Tuesday, March 29, 2016

ပါကစ္စတန်အသေခံဗုံးခွဲမှု သံသယရှိသူ ၂၀၀ ကျော်ကို ဖမ်းဆီး


ပါကစ္စတန်နိုင်ငံ၊ လာဟိုမြို့မှာ လွန်ခဲ့တဲ့ ၃ ရက်က လူအနည်းဆုံး ၇၀ သေဆုံးခဲ့တဲ့ ကလေးကစားကွင်း အသေခံဗုံးဖေါက်ကွဲမှုနဲ့ပတ်သက်ပြီး သံသယရှိသူအနည်းဆုံး အယောက် ၂၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ပါကစ္စတန်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
လူအယောက် ၅၀၀၀ ကျော်ကို စစ်ဆေးမေးမြန်းမှုတွေလုပ်ခဲ့ကာ ဖမ်းဆီးခဲ့တာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စီးနှင်းမှုတွေမှာ လက်နက်ခဲယမ်းတွေလည်း ဖမ်းဆီးရမိတယ်လို့ ပန်ဂျက်ပြည်နယ်၊ တရားရေးဝန်ကြီးက ပြောဆိုပါတယ်။ခရစ်ယာန်ဘာသာဝင်တွေရဲ့ အီစတာပွဲတော်နေ့မှာ ခရစ်ယာန်ဘာသာဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပေမယ့် သေဆုံးခဲ့သူအများစုဟာ မွတ်စလင်ဘာသာဝင် တွေဖြစ်ကြပါတယ်။

သေဆုံးသူ အယောက် ၇၀ ကျော်ထဲမှာ အနည်းဆုံး ၂၉ ယောက်ဟာ ကလေးတွေဖြစ်ကြပြီး တာလီဘန်ခွဲထွက်အဖွဲ့တဖွဲ့က သူတို့ရဲ့ လက်ချက်လို့ ကြေညာပါတယ်။လူအယောက် ၃၀၀ ကျော်လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတဲ့အတွက် သေဆုံးသူဦးရေ ထပ်ပြီးတိုးလာနိုင်တယ်လို့လည်း ဆိုပါတယ်။
ဖမ်းဆီးမှုတွေကို ပါကစ္စတန်စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်နဲ့ ပါကစ္စတန်ထောက်လှမ်းရေးတပ်ဖွဲ့တို့ ပူးပေါင်းစစ်ဆင်ရေး ၅၆ ခုအတွင်း ဖမ်းဆီးရမိတာလို့ ပါကစ္စတန်လုံခြုံရေးအာဏာပိုင်တွေက ပြောဆိုပါတယ်။

DVB

0 comments:

Post a Comment