Thursday, January 18, 2018

ထိုင်းသို့ တရားမဝင် လာရောက်သော မြန်မာလုပ်သား ၁၃ ဦးကို ခြောက်ရက်ကြာ ဖမ်းဆီးပြီးနောက် ပြန်လည်လွှတ်ပေး


ထိုင်းနိုင်ငံသို့ တရားမဝင်လာရောက်မှုကြောင့် ခြောက်ရက် ကြာ ဖမ်းဆီးခံရသော မြန်မာလုပ် သား ၁၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ယမန်နေ့က ပြန်လွှတ်ပေးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သည်။


ဇန်နဝါရီ ၁၂ ရက်က ထိုင်း နိုင်ငံ ကန်ချနဘူရီခရိုင်အတွင်း တရားမဝင်လာရောက်သော မြန် မာလုပ်သား ၁၃ ဦးကို ထိုင်းရဲတပ် ဖွဲ့က ဖမ်းဆီးထားခြင်းဖြစ်သည်။ ထိုင်းအစိုးရအနေဖြင့် တရားမဝင် ထပ်မံ ရောက်ရှိလာသော မြန်မာ လုပ်သားများ တရားဝင်ဖြစ်ရေး ဆောင်ရွက်မှုကို ဇန်နဝါရီ ၉ ရက် တွင် ရပ်ဆိုင်းကြောင်း ကြေညာ ပြီးနောက် ယခုကဲ့သို့ အရေးယူခဲ့ သည်။

ဖမ်းဆီးခံထားရသော မြန်မာလုပ်သားများ ပြစ်ဒဏ်မကျခံစေရေးနှင့် အမြန်ဆုံးနေရပ်ပြန်ရေး ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ထိုင်းနယ်မြေခံ ရဲတပ်ဖွဲ့နှင့် လာရောက်ဆွေးနွေး အပြီး ပြန်လွှတ်ပေးခဲ့သည်။

မြန်မာလုပ်သား ၁၃ ဦးအ နက် ၁၁ ဦးကို နေရပ်ပြန်ပို့ရန် ယမန်နေ့က မဲဆောက်မြို့သို့ ပို့ ဆောင်ထားပြီး နှစ်ဦးကို သက်သေ အဖြစ် မေးမြန်းရန် ခေါ်ဆောင် ထားကြောင်း အလုပ်သမားသံ အရာရှိ ဦးစန်းမောင်ဦးက ပြော သည်။

‘‘သံအမတ်ကြီးညွှန်ကြား ထားတဲ့အတိုင်း အဖမ်းခံထားရတဲ့ သူတွေကို နေရပ်ပြန်တဲ့အခါ အစ စအရာရာအဆင်ပြေအောင် မဲ ဆောက်ကနေတစ်ဆင့် မြဝတီမြို့ ရှိ နေရပ်ပြန်အလုပ်သမားတွေကို ကြိုဆိုရေးစခန်းကို ပို့ပေးမယ်။ အဲဒီကနေမှတစ်ဆင့် နေရပ်ပြန်ပို့ ဆောင်ပေးဖို့ စီစဉ်ထားရှိပါ တယ်’’ဟု အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ပြောသည်။

မြန်မာလုပ်သားများအား ကားဖြင့် ခေါ်ဆောင်လာသော ထိုင်းနိုင်ငံသားယာဉ်မောင်းဖြစ် သူကို ထိုင်းရဲတပ်ဖွဲ့က လူကုန် ကူးမှုဥပဒေဖြင့် တရားစွဲဆိုထားသည်။

မြန်မာနိုင်ငံသားများအနေ ဖြင့် ထိုင်းနိုင်ငံသို့ လာရောက်လုပ် ကိုင်လိုပါက နှစ်နိုင်ငံသဘောတူ စာချုပ် MoU စနစ်ဖြင့်သာ တရား ဝင်လာရောက်အလုပ်လုပ်ကိုင် ကြရန် ဦးစန်းမောင်ဦးက အကြံ ပြုပြောဆိုသည်။
ထို့အပြင် ဇန်နဝါရီ ၁၅ ရက် က ရနောင်းမြို့နှင့် ဖူးခက်မြို့တို့ တွင် တရားမဝင် ဈေးရောင်းချနေ သော မြန်မာလုပ်သားများကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့သည်။

ဇန်နဝါရီ ၁၂ ရက်ကလည်းထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မြို့ရှိ နာမည်ကြီးအ နှိပ်ခန်းကို ဝင် ရောက် ဖမ်းဆီးရာ အသက်မပြည့် သေးသူများအပါအဝင် မြန်မာအ မျိုးသမီးလုပ်သား ၉၆ ဦးကို ဖမ်းဆီး ထားသည်။

၂၀၁၇ အတွင်း ထိုင်းအစိုးရကအသစ်ထုတ်ပြန်ထားသည့် အ လုပ်ရှင်နှင့် အလုပ်သမားဥပဒေ အရ တရားမဝင်အလုပ်သမား တစ်ဦးလျှင် ငွေဒဏ်ဘတ်နှစ် သောင်းမှ နှစ်သိန်းထိ ပြစ်ဒဏ် ကျခံရမည်ဖြစ်သလို လက်ခံထား သည့် အလုပ်ရှင်အနေဖြင့် ငွေ ဒဏ်ဘတ်လေးသိန်းမှ ရှစ်သိန်း အထိ ကျခံရမည်ဖြစ်ပြီး ယင်း ဒဏ်ငွေများ မဆောင်နိုင်ပါက အလုပ်သမားတစ်ဦးလျှင် ထောင် ဒဏ်တစ်နှစ်နှင့် အလုပ်ရှင်ကို ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင် ကြောင်း ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် ထိုင်းရောက် မြန် မာလုပ်သားများအထောက်အ ထားစာရွက်စာတမ်းများ မိမိနှင့် တစ်ပါတည်း ထားရှိယူဆောင်ရန် နှင့် အထောက်အထားမပြည့်စုံသူများ အထောက်အထားများပြုလုပ်ရန် သံရုံးက နှိုးဆော်ထားကြောင်း ဦးစန်းမောင်ဦးက ပြောသည်။

7Day

0 comments:

Post a Comment