Sunday, January 21, 2018

ပွဲတွေမှာ ဘေးကလိုက်ပါကူညီသူ နှစ်ဦးအကြောင်း ရှင်းပြတဲ့ နေခြည်ဦး


အခမ်းအနားများ တက်ရောက်ရာတွင် အချို့ပွဲများ၌ အားပေးသည့်ပရိသတ် များပြားလွန်းသဖြင့် စင်ပေါ်တက်ရန် ခက်ခဲသည့်အချိန်များရှိခဲ့၍ သူငယ်ချင်း၏ အစ်ကိုနှစ်ဦး ဘေးက လိုက်ပါ ကူ ညီကြောင်း Beauty Blogger နေခြည်ဦးက ပြောသည်။
‘‘ဒါနေခြည့် သူငယ်ချင်းအစ် ကိုတွေပါ။ ကာကွယ်စောင့်ရှောက် တာလည်းမဟုတ်ပါဘူး။ အဓိကလူအရမ်းများလာရင် အဝင်အထွက်လုပ်ရတာ အရမ်းခက်တယ်။ ဒါပေမဲ့ ဒီပွဲလေးကျကတော့ အရမ်း Private ဆန်တယ်။ အဲဒါကြောင့် ဒီအစ်ကိုတွေက ဘေးနားကရပ်နေ ရုံပါပဲ။ ဘာလို့လဲဆိုတော့ အရှေ့ ကပွဲတွေမှာ နေခြည်တို့ အခက်အ ခဲတွေ့ခဲ့တာတွေ အများကြီးရှိ တယ်။ 
 
စင်ပေါ်တက်ဖို့ ဘယ်လိုမှ မတိုးနိုင်တာလည်းပါတယ်။ ကိုယ့်မန်နေဂျာကလည်း ညီမလေးဖြစ်နေတော့ တစ်ခုခုဆို ဘာမှလုပ်လို့မရဘူး။ အထူးသဖြင့် နေခြည့် Fan Meeting ကရဝိက်ပွဲတုန်းကဆို ဒီအစ်ကိုတွေပဲ နေခြည့်ကို ကူညီ ပေးခဲ့တာပါ။ အဓိက ပရိသတ်အ ရမ်းများတဲ့အတွက်ကြောင့် စင် ပေါ်မတက်နိုင်တဲ့ အခါမျိုးတွေမှာ အချိန်တွေ ကုန်တဲ့အတွက်ကြောင့် ကိုယ်တကယ်လုပ်ရမယ့် ကိစ္စတွေ မလုပ်နိုင်တော့ဘူး’’ ဟု ၎င်းနှင့်အတူ ယခုနောက်ပိုင်းပွဲ များတွင် လိုက်ပါလာသည့် အမျိုးသားနှစ်ဦး နှင့်ပတ်သက်၍ ပြောသည်။

ဇန်နဝါရီ ၂၅ ရက်၌ ကျ ရောက်မည့် ၎င်း၏ အသက် (၂၆) နှစ်ပြည့် မွေးနေ့ကို အလှူအတန်း လုပ်ရင်း ဖြတ်သန်းမည်ဟု စဉ်းစား ထားသော်လည်း Maybelline အလှကုန်၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံတွင် Maybelline ထုတ် ကုန်များကို လေ့လာရင်း ကမ္ဘာ ကျော်မော်ဒယ် Gigi Hadid နှင့် တွေ့ဆုံမည့်ပွဲ တက်ရောက်ရန် ရှိသည်။

လက်ရှိတွင် ရွှေစင်ဦးထုတ် လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ မီးပွားရိုက်ကူးမည့် ‘ရန်သူ’ ဟု ယာ ယီအမည်ပေးထားသော ၎င်း၏ ပထမဆုံး လက်ခံရိုက်ကူးမည့် ဇာတ်ကားကို ဖေဖော်ဝါရီ ၅ ရက်တွင် စတင်ရိုက်ကူးမည်ဖြစ် သည်။အဆိုပါ ဇာတ်ကားတွင် နေ ခြည်ဦးက တည်ငြိမ်သည့် တက္က သိုလ်ကျောင်းသူတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ရမည်ဖြစ်ပြီး နောက်ပိုင်းတွင် ဇာတ်ကောင်စ ရိုက်တစ်မျိုးပြောင်း၍ သရုပ် ဆောင်ရမည်ဖြစ်သည်။

7Day

0 comments:

Post a Comment