Sunday, January 21, 2018

ပွဲတွေမှာ ဘေးကလိုက်ပါကူညီသူ နှစ်ဦးအကြောင်း ရှင်းပြတဲ့ နေခြည်ဦး


အခမ်းအနားများ တက်ရောက်ရာတွင် အချို့ပွဲများ၌ အားပေးသည့်ပရိသတ် များပြားလွန်းသဖြင့် စင်ပေါ်တက်ရန် ခက်ခဲသည့်အချိန်များရှိခဲ့၍ သူငယ်ချင်း၏ အစ်ကိုနှစ်ဦး ဘေးက လိုက်ပါ ကူ ညီကြောင်း Beauty Blogger နေခြည်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏အကြွေး ၂ နှစ်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံကျော် ပိုများလာ

မြန်မာနိုင်ငံက ပြည်တွင်း၊ ပြည်ပသို့ပေးရမည့် အကြွေးသည် ၂ နှစ်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံကျော် ပိုများလာသည်။ ဒီချုပ်အစိုးရ မတက်မီ ၂၀၁၅ ဒီဇင်ဘာလကုန်တွင် ယခင်အစိုးရက ထုတ်ပြန်ခဲ့သော နိုင်ငံခြားသို့ ပေးဆပ်ရမည့် အကြွေးဒေါ်လာ ၉ ဒသမ ၁ ဘီလီယံကျော်ရှိခဲ့သည်။ ဒီချုပ်အစိုးရ လက်ထက် ၂၀၁၇ အောက်တိုဘာလ ကုန်အထိ မြန်မာနိုင်ငံ၏ အကြွေးစာရင်း ကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံကျော် ရှိသည်။

ဝင်ငွေခွန်အများဆုံး ထမ်းဆောင်သည့် ထိပ်တန်းလုပ်ငန်းရှင် စာရင်းတွင် ဦးပိုင်ကုမ္ပဏီ ပါဝင်


၂၀၁၆-၁၇ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်တဲ့ လုပ်ငန်းရှင် ၅၀ စာရင်းကို ပြည်တွင်း အခွန်များဦးစီးဌာနက ထုတ်ပြန်ကြေညာရာမှာ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလည်း ပါဝင်လာပါတယ်။

ဘင်္ဂလားက ပြန်ဝင်လာသူများကို ကူးစက်ရောဂါ အဓိက စစ်မည်


ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်ဝင်လာမယ့်သူတွေမှာ ကူးစက်ရောဂါ ရှိ မရှိ အဓိကထား စစ်ဆေးသွားမယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်က ပြောပါတယ်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် အတိုင်ခံရ


တိုင်းလွှတ်တော် ဝန်ထမ်းအိမ်ရာ တည်ဆောက်မှုအတွက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က မြေသိမ်းဆည်းခဲ့သည်ဟုဆိုကာ မုံရွာမြို့ အိုးဘိုတောင် ရပ်ကွက်နေထိုင်သည့် ဒေသခံ များက လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားစာကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံ သွားရောက်မည်


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံကို သွားရောက်မယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

မနက်စာမစားခင် ကြက်သွန်ဖြူနဲ့ ပျားရည်ကို တွဲစားပေးခြင်းရဲ့ အကျိုးကျေးဇူးတွေ…


မနက်အိပ်ယာထပြီး မနက်စာမစားရသေးခင်မှာ ကြက်သွန်ဖြူနဲ့ ပျားရည်ကိုတွဲပြီးစားပေးရင် ကျန်းမာရေး အတွက် အကျိုးကျေးဇူးတွေ ရှိနေပါတယ်။ သူတို့နှစ်ခုလုံးမှာ Antibiotic တွေပါဝင်ပြီး ကိုယ်ခံအားစနစ် ကိုမြင့်တင်ပေးပါတယ်။

Friday, January 19, 2018

ရခိုင်ပြည်နယ်ကို အန်အယ်လ်ဒီ အစိုးရက ကိုလိုနီစနစ်ဖြင့် အုပ်ချုပ်နေဟု ရခိုင်အမျိုးသားပါတီအမတ် ဝေဖန်


ဒီမိုကရေစီအစိုးရလို့ ကြွေးကြော်ထားတဲ့ အန်အယ်လ်အစိုးရဟာ ရခိုင်ပြည်နယ်ကို ကိုလိုနီစနစ်နဲ့ အုပ်ချုပ်နေတယ်လို့ ရခိုင်အမျိုးသားပါတီ လွှတ်တော်အမတ်က ပြောဆိုလိုက်ပါတယ်။

မန္တလေးမြို့ရှိ နေအိမ်စာရင်းများ ပြန်လည် ကောက်ယူ၍ အိမ်ခွန် ကောက်ခံမည်


မန္တလေးမြို့တောစည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ နေအိမ်စာရင်းများကို ပြန်လည် ကောက်ယူ၍ အိမ်ခွန်များ ကောက်ခံသွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သစ် ဦးလှမိုးအောင်နှင့် တွေ့ဆုံခြင်း


