Thursday, January 18, 2018

လွှတ်တော်တွင် လိုတိုရှင်းမေးမြန်းဖြေကြားနိုင်လျှင် နိုင်ငံ့ဘဏ္ဍာသက်သာနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပြော


လွှတ်တော်အစည်းအဝေးအတွင်း မေးခွန်းမေး မြန်းခြင်းနှင့်ဖြေကြားခြင်းကို လိုရင်းတိုရှင်းဆောင် ရွက်နိုင်ခြင်း ကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ ကုန်ကျမှု သက်သာနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်း မြင့်က ပြောကြားသည်။


ယမန့်နေ့(ဇန်န၀ါရီ ၁၈ ရက်)က ကျင်းပသည့် ပြည်သူ့ လွှတ်တော်အစည်းအဝေး၌လွှတ် တော်ကိုယ်စား လှယ်ခြောက်ဦးက ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်ပတ်သက်သည့် မေးခွန်းများမေး မြန်းပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးကျော်လင်း က မေးခွန်းအားလုံးကို ပြန်လည် ဖြေကြားခဲ့သည်။
အဆိုပါမေးမြန်းဖြေကြားမှုများသည် တိုတိုနှင့်လိုရင်းမေး မြန်းဖြေကြားချက်များဖြစ်သည်ကို တွေ့ရှိရကြောင်း မေးခွန်းမေး မြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ပြီးဆုံးချိန်တွင် လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်က ချီးကျူးစကား ဆိုသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်အားလုံးမိနစ် ၃၀ ခန့်အတွင်းပြီးဆုံး၍ ၎င်းက ထိုသို့ချီးကျူး စကားဆိုခြင်းဖြစ်သည်။ ထိုသို့ဆက်လက်ဆောင်ရွက်နိုင်ပါက လွှတ်တော်အစည်း အဝေးတွင် မေးခွန်းများ ပိုမိုမေး မြန်းနိုင်ပြီး ပုံမှန်အစည်းအဝေး ကာလတစ်ခုကို မြန်ဆန်စွာနိဂုံး ချုပ်နိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ က ဆက်လက်ပြောသည်။

‘‘အဲဒီလိုနားလို့ရရင် ကိုယ်စားလှယ်တွေက ကိုယ့်ရဲ့မဲဆန္ဒ ရှင်တွေကို ပြန်ပြီးမဲဆန္ဒရှင်တွေနဲ့ တွေ့တဲ့အချိန်ပိုရမယ်။ ပြီးရင် လွှတ်တော်ကျင်းပချိန်ရက်နည်းတာနဲ့အမျှ နိုင်ငံတော်ဘဏ္ဍာငွေ လည်း များစွာသက်သာမယ်။ ဒါ ကြောင့်မို့ အခုလိုမေးတာ၊ဖြေတာ ကို ကျေးဇူးတင်ပါတယ်’’ ဟု ၎င်း ကပြောသည်။
လွှတ်တော်ဆိုင်ရာ နည်း ဥပဒေအရ လွှတ်တော်အစည်းအ ဝေးများ၏ ပထမတစ်နာရီကို မေး ခွန်းမေးမြန်း ဖြေကြားခြင်းအ တွက် အသုံးပြုရမည်ဖြစ်သည်။ လက်ရှိ၌ မေးမြန်းသူနှင့်ဖြေ ကြားသူနှစ်ဦးစလုံးအတွက် ငါးမိ နစ်စီသတ်မှတ်ပေးထားပြီးလွှတ် တော်အစည်းအဝေးတစ်ရက်တွင် မေးခွန်းခြောက်ခုခန့်မေးမြန်းလေ့ ရှိသည်။

လွှတ်တော်တွင်း မေးခွန်း မေးမြန်းခြင်း၊ ဖြေကြားခြင်းကို သတ်မှတ်ချိန်အတွင်း လိုရင်းတိုရှင်းဆောင်ရွက်နိုင် ပါက ကိုယ်စားလှယ်များ၏ မေးခွန်းများ စုပုံမနေတော့ဘဲ အချိန်ကိုက်မေးခွန်းများလည်း မေးမြန်းနိုင် မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်လွှတ်တော်အခွင့်အရေး ကော်မတီအတွင်းရေးမှူး ဒေါက်တာလှမိုးက ပြောသည်။

‘‘ကိုယ်စားလှယ်တွေအနေနဲ့ မေးချင်တဲ့မေးခွန်းတွေ စုပုံလာတယ်ဆိုရင် Section တစ်ခုတည်း အတွင်း ပြတ်အောင်ဖြတ်ဖို့မလွယ်တဲ့အတွက် လွှတ်တော်ကိုရက်တွေ အကြာကြီးကျင်းပရတယ်။ အဲဒီလိုကျင်းပ တဲ့အတွက် ကိုယ်စားလှယ်တွေက မဲဆန္ဒရှင်တွေနဲ့ထိတွေ့မှုနည်းနည်းလေး ကင်းကွာလာတာကို တွေ့ရတယ်’’ဟု ဒေါက်တာလှမိုးကပြောသည်။

လွှတ်တော်ကိုယ်စားလှယ် များကို နေ့တွက်စရိတ်အဖြစ်တစ် ရက်လျှင်ကျပ်နှစ်သောင်းခွင့်ပြု ထားသည်။ လက်ရှိတွင်ပြည်သူ့ လွှတ်တော်၌ ကိုယ်စားလှယ် စုစုပေါင်း ၄၃၃ ဦးရှိရာတစ်ရက် နေ့တွက်စရိတ် ကျပ် ၈၆ သိန်း ကျော်ကုန်ကျမည်ဖြစ်သည်။

7Day

0 comments:

Post a Comment