Wednesday, January 17, 2018

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် အရေးနှင့် သင်တန်းဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေး


ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး မစ္စစ် တူနယ်တီးနပ်စ်ကို ယနေ့မွန်းလွဲ ၂ နာရီတွင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ်အရေးနှင့် သင်တန်းဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သတင်း ရရှိသည်။

မြဝတီ

0 comments:

Post a Comment