တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်
တရုတ်နိုင်ငံ၊ ဒုတိယနိုင်ငံခြားရေး ၀န်ကြီး Mr. Kong Xuanyou ဦးဆောင်သည့်
ကိုယ်စားလှယ်အဖွဲ့နှင့် ဇန်န၀ါရီလ ၁၇ ရက်နေ့ ညနေပိုင်းက နေပြည်တော်ရှိ
ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ပြည်တွင်း
ငြိမ်းချမ်းရေးရရှိရန် တပ်မတော်မှ ဆောင်ရွက်နေမှု၊
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်နေမှု
စသည်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ-တရုတ်
နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့
ဦးဆောင်သည့် ၂+၂ အဆင့်မြင့် ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့မှုရလဒ်များနှင့်
ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး
ရရှိရန်အတွက် တပ်မတော်မှ ဆောင်ရွက်နေမှု အခြေအနေများနှင့်
နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊
မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်
တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း
ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ပြဿနာများအား မြန်မာနိုင်ငံအစိုးရနှင့်
တပ်မတော်မှ ဖြေရှင်းဆောင်ရွက်ခဲ့မှု အပေါ် တရုတ်နိုင်ငံမှ ထောက်ခံရပ်တည်မှု
အခြေအနေများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးများရောက်ရှိစဉ်
တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် အပါအ၀င် တရုတ်နိုင်ငံခေါင်းဆောင်များ၊
တပ်မတော်ခေါင်းဆောင်များနှင့် တွေ့ဆုံချိန်၌ နှစ်နိုင်ငံချစ်ကြည်
ရင်းနှီးမှု တိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့မှု
အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တရုတ်နိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင်ဒုတိယ ညှိနှိုင်းကွပ်ကဲရေးမှူးတို့နှင့် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းဓာတ်ပုံရိုက် ခဲ့ကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်နိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Kong Xuanyou တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင် ဒုတိယညှိနှိုင်းကွပ်ကဲရေးမှူး Maj. Gen. Shao Yuanming ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Hong Liang ၊ စစ်သံမှူး Sr. Col. Xioang Shaowei နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
The Ladies News

0 comments:
Post a Comment