Sunday, January 21, 2018

မြန်မာ-ထိုင်း ချစ်ကြည်ရေးသံဃာတော်အပါး ၂ဝဝဝဝ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်





မြန်မာ-ထိုင်းချစ်ကြည်ရေး သံဃာတော်အပါး ၂ဝဝဝဝ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်လေယာဉ်ကွင်း၌ ပြုလုပ်ရာ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌ ဂုရု၊ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသနှင့် မန္တလေးတိုင်း ဒေသကြီး၊ သံဃနာယကအဖွဲ့ ဥက္ကဋ္ဌမစိုးရိမ်ကျောင်းတိုက်၊ ပါဠိနယူပဒေသ ကျောင်းဆရာတော် အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တဝိစိတ္တာဘိဝံသအမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ ထိုင်းနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့မှ ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသူ များတက်ရောက်ကြသည်။

ဦးစွာတိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗန်းမော်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ထိုင်းနိုင်ငံ ဓမ္မကာယကျောင်းတိုက်၏ နာယက ဆရာတော် လုံဖောဓမ္မချိုင်ယို၏ အသံဖိုင် တရားတော်အား နာယူကြကာ ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြ သည်။

ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပါဠိနယူပဒေသကျောင်း တိုက်ဆရာတော်ထံမှ အနု မောဒနာတရားနာယူကြသည်။ ထို့နောက်တိုင်းမှူးနှင့်ဧည့်ပရိသတ်အပေါင်းတို့သည် သံဃာတော်အပါး ၂ဝဝဝဝ ကို ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး


0 comments:

Post a Comment