Thursday, January 18, 2018

စိုက်ပျိုးရေး အခြေခံ၍ ဧရာဝတီတိုင်းကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်ဟု ဝန်ကြီးချုပ်သစ်ပြောကြား



စိုက်ပျိုးရေးကိုအခြေခံ၍ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်ရန် မျှော်မှန်းထား ကြောင်း ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ်အသစ်ဖြစ်လာသော စိုက်ပျိုးရေးဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသူ ဦးလှမိုးအောင်က ပြော ကြားသည်။
ယမန်နေ့က ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် ၀န်ကြီးချုပ် ခန့်အပ်ခံရပြီးနောက်မီဒီယာများက တွေ့ဆုံမေးမြန်းရာ တွင် ၎င်းကပြောကြားvသည်။

‘‘ရေခံမြေခံတွေက ဧရာ ဝတီတိုင်းမှာ ရှိပြီးသားဖြစ်တဲ့ အတွက် သူ့ကို (စိုက်ပျိုးရေး)ကျန် တဲ့နည်းပညာနဲ့ ထပ်ပြီး ပံ့ပိုးလိုက် မယ်ဆိုရင် ကျွန်တော်တို့ ဧရာ ဝတီတိုင်းရဲ့ စီးပွားရေးက မြန်မြန် ဆန်ဆန် တိုးတက်လာမယ်’’ဟု အသက် (၅၃)နှစ်အရွယ် ဦးလှမိုး အောင်က ပြောသည်။

လစ်လပ်နေသည့် ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်နေရာတွင် ခန့်အပ်ရန် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးလှမိုးအောင်ကို နိုင်ငံ တော်သမ္မတက ဇန်နဝါရီ ၈ ရက် ကျင်းပသည့် ဧရာဝတီတိုင်းဒေသ ကြီး လွှတ်တော် အရေးပေါ် အစည်းအဝေး၌ အမည်စာရင်း ပေးပို့တင်သွင်းခဲ့သည်။ ထိုသို့ တင်သွင်းသည့်အပေါ် တိုင်းလွှတ် တော်ကလည်း ကန့်ကွက်သူမရှိ အတည်ပြုပေးခဲ့သည်။ ၀န်ကြီးချုပ်ရာထူးအတွက် ဒေါက်တာလှမြတ်သွေးခန့်အပ်မည်ဟု သ တင်း ကျယ်ပြန့်စွာထွက်ပေါ်ခဲ့ သော်လည်း ဦးလှမိုးအောင်ကိုခန့်အပ်ခဲ့ခြင်းဖြစ်သည်။

တိုင်းအတွင်း ဆောင်ရွက် မည့် အစီအစဉ်များနှင့်ပတ်သက် ၍ အဂတိလိုက်စားမှု တိုက်ဖျက် ရေးနှင့် ပြည်သူများ တရားဥပဒေ ကို နားလည်ရေး၊ ဥပဒေကို လေး စားလိုက်နာနိုင်ရေး၊ ဥပဒေပညာ ပြန့်ပွားရေးအတွက် မီဒီယာများ ၏ အကူအညီရယူ၍ ပညာပေးမှု များ ဆောင်ရွက်မည်ဟု ဝန်ကြီး ချုပ်သစ်က ဆက်လက်ပြော သည်။

‘‘ဥပဒေလိုက်နာနိုင်ရင် ကျွန် တော်တို့ တိုးတက်မှာပဲ’’ဟု ၎င်း က ပြောသည်။

ဧရာဝတီတိုင်းတွင် ဖြစ်ပွား နေသည့် လယ်ယာမြေအငြင်းပွား မှုများကိုလည်းကောင်း၊ ရေချိုငါး လုပ်ငန်းဥပဒေကိုလည်းကောင်း မိမိအနေဖြင့် သိရှိထားပြီး ဥပဒေ ပြန်လည်ရေးဆွဲရာ၌ ပါဝင်ခဲ့ ကြောင်း တိုင်း၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုသည် အဓိကဖြစ် ကြောင်း တိုင်းအတွင်းရှိ ပြည်သူ များ စိတ်ချမ်းသာရေးကြိုးစား ဆောင်ရွက်မည်ကို အာမခံ ကြောင်း ဦးလှမိုးအောင်က ဆို သည်။

‘‘ပြည်သူပါမှ ဖြစ်ပါမယ်။ ကျွန်တော်တို့ချည်းပဲ မနိုင်ပါဘူး။ ပြည်သူတွေကလည်း ကိုယ့်တိုင်း၊ ကိုယ့်နိုင်ငံ ကိုယ့်ဒေသ တိုးတက် ရေးအတွက် ပူးပေါင်းဆောင်ရွက် ပါလို့ ကျွန်တော်ပြောချင်ပါတယ်’’ ဟု ၎င်းကပြောသည်။

ဦးလှမိုးအောင်သည် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် မြန် အောင်မြို့နယ် မဲဆန္ဒအမှတ် (၁) တိုင်းလွှတ်တော် ကိုယ်စား လှယ်ဖြစ်ပြီး ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် အောင်နိုင်ရေး လူငယ်တာဝန်ခံ အဖြစ် ဆောင် ရွက်ခဲ့ကာ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲ၌ အုပ်စုအောင်နိုင်ရေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူဖြစ် သည်။

လက်ရှိတွင် မြန်အောင်မြို့ နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီ မြို့နယ်အလုပ်အမှု ဆောင်အဖွဲ့၌ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည်။

၎င်းသည် မြန်အောင်မြို့တွင် နေထိုင်ကာ အရောင်းအဝယ်လုပ် ကိုင်သူဖြစ်သည်။ ဇနီးသည် အမည် ဒေါ်ခင်နှင်းညိုဖြစ်ပြီး သား၊ သမီးမရှိပေ။

ဦးလှမိုးအောင်သည် ဧရာ ဝတီတိုင်းဝန်ကြီးချုပ်အဖြစ် ကျမ်း သစ္စာကျိန်ဆိုပြီးပါက မိသားစုနှင့် အတူ ပုသိမ်ရှိ ဝန်ကြီးချုပ်နေအိမ် သို့ ပြောင်းရွှေ့နေထိုင်မည်ဖြစ် သည်။ ယခင် ဝန်ကြီးချုပ်ဟောင်း ဦးမန်းဂျော်နီသည် ဇန်နဝါရီ ၁၈ ရက်တွင် ဝန်ကြီးချုပ်နေအိမ်မှ ပြောင်းရွှေ့သွားပြီဖြစ်သည်။

 ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အရေးပေါ် အစည်း အဝေးကို ဇန်နဝါရီ ၂၃ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ် ကြောင်း တိုင်းဒေသကြီး လွှတ် တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။

7Day

0 comments:

Post a Comment