Wednesday, January 17, 2018

ကိုယ်အလေးချိန်လျော့ကျစေဖို့ သင့်အားလွယ်ကူစွာ ကူညီပေးမည့် နည်းလမ်းများ



သင့်ကိုယ်သင်ပိုမိုလှပလာစေဖို့ နှင့် ပိုမိုကောင်းမွန်လာစေဖို့ ရည်ရွယ်ခြင်းသည် ဘယ်တော့မှနောက်ကျသွားရိုး ထုံးစံမရှိပါဘူး။ ယနေ့ ခေတ်ကျော်ကြားနေတဲ့ တီဗီချန်နယ် များမှ မော်ဒယ်လေးများရဲ့ ဖက်ရှင်လေးတွေက သင့်အားလွှမ်းမိုးလာခဲ့မယ်ဆိုရင် အလွန်ဆိုဒ်ကြီးတဲ့ အ၀တ်အစားတွေ ၀တ်နေရတဲ့သင့်အတွက် အားငယ်စရာအချက်ကလေးတစ်ခု ဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့်ယခုမှစသင့်အတွက် ကျန်းမာလှပပြီး သွယ်လျသွက်လက်တဲ့ ကိုယ်ခန္ဓာလေးပိုင်ဆိုင်စေဖို့  ပြင်ဆင်လိုက်ကြပါစို့ ။


မိန်းကလေးတိုင်းအတွက် ကျန်းမာရေးဟာ အရေးကြီးသလို ပျော်ရွှင်တဲ့ဘ၀တစ်ခုပိုင်ဆိုင်ဖို့ အတွက် ကျန်းမာတဲ့နေထိုင်မှုဟာ မရှိမဖြစ်လိုအပ်ချက်တစ်ခုပါဘဲ။ အဲဒါကြောင့် သင့်၏ သိမ်ငယ်အားငယ်နေတဲ့စိတ်ကို ပြောင်းလဲပေးဖို့  ကိုယ်အလေးချိန်ကျစေဖို့ အလွယ်ကူဆုံးနည်းလမ်းလေးများကို ကကူညီပေးပါလိမ့်မယ်။ ပထမဆုံးအချက်အနေနဲ့ စဉ်းစားရမယ့်မေးခွန်းကတော့ မနက်စာက ဘာကြောင့်အရေးကြီးဆုံးလဲ ဆိုတဲ့မေးခွန်းပါဘဲ။

၁။ မနက်စာကဘာလို့ အရေးကြီးတာလဲ ။

မနက်စာကတော့ သင့်ရဲ့တစ်နေ့ တာ စားမယ့် အစာစားချိန်ထဲမှာ အရေးအကြီးဆုံးအချိန်ပါဘဲ။ မနက်စာစားခြင်းဟာ ကိုယ်ခန္ဓာအလေးချိန်ကျခြင်းအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေထဲမှာ တစ်ခုအပါအဝင်ပါဘဲ။ ထို့ အပြင်မနက်စာစားခြင်းမရှိဘဲသဘာဝအားဖြင့် မနက်ခင်းအတွက် ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်နိုင်မှာလဲ မဟုတ်ပါဘူး။ မနက်စာအတွက် စားဖို့ အသင့်လျော်ဆုံးအစားအစာတွေကတော့ သစ်သီးမျိုးစုံ၊ ကြက်ဥ၊ ကိတ်မုန့် ၊ ပေါင်မုန့် တို့ ဟာ လူတိုင်းရဲ့ မနက်စာအတွက် အသင့်လျော်ဆုံးပါပဲ။

၂။ ဘော်ဒီဝိတ်ကျဖို့ အတွက် ကနည်း ။

ယနေ့ ခေတ်မှာတော့ ကတဲ့ နည်းပညာကို ကျွမ်းကျင်သည်ဖြစ်စေ မကျွမ်းကျင်သည်ဖြစ်စေ လူတော်တော်များများ စိတ်မဝင်စားကြပါဘူး။ သို့ ပေမယ့် သင့်ရဲ့ ဘော်ဒီဝိတ်ကျဖို့ အတွက် က ခြင်းဟာ အထောက်အကူဖြစ်စေမယ့်နည်းလမ်းတစ်မျိုးပါဘဲ။ ကခြင်းဖြင့် သင့်ရဲ့ ကိုယ်ခန္ဓာမှာပိုနေတဲ့ ကယ်လိုရီတွေ လျော့ကျသွားစေနိုင်ပါတယ်။ အကနည်းပေါင်းမျိုးစုံက သင့်ရဲ့ဘော်ဒီဝိတ်ကျစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်

