Friday, November 1, 2013

မော်ဒယ်လည်းလုပ်တဲ့ ကိုရီးယား အဆိုတော်များ

ထင်ရှားတဲ့ ကိုရီးယားအဆိုတော်မလေးတွေ အတော်များများက ကိုယ်ခန္ဓာ ပြေပြစ်တာကြောင့် သူတို့ထဲက တချို့ဟာ မော်ဒယ်လိုင်းဘက်မှာလည်း ခြေချထားကြတယ်လို့ နယူးယောက်အခြေစိုက် KpopStarz အွန်လိုင်းမှာ ရေးထားပါတယ်။ 

အသက် ၃၄ နှစ်အရွယ် 
  Lee Hyori က ၂၀၀၆ မှာတော့ ကြေးအများဆုံး ရတဲ့ အမျိုးသမီး အဆိုတော် ဖြစ်တယ်လို့ သိရပါတယ်။ သူက အုပ်စုနဲ့လည်း ဆိုသလို၊ တကိုယ်တော်အနေနဲ့လည်း အောင်မြင်သူပါ။ဒီအဆိုတော်က သက်သတ်လွတ် စားတယ်။  သူ့ခင်ပွန်းသည် Lee Sang-soon လိုပဲ သူလည်း တိရစ္ဆာန် အခွင့်အရေး လှုံ့ဆော်တဲ့ သူပါ။ ဒီအရေးကို လှုံ့ဆော်ရင်းနဲ့ သူတို့နှစ်ယောက် တွေ့ကြတယ်၊ သူတို့ရဲ့ လက်ထပ်ပွဲက တခြား ကိုရီးယားအထင်ကရများလို ဧည့်သည် ရာထောင်ချီ မဖိတ်ဘူး၊ ဧည့်သည် ၉၀ လောက်ပဲ တက်ရောက်တဲ့ မင်္ဂလာပွဲဖြစ်ပါတယ် တဲ့။ 

ကမ္ဘာကျော် MARIE CLAIRE မဂ္ဂဇင်းမှာ သူ့ပုံရိပ်တွေ ထည့်သွင်း ဖော်ပြလာတဲ့အတွက် ဒီအချက်ကြောင့် သူက  တခြားသော ကိုရီးယားအထင်ကရများထက် သာသွားတယ်လို့ ဆိုနိုင်ပါတယ်။


နောက် အထင်ကရ တယောက်ကတော့ Park Han Byul  ဖြစ်ပါတယ်။
တကယ်တော့ သူ့ကို အဆိုတော်ထက် ရုပ်သံဇာတ်လမ်းတွဲမင်းသမီးအဖြစ်ပဲ လူသိများမယ် ထင်ပါတယ်။ ကိုရီးယားရုပ်ရှင်ဇာတ်ကားတချို့မှာလည်း သူ ပါဝင်ခဲ့ပါတယ်။



 အထင်ကရ တံဆိပ်တခုကို ကြော်ငြာပေးနေတဲ့ Park Han Byul 

 အထင်ကရ တံဆိပ်တခုကို ကြော်ငြာပေးနေတဲ့ Park Han Byul 

G.NA လို့ အတိုကောက် ခေါ်ကြတဲ့ အဆိုတော် Gina Jane Choi က အသက် ၂၄ နှစ်ပါ၊ အစောပိုင်းမှာတော့ သူက သူတို့ဆီက နာမည်ကြီးတဲ့ Cube Entertainment ဆိုတဲ့ အဖွဲ့နဲ့ စာချုပ်ချုပ်ပြီး အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပါတယ် တဲ့။
သူ့အကြောင်းကိုတော့ အွန်လိုင်းမှာ များများစားစား မတွေ့ရပါ။

 
GNA

အဆိုတော် NS Yoon-G က ငယ်ငယ်ကတည်းက အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယးပြည်နယ်ကို ရွှေ့ခဲ့သူပါ။ အဲဒီဒေသမျာ နာမည်ကြီးတဲ့ UCLA တက္ကသိုလ်ကနေ ဆက်သွယ်ရေးဆိုင်ရာ ဘာသာရပ်နဲ့ ဘွဲ့ရခဲ့သူပါ။ 


 NS Yoon-G
 NS Yoon-G
ကိုရီးယားလှိုင်းက ကြီးမားတဲ့အတွက် တခြားနိုင်ငံများကို ကိုရီးယားအထင်ကရတွေ သွားရောက် ဖျော်ဖြေကြပါတယ်။  NS Yoon-G လည်း ဗီယက်နမ်တို့ ဘာတို့ကို သွားရောက် ဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်။ 
သူ့အသက်က ၂၅ နှစ်လို့ ဆိုပါတယ်။

 
NSYoon-G 
ကိုရီးယားလှိုင်းက မြန်မာတွေကြားထဲကိုလည်း ရိုက်ခတ်နေတာကြောင် ဒီ ဧရာဝတီဘလော့မှာ ကိုရီးယားပေါ့ပ်လောက အထင်ကရများအကြောင်း အလျဉ်းသင့်သလို ဆက်လက် ဖော်ပြပါမယ်။


ဧရာဝတီ

0 comments:

Post a Comment