Thursday, January 18, 2018

ဒေါက်တာအေးမောင်ကို ဖမ်းဆီးမှုနှင့်ပတ်သက်၍ ဆန္ဒပြရန်လှုံ့ဆော်စာများဖြန့်ဝေနေ

ဒေါက်တာအေးမောင် ကို ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး အမြို့မြို့အနယ်နယ်ရှိ ရခိုင်တိုင်း ရင်းသားများက ယနေ့(ဇန်န၀ါရီ ၁၉ ရက်)တွင် ဆန္ဒပြရန်လှုံ့ဆော် သည့်စာများကို ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာလူမှုကွန်ရက်နှင့် မိုဘိုင်းဖုန်းစာတိုပို့ စနစ်မှတစ်ဆင့် ဖြန့်ဝေနေသည်။

လွှတ်တော်တွင် လိုတိုရှင်းမေးမြန်းဖြေကြားနိုင်လျှင် နိုင်ငံ့ဘဏ္ဍာသက်သာနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပြော


လွှတ်တော်အစည်းအဝေးအတွင်း မေးခွန်းမေး မြန်းခြင်းနှင့်ဖြေကြားခြင်းကို လိုရင်းတိုရှင်းဆောင် ရွက်နိုင်ခြင်း ကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ ကုန်ကျမှု သက်သာနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်း မြင့်က ပြောကြားသည်။

စိုက်ပျိုးရေး အခြေခံ၍ ဧရာဝတီတိုင်းကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်ဟု ဝန်ကြီးချုပ်သစ်ပြောကြား



စိုက်ပျိုးရေးကိုအခြေခံ၍ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်ရန် မျှော်မှန်းထား ကြောင်း ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ်အသစ်ဖြစ်လာသော စိုက်ပျိုးရေးဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသူ ဦးလှမိုးအောင်က ပြော ကြားသည်။

ထိုင်းသို့ တရားမဝင် လာရောက်သော မြန်မာလုပ်သား ၁၃ ဦးကို ခြောက်ရက်ကြာ ဖမ်းဆီးပြီးနောက် ပြန်လည်လွှတ်ပေး


ထိုင်းနိုင်ငံသို့ တရားမဝင်လာရောက်မှုကြောင့် ခြောက်ရက် ကြာ ဖမ်းဆီးခံရသော မြန်မာလုပ် သား ၁၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ယမန်နေ့က ပြန်လွှတ်ပေးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သည်။

မူပိုင်ခွင့် ဥပဒေကြမ်း ၄ခု ပညာရေးဝန်ကြီးတင်သွင်း


မူပိုင်ခွင့် ဥပဒေကြမ်း လေးခုကို ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပညာရေးဝန်ကြီး ဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တင်သွင်းလိုက်ပါ တယ်။
တင်သွင်းခဲ့တဲ့ မူပိုင် ခွင့်ဥပဒေကြမ်းတွေကတော့ စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေကြမ်း၊ တီထွင်မှုမူပိုင်ခွင့် ဥပဒေကြမ်း၊ ကုန်အမှတ် တံဆိပ် မူပိုင်ခွင့် ဥပဒေကြမ်းနဲ့ စာပေနဲ့ အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်းတို့ ဖြစ်ပါတယ်။

အကဲဖြတ်ဒိုင်တွေရဲ့အရည်အချင်းတွေကို ချီးကျူးပြောပြခဲ့တဲ့ မြန်မာပြည်သိန်းတန်



Myanmar idol Season 2 ကနေ အကဲဖြတ်ဒိုင်အဖြစ်ပါဝင်ခဲ့တဲ့ ဝါရင့်အဆိုတော်ကြီး မြန်မာပြည်သိန်းတန် ကတော့ Myanmar idol Season 3 သီချင်းဆိုပြိုင်ပွဲမှာလည်း အကဲဖြတ်ဒိုင်အဖြစ် ဆက်လက်ပါဝင်ဆောင် ရွက်လာရတဲ့အပေါ် သူ့ရင်ထဲက စကားသံတွေကို Duwun Media ကနေအခုလိုပြောပြခဲ့ပါတယ်။