၃။ လျှပ်စစ်လှေကားသုံးမယ့်အစား ရိုးရိုးလှေကားကိုအသုံးပြုပေးပါ ။

လှေကားဖြင့်တက်ခြင်းသည်လဲ ကယ်လိုရီတွေကို အမြန်ဆုံးလျော့ကျကာ မယ်တာပေါ်လစင် ပိုများစေလာနိုင်စေနိုင်ပါတယ်။ လှေကားဖြင့်တက်ခြင်းဟာ တနည်းအားဖြင့် သင့်ရဲ့အားအင်တွေကုန်ခမ်းသွားစေပြီး ကိုယ်ခန္ဓာကို အလုပ်ဖိအားပိုပေးပါတယ်။ သို့ ရာတွင် သင်၏ ခန္ဓာကိုယ်ရဲ့ အလေးချိန် နှင့်ကယ်လိုရီတွေ အားအင်နဲ့ အတူ လျှော့ကျသွားစေနိုင်တဲ့အတွက် လှေကားဖြင့်တက်ခြင်းကလဲ သင့်ကိုယ်အလေးချိန် လျော့ကျစေမယ့်နည်းတစ်ခုပါပဲ။

၎။ အသီးအနှံများစားသုံးပေးခြင်း ။

သင်စားမယ့်အစားအစာ ပန်းကန်ရဲ့ တစ်ဝက်လောက်ကို အခြား အသား၊ ငါး၊ ထမင်း နှင့် အဆီတက်စေမယ့် အစားအစာတွေဖြည့်မည့်အစား အသီးအရွက်များထည့်ပေးပါ။ ဥပမာအားဖြင့် အရသာ သိပ်မကောင်းတဲ့ အသီးအရွက် မုံလာဥနီ၊ ဆလက်ရွက် နှင့်ဂေါ်ဖီ စသည့် အရွက်များက ကယ်လိုရီ အနည်းဆုံးပါဝင်ပြီး ဗီတာမင်များစွာပါဝင်တဲ့အတွက်ကြောင့် သင့်ရဲ့ဘော်ဒီဝိတ်ကျစေဖို့အထောက်အကူဖြစ်စေနိုင်ပါတယ်။ ထို့ အပြင် ယင်း အသီးအနှံများစားထားခြင်းကြောင့် သင့်အစာအိမ်မှဆာလောင်မှုအတွက် နောက်ထပ်အစာစားချိန်မတိုင်ခင်အထိ ထိန်းသိမ်းပေးထားနိုင်ပါတယ်

ရှောင်ရန် ဆောင်ရန် အချက်အလက်များ

သင့်ရဲ့ ဘော်ဒီဝိတ်တက်စေမယ့် ဂက်စ်၊ ဆိုဒါ ပါဝင်သောအချိုရည်များသောက်သုံးခြင်းမှရှောင်ကြဉ်ပါ၊

အပြင်မှ အသင့်စားဗူးများ၊ စားအုန်းဆီများနှင့်ချက်ပြုတ်ထားသော ဆိုင်အစားအစာများ စားမည့်အစား မိမိအိမ်မှာ လတ်လတ်ဆတ်ဆတ် သန့်သန့်ရှင်းရှင်းချက်ပြုတ်ထားသော အစားအစာများကိုသာ သုံးစွဲပါ။

သင့်၏ ဘော်ဒီဝိတ် ကျစေနိုင်ဖို့ အသက်သာဆုံးနည်းလမ်းဖြစ်တဲ့လမ်းလျှောက်လေ့ကျင့်ခန်းကို အနည်းဆုံး တစ်နေ့ တစ်နာရီခန့် လုပ်ဆောင်ပေးပါ။

မုံလာဥနီနှင့် သခွားသီး ကို သင်လိုအပ်တဲ့အချိန်တိုင်းအတွက် မကြာခဏ စားသုံးပေးပါ။

ဆူဇန်
Ref : Women’s life style magazine

0 comments:

Post a Comment