“ပွတ်တိုက်မှုက မအောင်မြင်နိုင်ပါဘူး၊ ကျွန်တော်က ပွတ်တိုက်မှုထက် ပူးပေါင်းမှုကို ပိုလိုလားပါတယ်”

နိုင်ငံတော်သမ္မတက ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ဦးလှမိုးအောင်ကို အမည်စာရင်း တင်သွင်းခဲ့ရာ ဇန်နဝါရီလ ၁၈ ရက်က ဧရာဝတီတိုင်း လွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်သူမရှိ၍ အတည်ပြုခန့်အပ်ခဲ့သည်။ ယင်းသို့ ခန့်အပ်ခံရသည်နှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သစ် ဦးလှမိုးအောင်ကို The Voice မှ တွေ့ဆုံမေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များကို အာဏာမမက်ဘဲ ပြည်သူ့ အကျိုးကိုသာ ဆောာင်ရွက်ဖို့ ပါတီိဥက္ကဌဦးသန်းဌေးမှာ


ရပ်/ကျေး အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များကို လုပ်ငန်းခွင်မှာ အာဏာမမက်ဘဲ ပြည်သူ့ အကျိုးကိုသာ ဆောာင်ရွက်ဖို့ ပါတီိဥက္ကဌဦးသန်းဌေးက မှာကြားခဲ့တယ်လို့ ပြည်ခိုင်ဖြိုးပါတီိမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဒေါက်တာ ဦးအေးမောင်ကို လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ မရုတ်သိမ်းသေး


နိုင်ငံတော်ကို ပုန်ကန်သစ္စာဖောက်ဖျက်မှုအပါအဝင် ပုဒ်မ ၃ ခုဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် အမ်းမြို့ နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးအေးမောင်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ယခုအချိန်ထိ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်နေဆဲဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ပြောသည်။

Thursday, January 18, 2018

ဒေါက်တာ အေးမောင်အား စစ်တွေမြို့နယ် တရားသူကြီးထံတွင် ချုပ်ရမန်ရယူကာ စစ်တွေ အကျဉ်းထောင်၌ ချုပ်နှောင်ထား



ဒေါက်တာ အေးမောင်အား စစ်တွေမြို့နယ် တရားသူကြီးထံတွင် ချုပ်ရမန်ရယူကာ စစ်တွေ အကျဉ်းထောင်၌ ချုပ်နှောင်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
 

ဒေါက်တာအေးမောင်နှင့် တွေ့ဆုံခြင်း


“တောင်ပိုင်းမှာ ဘင်္ဂါလီ ၆ ရွာကို ထားနိုင်ရေး အကောင်အထည်ဖော်နိုင်ဖို့ လူထုကို အာရုံလွှဲတာ”

အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ရသေ့တောင်မြို့နယ်တွင် ပြုလုပ် ခဲ့သော ရခိုင့်ဘုရင့် နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း (၂၃၃) နှစ်ပြည့် ဝမ်းနည်းဖွယ် အထိမ်း အမှတ်ပွဲတွင် ဟောပြောခဲ့သော အကြောင်းအရာများကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံတော် ပုန်ကန်မှုနှင့် မတရားအသင်းဥပဒေတို့ဖြင့် အမှုဖွင့်ခဲ့သည်။ ယင်းနောက် ဇန်နဝါရီလ ၁၈ ရက် မွန်းလွဲပိုင်း၌ စစ်တွေမြို့ အိုးတန်းရပ်ကွက်ရှိ ၎င်း၏ နေအိမ်မှ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်၍ တရားရုံး၏ရမန်ဖြင့် ညနေပိုင်းတွင် စစ်တွေထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်သည်။ ဒေါက်တာအေးမောင် အဖမ်းမခံရမီ မိနစ်ပိုင်းအလိုတွင် The Voice က တွေ့ဆုံမေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြအပ် ပါသည်။

"ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးကိုတာဝန်မှရပ်စဲ"


ပေးအပ်သည့်တာဝန်ကိုကျေပွန်စွာမထမ်းဆောင်နိုင်ဟုဆိုကာ ရခိုင်ပြည်နယ် လွှတ်တော်အမတ် ၁၇ ဦးက စွပ်စွဲပြစ်တင် ခဲ့ပြီး ပြည်နယ်လွှတ်တော်ကလည်း ဆက်လက်တာဝန်ထမ်းဆောင်ရန် မသင့်ကြောင်း မဲခွဲဆုံးဖြတ်ခံထားရသည့်ရခိုင်ပြည် နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို တာဝန်မှ ရပ်စဲကြောင်း နိုင်ငံတော် သမ္မတ ရုံးက ထုတ်ပြန်ကြေညာ သည်။