ထိုင်းတွင် ပျောက်ဆုံးနေသည့် အင်္ဂလန်နိုင်ငံသားကို သေဆုံးလျက်တွေ့ရှိ


မိသားစုနဲ့ အားလပ်ရက်ခရီးထွက်ရင်း လွန်ခဲ့တဲ့ ၃ ပတ်က ပျောက်ဆုံးနေတဲ့ အင်္ဂလန်နိုင်ငံသားရဲ့ အလောင်းကို ချအမ်းခရိုင် ကမ်းစပ်အရှေ့သစ်တောမှာ ဇန်နဝါရီ ၁၇ ရက်နေ့က တွေ့ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူက အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းမြို့တမြို့ဖြစ်တဲ့ အိတ်စစ်တာမြို့က မာတင်ဝုဒ်လို့သိရပြီး သူ့ရဲ့အလောင်းကို ဒေသခံတွေက ချအမ်းကမ်းစပ်နဲ့ ၂၀၀ မီတာအကွာမှာတွေ့ရှိကာ ရဲတွေကို မနက် ၉ နာရီ ခွဲလောက်မှာ အကြောင်းကြားခဲ့တာပါ။

ဒေါက်တာအေးမောင် ထိန်းသိမ်းခံလိုက်ရခြင်းနှင့် ပတ်သတ်ပြီး မှတ်ချက်ပြုစရာ မရှိဟု ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးပြော(ရုပ်သံ)


ရခိုင်အမျိုးသားပါတီ ဥက္ကဌရာထူးကနေ နှုတ်ထွက်ခွင့်တင်ထားသည့် ဒေါက်တာအေးမောင် ထိန်းသိမ်းခံ လိုက်ရခြင်းနှင့်ပတ်သတ်ပြီး မှတ်ချက်ပြုစရာမရှိဟု ပါတီမှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က Popular News ကို ပြောသည်။

ရုတ်တရက်လေဖြတ်လျှင် ချက်ချင်းအကောင်းပကတိဖြစ်အောင်ပြုစုကုသနည်း



ပြုစုကုသနည်းမှာသမားတော်ကြီးဣစ္ဆာသယ ဦးမောင်မောင်၏နည်းဖြစ်ပါသည်။ နက္ခတ္တရောင်ခြည် မဂ္ဂဇင်းတွင် ဆောင်းပါးရှင်၊မြင့်မြတ်ထွန်းက စိတ်ဝင်စားဖွယ်ရေးသားထားပြီး မကြာမီကပင် လေဖြတ် သလိုဖြစ်၍ ပါးရွဲ့ခြေလက်လှုပ်မရသူမိတ်ဆွေတစ်ဦးအား သမားတော်ကြီး ညွန်ပြပါ နှိပ်ကွက်နေရာလေး များအားနှိပ်ပေးပါရန် အကြံပေးလေရာ(၃)ရက်အကြာတွင် အကောင်းပကတိဖြစ် ခဲ့သည်မို့ အဖြစ်များ လှသော လေဖြတ်လေဖြန်းရောဂါ များကြုံခဲ့ဖြစ်ခဲ့ပါလျှင် အသုံးပြုနိုင်ပါရန် ထပ်ဆင့်မျှဝေလိုက်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Kong Xuanyou ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ၍ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် တပ်မတော်မှ ဆောင်ရွက်မှု၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၊ ဒုတိယနိုင်ငံခြားရေး ၀န်ကြီး Mr. Kong Xuanyou ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဇန်န၀ါရီလ ၁၇ ရက်နေ့ ညနေပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် တပ်မတော်မှ ဆောင်ရွက်နေမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်နေမှု စသည်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

Wednesday, January 17, 2018

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်အား ရဲတပ်ဖွဲ့ကဖမ်းဆီး


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်အား ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ၎င်း၏နေအိမ်မှ ဇန်န၀ါရီ ၁၈ ရက် (ယနေ့) မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် သွားပြီး လက်ရှိတွင် စစ်တွေမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၊ မတရားအသင်း အက်ဥပဒေတို့ဖြင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်အား တရားစွဲဆိုရန် ရခိုင်ပြည်နယ်အစိုးရက ဆုံးဖြတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဇန်န၀ါရီ ၁၇ ရက်ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ဧရာဝတီတိုင်း ဝန်ကြီးချုပ်အဖြစ် ဦးလှမိုးအောင်ကို ခန့်အပ်



ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတမှ အမည်စာရင်းတင်သွင်းလာသည့် မြန်အောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ ဦးလှမိုးအောင်ကို ယနေ့ (ဇန်နဝါရီလ ၁၈ ရက်) နံနက်ပိုင်းက တိုင်းဒေသကြီးလွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုကာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

မြောက်ဦး ပဋိပက္ခ အရပ်သား ၇ ဦးသေ၊ ဒဏ်ရာရသူ ၁၂ ဦးတွင် ရှစ်ဦး စိုးရိမ်ရ



ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ဇန်နဝါရီလ ၁၆ ရက်နေ့ ညပိုင်းက လူစုလူဝေး ဖြစ်ပေါ်သည်ကို ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ် လူစုခွဲရာမှ ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာသူများအနက် ရှစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း လူနာရှင်များထံမှ သိရသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် အရေးနှင့် သင်တန်းဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေး


ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး မစ္စစ် တူနယ်တီးနပ်စ်ကို ယနေ့မွန်းလွဲ ၂ နာရီတွင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

ကိုယ်အလေးချိန်လျော့ကျစေဖို့ သင့်အားလွယ်ကူစွာ ကူညီပေးမည့် နည်းလမ်းများ



သင့်ကိုယ်သင်ပိုမိုလှပလာစေဖို့ နှင့် ပိုမိုကောင်းမွန်လာစေဖို့ ရည်ရွယ်ခြင်းသည် ဘယ်တော့မှနောက်ကျသွားရိုး ထုံးစံမရှိပါဘူး။ ယနေ့ ခေတ်ကျော်ကြားနေတဲ့ တီဗီချန်နယ် များမှ မော်ဒယ်လေးများရဲ့ ဖက်ရှင်လေးတွေက သင့်အားလွှမ်းမိုးလာခဲ့မယ်ဆိုရင် အလွန်ဆိုဒ်ကြီးတဲ့ အ၀တ်အစားတွေ ၀တ်နေရတဲ့သင့်အတွက် အားငယ်စရာအချက်ကလေးတစ်ခု ဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့်ယခုမှစသင့်အတွက် ကျန်းမာလှပပြီး သွယ်လျသွက်လက်တဲ့ ကိုယ်ခန္ဓာလေးပိုင်ဆိုင်စေဖို့  ပြင်ဆင်လိုက်ကြပါစို့ ။

Wednesday, October 25, 2017

ထိုင်းဘုရင်ကြီး ဘူမိဘောရဲ့ ဈာပနပွဲ


ထိုင်းနိုင်ငံမှာ နတ်ရွာစံ ဘုရင်ကြီး ဘူမိဘော အဒူယာဒက်ရဲ့ ၅ ရက်ကြာ ဈာပန အခမ်းအနား အဓိက နေ့ရက် ရောက်ရှိ လာပြီ ဖြစ်လို့ ပူဆွေး ဝမ်းနည်း နေတဲ့ ထိုင်းပြည်သူ အများ ဘန်ကောက်မြို့တော်မှာ စုဝေး နေကြပါတယ်။
အရိုးပြာ ထည့်မယ့် အိုးကို သယ်သွားတော့မယ်

ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်၊ ကြာသပတေးနေ့ မှာ ဘုရင်ကြီး ဘူမိဘောရဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

နိုင်ငံတဝန်း ရုံးပိတ်ရက် ကြေညာ ထားပြီး၊ ရှိသမျှ ဈေးတွေ ဆိုင်တွေ အများစုလည်း ပိတ်ထားကြပါတယ်။

ဘုရင်ကြီးရဲ့ အရိုးပြာ ထည့်မယ့် အိုးကို မနက် အစောပိုင်းမှာ မြင်းရထားနဲ့ နန်းတော်ကနေ မီးသင်္ဂြိုဟ်မယ့် နေရာဆီ သယ်ဆောယ်မှာ ဖြစ်ပါတယ်။
စနမ်းလူဝမ် တော်ဝင်ကွင်း ပတ်ချာလည်မှာ စုဝေး
ထိုင်းနိုင်ငံ တဝန်းက ပြည်သူတွေ ဗုဒ္ဓဟူး နေ့ကတည်းက ဘန်ကောက်ကို ရောက်လာကြပြီး မီးသင်္ဂြိုဟ်မယ့် စနမ်းလူဝမ် တော်ဝင်ကွင်း ပတ်ချာလည်မှာ စုဝေး နေကြတယ်လို့ အဲဒီမှာ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
အရိုးပြာအိုး သယ်ဆောင်ပွဲ

ဘုရင်ကြီး ဘူမိဘောရဲ့ ဈာပန ပွဲကို နိုင်ငံပေါင်း ၄ဝ ကျော်က တော်ဝင် မိသားစုတွေ တက်ရောက်မှာ ဖြစ်ပါတယ်။

ဘုရင်ကြီးရဲ့ အရိုးပြာကို သောကြာနေ့မှာ နန်းတွင်းကို ပြန်လည် သယ်ဆောင်မှာ ဖြစ်ပြီး ဈာပန အခမ်းအနား နောက် ၂ ရက် တိုင် ကျင်းပမှာ ဖြစ်ပါတယ်။

BBC Burmese