှိသည့် မဲမှာ ၁၁ သန်းဖြစ်ပါသည် ။ မဲမပေးသူ ဆယ်သန်းခန့် ရှိပြီး တစ်သန်းခန့် မှာ ပယ်မဲ နှင့် အခြားအကြောင်းအရင်း မဲများ ဖြစ်ပါသည် ။ သို့ ဆိုလျှင် သေချာသည့် အချက်အလက်အရတော့ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ ဖြစ်စေလိုသူ ၁၂ သန်းရှိကာ မဖြစ်စေလိုသူ ၁၁ သန်းရှိနေသည်ဟု ဆိုရမည် ဖြစ်ပါသည် ။မဲမပေးသူ ဆယ်သန်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်စေလိုသူများ ရှိကောင်း ရှိနိုင်ပါသည် ။ သို့ သော် သေချာသည်ကတော့ ပြည်သူအားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေလိုနေခြင်း မဟုတ်ပါ ။ သေချာပေါက် မဖြစ်စေချင်သည့် လူ ၁၁သန်းဆိုသည်မှာလည်း လစ်လျူရူထား၍ ရနိုင်လောက်သော ပမာဏ မဟုတ်ပါ ။
သန်းငါးဆယ်သော ပြည်သူအားလုံး၏ တစ်ညီတစ်ညွှတ်တည်း အစစ်အမှန် နံပါတ်တစ် ဆန္ဒမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး မဟုတ်ဘဲ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရန် ဖြစ်ပါသည် ။ ဒေါ်အောင်ဆန်းစုကြည် သည် အရည်အချင်းရှိသော အရှိန်အ၀ါ ကြီးမားသော သူတစ်ဦး ဖြစ်သည်ဆိုသော ကိစ္စမှာ အငြင်းပွားဖွယ် မရှိပါ။ သို့ သော် ဒေါ်အောင်ဆန်းစုကြည်မှ သမ္မတ မဖြစ်လျှင် အခြားမည်သူမျှ တိုင်းပြည်တိုးတက်အောင် လုပ်ဆောင် ၍ မရ ဟူသည့် ကိစ္စကတော့ သဘာဝလည်း မကျ ၊ ဖြစ်လဲ မဖြစ်နိုင်ပါ ။ တိုင်းပြည် ဖွံ့ ဖြိုးတိုးတက်ရန် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းလည်း လုပ်ဆောင် ၍ မရနိုင်ပါ ။ ကီးပလေယာများ အားလုံး ညီညွတ်စွာ ၀ိုင်းဝန်း ကြိုးပမ်းမှသာ တိုင်းပြည် ဖွံ့ ဖြိုးတိုးတက်လာမည် ဖြစ်ပါသည် ။

ဒီလေးလအတွင်းမှာတော့ ...
ကိုယ် သမ္မတဖြစ်ရေးဟာ ဦးစားပေး ပထမ ...
တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးက ဦးစားပေး ဒုတိယ 

