Thursday, January 18, 2018

ဒေါက်တာအေးမောင်ကို ဖမ်းဆီးမှုနှင့်ပတ်သက်၍ ဆန္ဒပြရန်လှုံ့ဆော်စာများဖြန့်ဝေနေ

ဒေါက်တာအေးမောင် ကို ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး အမြို့မြို့အနယ်နယ်ရှိ ရခိုင်တိုင်း ရင်းသားများက ယနေ့(ဇန်န၀ါရီ ၁၉ ရက်)တွင် ဆန္ဒပြရန်လှုံ့ဆော် သည့်စာများကို ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာလူမှုကွန်ရက်နှင့် မိုဘိုင်းဖုန်းစာတိုပို့ စနစ်မှတစ်ဆင့် ဖြန့်ဝေနေသည်။
ရသေ့တောင်မြို့နယ်တွင် ဇန်န၀ါရီ ၁၅ရက်ကပြုလုပ်သည့် ရခိုင်ဘုရင့်နိုင်ငံတော်အချုပ်အခြာအာဏာ ကျဆုံးခြင်း (၂၃၃) နှစ်မြောက် ၀မ်းနည်းဖွယ်အထိမ်းအမှတ် စာပေဟောပြောပွဲ၌ ဟောပြောသူ ဒေါက်တာအေးမောင်နှင့် စာရေး ဆရာဝေဟင်အောင်တို့ကို ၎င်း တို့၏ ဟောပြောချက်များနှင့် ပတ်သက်ပြီး မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့် အမှု ဖွင့်အရေးယူခဲ့ရာ ဒေါက်တာအေး မောင်ကို ဇန်န၀ါရီ ၁၈ ရက်နေ့ လယ်တွင် စစ်တွေရှိ ၎င်း၏နေ အိမ်၌ ဖမ်းဆီးခဲ့ပြီးစစ်တွေထောင် သို့ ပို့ဆောင်ထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဆန္ဒပြရန်လှုံ့ဆော်သည့်ဖြန့်ဝေ စာတွင် ဒေါက်တာအေးမောင်ကိုဖမ်း ဆီးအရေး ယူခြင်းနှင့်ပတ်သက်၍ ရခိုင်တိုင်းရင်းသားအားလုံးဆန္ဒ ထုတ်ဖော်ရန် အဆင်သင့်ပြင်ထားရန်၊ အမြို့မြို့ အနယ်နယ်က လူကြီး၊ လူငယ်မကျန်လူထုအင်အား နှင့် ဆန္ဒပြမည်ဖြစ်ကြောင်း၊ ဒေါက်တာအေးမောင်အား ဖမ်း ဆီးခြင်းသည် ရခိုင်လူထုတစ်ရပ်လုံးကို ဖမ်းဆီးခြင်းနှင့်အတူတူဖြစ် ကြောင်း၊ ဇန်န၀ါရီ ၁၉ ရက်တွင် ဆန္ဒပြရန်အဆင်သင့်ဖြစ်စေချင် ကြောင်းနှင့် စာရသည့်ရခိုင်တိုင်း ရင်းသားများ အနေဖြင့် သူငယ် ချင်းများကို ပြန်လည်ဖြန့်ချိပေးရန် လှုံ့ဆော်ရေးသားမှုများ ပါရှိသည်။

အဆိုပါလှုံ့ဆော်စာများနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ(ANP)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက‘‘ဒီအချိန်မှာ အဲဒီလိုလုပ်ခြင်းအားဖြင့် တကယ်တမ်းကောင်းကျိုးရလဒ်တွေ ဖြစ်လာနိုင် မလားပေါ့။ ဆူပူမှုတွေကို ဦးတည်သွားမယ်ဆိုရင်မ ကောင်းဘူး။ ကျွန်တော်တို့က ဆူပူမှုကို ဦးမတည် ချင်ဘူး’’ ဟု မှတ်ချက်ပြုသည်။

အမှန်တရားတစ်ခုဖြစ်လာ ရေးအတွက် တရားဥပဒေစီမံရေး အပိုင်းနှင့် နိုင်ငံရေးပိုင်းအားဖြင့် လုပ်သင့်၊ မလုပ်သင့်စောင့်ကြည့် ရမည်ဟု ၎င်းကဆိုသည်။

‘‘ဆန္ဒစောပြီးတော့ လုပ်လိုက်ရင် ပိုပြီးတော့ဖြေရှင်းလို့မရတဲ့ဆူပူမှုတွေဖြစ်လာမယ်ဆိုလို့ ရှိရင် မကောင်းသေးဘူး။ ဒီအချိန်မှာ စောင့်ကြည့်တဲ့အနေအထား မျိုးလုပ်သင့်ပါတယ်’’ ဟု ဦးဖေသန်းက အကြံပြုသည်။

