Wednesday, March 23, 2016

'အကယ်ဒမီရမယ်လို့ မျှော်လင့်မထားသလို တစ်နှစ်မှလည်း ရင်မခုန်ခဲ့ဘူး' မိုးဟေကို


၂ဝ၁၄/၂ဝ၁၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အမျိုးသမီးဇာတ်ဆောင်ဆုအတွက် ပရိသတ်ထင်မြင်ချက် အများဆုံးပေးခံနေရတဲ့ သရုပ်ဆောင်မိုးဟေကိုက.....။ ''အကယ်ဒမီ အတွက် မိုးကိုအခုလိုမျိုး ပရိသတ်တွေကဝိုင်းပြီး တော့ အကယ်ဒမီပေးတာကိုပဲ မိုး ကျေးဇူးတင်ပါတယ်။ မိုးအတွက် တော့ အကယ်ဒမီကိုမမျှော်လင့်ထားပါဘူး။ဒီနှစ် အကယ်ဒမီပေးပွဲက နှစ်နှစ်စာပေါင်းပြီးတော့ ပေးမှာဖြစ်တဲ့အတွက် ပျော်စရာကောင်းမှာပါ။ ဘယ်သူတွေရမယ်ဆိုတာမျိုးကို ပရိသတ်တွေ ထင်မြင်ချက်တစ်ခုတည်း နဲ့ဆုံးဖြတ်ထားတာ မဟုတ်တဲ့အခါကျတော့ မိုး အခုလိုမျိုး ပရိသတ်ပေး တဲ့ အကယ်ဒမီရတာကိုပဲ ကျေနပ်ပါတယ်။ တကယ် အကယ်ဒမီကိုတော့ မိုး မျှော်လင့်မထားပါဘူး။ တစ်နှစ်မှလည်း မိုး ရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ တစ်နှစ်မှလည်း အကယ်ဒမီရရင်ဆိုတဲ့စိတ်နဲ့ရင်မခုန်ခဲ့ဘူး။ ဒီနှစ်အကယ် ဒမီပေးပွဲမှာ မိုး ပါဝင်ရိုက်ကူးထားတဲ့ရုပ်ရှင် ဇာတ်ကားတွေပါတယ်။ အဲဒီဇာတ်ကားတွေ ရိုက်ကူးတဲ့အချိန်မှာ မိုးအနေနဲ့ အကောင်းဆုံးဖြစ် အောင် ဇာတ်ရုပ်နဲ့ လိုက်ဖက်အောင် ကြိုးစားသရုပ်ဆောင်ခဲ့ပါတယ်။

အကယ်ဒမီဆိုတာကလည်း ကံတရားနဲ့သက်ဆိုင်တဲ့အတွက် ဇာတ်ကား ရိုက်ကူးတဲ့အချိန်မှာရော အခုလိုမျိုး ပရိသတ်တွေ ထင်မြင်ချက်ပေးတဲ့ အချိန်မှာရော မိုး အကယ်ဒမီရမယ် လို့မထင်ပါ ဘူး။ မိုးအနေနဲ့ ဘယ်သူ တွေကို အကယ်ဒမီရမယ်လို့ထင်လဲဆိုတော့ အခု အကယ်ဒမီရမယ်ဆိုပြီး တော့ နာမည်ထွက်နေတဲ့ မင်းသား၊ မင်းသမီးတွေ အများကြီးရှိပါတယ်။

ဘယ်သူပဲရရ မိုးကတော့ ပျော်ပါတယ်။ အားလုံးက အနုပညာလောကက မောင်နှမတွေပဲလေ။ မိုး အခုလောလောဆယ်တော့ မိုးရုပ်ရှင်ထုတ်လုပ် ရေးကနေပြီးတော့ ရုပ်ရှင်ဇာတ် ကားကောင်းလေးတွေ ရိုက်ကူးနိုင်ဖို့ အတွက် ဝတ္ထုတွေဖတ်တယ်။ ဇာတ်လမ်းတွေရွေးချယ်တယ်။ မိုးရုပ်ရှင် ထုတ်လုပ်ရေးကရိုက်ကူးတဲ့ ဇာတ်ကားတော်တော်များများကို တခြား အနုပညာ ရှင်တွေနဲ့ပဲ အများဆုံးရိုက်ဖို့ကို မိုးစဉ်းစားထားတာကလည်း တခြားအနုပညာရှင်တွေကို နေရာပေးတဲ့သဘောပါ''

Democracy Today

0 comments:

Post a Comment