ရွေးကောက်ပွဲ အနိုင်ရရှိသည့် ၂၀၁၅ နိုဝင်ဘာလဆန်းမှ ယနေ့ ထိတိုင်အောင် NLD ပါတီ၏ လုပ်ဆောင်ချက်များကို ခန့် မှန်းသုံးသပ်လျှင် တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေး ကိစ္စများထက် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ကိစ္စများကိုသာ ဦးစားပေးနေသည်ကို ထင်ရှားစွာ တွေ့ မြင်ရပါသည် ။ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ ဖြစ်လိုဇောနှင့် ဖွဲ့ စည်းပုံ အခြေခံဥပဒေအပေါ် မလျော်ကန်သည့် သုံးသပ်ချဉ်းကပ်မှုမျိုး များ ပြုလုပ်ခဲ့သည်ကိုလည်း အထင်အရှားတွေ့ ရပါသည်။
ဥပဒေ၏ သဘောအရ ဥပဒေ ၌ ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများ ၊ စကားလုံးများသည်သာ ဥပဒေ ဖြစ်ပါသည် ။ ဥပဒေတွင် မပါဝင်သော စကားရပ်များသည် ဥပဒေပြင်ပ ကိစ္စများသာ ဖြစ်ပြီး ဥပဒေ မဟုတ်ပါ ။ ဥပဒေတွင် မပါဝင်သောကြောင့် လုပ်ဆောင်၍ ရသည်ဟူသော ကောက်ချက်များသည် နေရာတိုင်းတွင် မမှန်ကန်နိုင်ပါ ။ ဥပမာအားဖြင့် လွှတ်တော် ဥက္ကဌ နှစ်ယောက် ခန့်  ၍ မရဟု ဥပဒေတွင် မပါပါ ။ လွှတ်တော်ဥက္ကဌကို မည်သို့  ရွေးကောက်တင်မြှောက်ရမည်ဟုသာ ပါဝင်ပါသည် ။ သို့ ဖြစ်ရာ ဥပဒေတွင် ဆိုင်းငံ့  ၍ မရဟူသော စကားလုံးမပါသည့်အတွက် ဆိုင်းငံ့  ၍ ရသည်ဟူသည့် ကောက်ချက်သည် ဥပဒေအမြင်နှင့် ချဉ်းကပ်ခြင်းမဟုတ်ဘဲ အရပ်ပြောပြောသည့် ငါ့စကားနွားရ ချဉ်းကပ်ခြင်းမျိုး ဖြစ်နေပါသည် ။ ထိုကဲ့ သို့  ချဉ်းကပ်ခြင်းမျိုးကို ဒေါ်အောင်ဆန်းစုကြည်မှ တားဆီးခြင်း မပြုဘဲ မသိကျိုးကျွံပြုနေသည့် ကိစ္စသည် ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း သိက္ခာတက်နိုင်စရာ အကြောင်းမရှိနိုင်ပါ ။
ထိုနည်းတူ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ညှိနိုင်းလိုသဖြင့် သမ္မတလောင်းများ၏ အမည်စာရင်းကို မကြေငြာဘဲ အချိန်ဆွဲခဲ့သည့် ကိစ္စသည်လည်း မဆီလျော် မသင့်တော်သည့် ကိစ္စတစ်ခုဖြစ်ခဲ့ပါသည် ။ ထိုအတွက် ပြည်သူအများစုမှာ ရင်တမောမော နှင့် တအုံ့ နွေးနွေး မျှော်လင့်စောင့်စားခဲ့ရပါသည်။ ထိုကိစ္စအတွက်နှင့်လည်း စိတ်ဝမ်းကွဲပြား ငြင်းခုန်မှုများ အမြောက်အများ ပေါ်ပေါက်ခဲ့ကြပါသည် ။
ပြည်သူအများစု စောင့်စားမျှော်လင့်နေသော ကိစ္စမှာ NLD အစိုးရမှ ပြုလုပ်တော့မည့် တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများ ၊ ပြုပြင်ပြောင်းလဲမှုများ ၊ ပြင်ဆင်မှုများ ဖြစ်ပါသည် ။အစိုးရ အဖွဲ့ မချိန်းပြောင်းသေး ၍ ထိုဆောင်ရွက်မှုများ ကြိုတင်ပြင်ဆင်မှုများ လတ်တလောပြုလုပ်စရာမလိုသေးဟု ဆိုလျှင်လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးအတွက် မဟားဒယား ဇွတ်အတင်း ကြိုးပမ်းနေမှုများကို တော့ ခေတ္တရပ်ဆိုင်းထားသင့်ပြီ ဖြစ်ပါသည် ။ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးကို မျက်နှာမူသင့်ပြီ ဖြစ်ပါသည် ။
ထပ်မံရေးသားတင်ပြရရင်တော့ သန်းငါးဆယ်သော ပြည်သူအားလုံး၏ တစ်ညီတစ်ညွှတ်တည်း အစစ်အမှန် နံပါတ်တစ် ဆန္ဒမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး မဟုတ်ဘဲ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရန် ဖြစ်ပါသည် ။

The Myanmar Review Journal 

0 comments:

Post a Comment