ထိုသို့လှုံ့ဆော်စာများ ဖြန့် ဝေနေခြင်းနှင့်ပတ်သက်ပြီး အချင်းချင်းထိန်းသိမ်းရန် လူမှုကွန် ရက်စာမျက်နှာ ၌ပင် ပြန်လည်ရေး သားမှုများရှိသည်။

Tinmyint Oo အမည်ရှိ ဖေ့စ်ဘွတ်ခ်အကောင့်မှ ‘‘ဆန္ဒပြမယ့်အစီအစဉ်တွေကို မက်ဆင်ဂျာကတစ်ဆင့် ဖြန့်ဝေနေကြတယ်။ ကျွန်တော်ကတော့ အားမပေးချင်ပါ။ ဒီလို လူမျိုးရေးအကျပ်အတည်းကာလမှာ တရားမျှတမှုကို ဆန္ဒဖော်ထုတ်ပွဲတွေကနေ ဘယ်တော့မှ မရနိုင်ပါ။ တစ်ခုပဲပြောချင်ပါ တယ်။ ဆန္ဒပြမှ လိုချင်တာရမယ် လို့ယုံကြည်နေကြရင်လည်း ငြိမ်း အေးစွာပြကြပါ။ ကိုယ့်လူအုပ်ထဲမှာ ပါလာနိုင်တဲ့ ထရိုဂျင်တွေကို သတိထားကြပါ။ ထောင်ချောက် တွေကို အမြဲသတိရှိကြပါ။ (လောလောလတ်လတ်ဖြစ်သွား တဲ့ မြောက်ဦးအရေးအခင်းမှာ လူအုပ်ကို ငွေတောင်ပေါက်တံတား မရောက်ခင် တားရင်ရရဲ့သားနဲ့ ခရိုင်ရုံးထဲထိဆွဲခေါ်သွားတာ သင်ခန်းစာယူကြပါ) အချင်းချင်းထိန်းသိမ်းကြပါ။ အဖြစ်ဆိုးများ ထပ်မကြုံ ချင်တော့ပါ’’ ဟု ရေး သားအကြံပြုသည်။

လက်ရှိတွင် မြောက်ဦးမြို့အပါအ၀င် ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးနီးပါးတည်ငြိမ်နေပြီ ဖြစ်ကြောင်း ဒေသတွင်းသတင်း ရင်းမြစ်အချို့က ပြောသည်။

သို့သော် တည်ငြိမ်မှုကိုမလိုလားသူအချို့က ဒေါက်တာအေး မောင်ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ နောက် ထပ်ပြဿနာကြီးထွားစေမည့် လှုံ့ဆော်စာများကို နာမည်အစစ်အမှန်ဖော်ပြထားခြင်းမရှိသူအချို့က အဆိုပါစာဖြန့်ဝေနေ ခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့ က ပြောသည်။

‘‘အဓိကကကျွန်တော်တို့တွေ သတိရှိဖို့လိုတယ်။ စဉ်းစားဆင် ခြင်တတ်ဖို့လိုတယ်။ ပြဿနာဖြစ် ရခြင်းရဲ့ နောက်ကြောင်းတွေကို သေချာမြင်တတ်ဖို့လိုတယ်။ အဲဒီလိုမဟုတ်ဘဲ လှုံ့ဆော်တိုင်းပါဝင် နေမယ်ဆို ရင်တော့ အကျိုးယုတ် ဖို့ပဲရှိတယ်။ သတိထားကြဖို့လိုတယ်’’ ဟု စစ်တွေမြို့မှ လူငယ် တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်၏ လက်ရှိအ နေအထားနှင့်ရခိုင်နိုင်ငံရေးအ ခြေအနေမှာ အလွန်နက်နဲခက်ခဲ ရှုပ်ထွေးနေသော အနေအထားကို ရင်ဆိုင်နေရသဖြင့် ရခိုင်လူထု တစ်ရပ်လုံးအနေဖြင့် သတိ၊ ဉာဏ်ပညာဆင်ခြင်တုံတရားများ လက်ကိုင်ထား၍ အချင်းချင်းတိုင်ပင်ဆွေးနွေး အဖြေရှာသင့်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP)ကယမန်နေ့တွင်ကြေညာချက် ထုတ်ပြန်မေတ္တာရပ်ခံခဲ့သည်။
 
7Day

0 comments:

Post a Comment