Thursday, January 18, 2018

အကဲဖြတ်ဒိုင်တွေရဲ့အရည်အချင်းတွေကို ချီးကျူးပြောပြခဲ့တဲ့ မြန်မာပြည်သိန်းတန်



Myanmar idol Season 2 ကနေ အကဲဖြတ်ဒိုင်အဖြစ်ပါဝင်ခဲ့တဲ့ ဝါရင့်အဆိုတော်ကြီး မြန်မာပြည်သိန်းတန် ကတော့ Myanmar idol Season 3 သီချင်းဆိုပြိုင်ပွဲမှာလည်း အကဲဖြတ်ဒိုင်အဖြစ် ဆက်လက်ပါဝင်ဆောင် ရွက်လာရတဲ့အပေါ် သူ့ရင်ထဲက စကားသံတွေကို Duwun Media ကနေအခုလိုပြောပြခဲ့ပါတယ်။
'' Myanmar idol Season 3 မှာ ဒိုင်အဖြစ်ပါဝင်ခွင့်ရတာ အင်မတန်ပျော်ရွှင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဥစ္စာက အန်ကယ့်ရဲ့ ဝါသနာနဲ့ အန်ကယ့်ရဲ့ ပညာအပိုင်းနဲ့ အန်ကယ်စိတ်ဝင်စားဆုံး လုပ်ရတာအပျော်ရွှင်ဆုံးပေါ့နော်။ အန်ကယ့်ရဲ့ ဆန္ဒနဲ့ အန်ကယ့်ရဲ့ စေတနာနဲ့ လုပ်ကိုင်ရ တာ အဝမ်းသာဆုံး အလုပ်လေးဖြစ်နေလို့ပါ'' လို့ သူကဆိုပါတယ်။

မြန်မာပြည်သိန်းတန်ကတော့ သူနဲ့အတူ ပါဝင်ဆောင်ရွက်သွားကြမယ့် အကဲဖြတ်ဒိုင်လူကြီးတွေရဲ့ အရည်အချင်းတွေကိုလည်း အခုလိုချီးကျူး ပြောပြခဲ့ပါတယ်။

'' တင်ဇာမော်နဲ့ အန်ကယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် အကြောင်းသိပြီးသား Season 2 မှာ တွဲပြီးတော့ အလုပ်လုပ်ဖက်ဆိုတော့ သူ့ရဲ့ ပညာအရည်အချင်းသိပြီးသား၊ ကိုရန်အောင် ရဲ့ ပညာအရည်အချင်းကလည်း အနုပညာအပိုင်းမှာ ကြာခဲ့ပြီ သူကိုယ်တိုင်ကလည်း အသံကြီးကြီး မားမား ကောင်းကောင်းမွန်မွန် နဲ့ ဆရာသမားကောင်းကောင်းနဲ့ သီဆိုခဲ့ တဲ့ အနုပညာရှင်တစ်ယောက်၊ မျိုးကျော့မြိုင်ကလည်း ငယ်ပေမယ့် အနုပညာကိစ္စတွေမှာ ခေတ်မှီစွာနဲ့ သင်တန်းတွေလည်း ဖွင့်ထားတယ်၊ ကမ္ဘာနဲ့အဝှမ်း လေ့လာသိရှိထားတာတွေကလည်း သူ့ခေါင်းထဲမှာ အပြည့်ပဲ သူနဲ့ အန်ကယ်နဲ့က ရင်းရင်းနှီးနှီးတွေ့ဖူးတာမဟုတ်တော့ သူ့ရဲ့ ပညာအရည်အချင်းကလည်း တော်တော်ကြီးမားတယ်'' လို့ မြန်မာပြည်သိန်းတန်က ပြောပါတယ်။

Myanmar idol Season 3 ရဲ့ အကဲဖြတ်ဒိုင် ၄ ယောက်ရဲ့ လုပ်ဆောင်ကြမယ့် အလုပ်ပိုင်းအနေနဲ့ အားရကျေနပ်ဖွယ် တောင့်တင်း ခိုင်မာလိမ့် မယ် လို့ သူကဆိုပါတယ်။ Season 1, 2 ထက် သာလွန်ပြီး အရည်အချင်းရှိတဲ့ ကလေးတွေကို ရှာဖွေတော့မယ်လို့ သူကဆိုပါတယ်။

Duwun

0 comments:

Post a Comment