Wednesday, January 17, 2018

သရုပ်ဆောင်အောင်ရဲထွေးအသတ်ခံရမှုမှ ၃ ဦးကို ဒုတိယအကြိမ်ရုံးထုတ်၊ လူသတ်မှုနဲ့ နောက်လ တရားစွဲမည်







သရုပ်ဆောင်အောင်ရဲထွေးသေဆုံးမှုနဲ့ ပတ်သတ်ပြီး ကျူးလွန်ခဲ့သူသုံးဦးကို ဇန်န၀ါရီလ ၁၈ ရက်နေ့ (ယနေ့ ) နံနက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ်မြောက် ရုံးထုတ်လာခဲ့ပြီး ချုပ်ရမန်ယူခဲ့ပါတယ်။ 

ပထမအကြိမ်မြောက်ရုံးထုတ်ရမန်ကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၅ရက်နေ့ က ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။ ၎င်းတို့ကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂၊ ၁၁၄ တို့ နဲ့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ ထပ်မံတရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

သရုပ်ဆောင်အောင်ရဲထွေးဟာ နှစ်သစ်ကူးညက ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် ဇန်န၀ါရီလ (၂)ရက်နေ့ က ရန်ကုန်ဆေးရုံကြီးမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဖြိုးထက်အောင်
ဓါတ်ပုံ - အောင်နိုင်စိုး(ကစ္ဆပ)
Popular News Journal

0 comments:

Post a Comment