Sunday, January 21, 2018

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံ သွားရောက်မည်


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံကို သွားရောက်မယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက် ဆက်ဆံရေး ၂၅ နှစ်မြောက် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနဲ့ အိန္ဒိယနိုင်ငံရဲ့ ၆၉ နှစ်မြောက် အမျိုးသားနေ့ အခမ်းအနားကို တက်ရောက်ဖို့ မကြာမီ ကာလအတွင်း အိန္ဒိယကို သွားရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ဇန်နဝါရီ ၂၅ ရက်နဲ့ ၂၆ ရက်မှာ ကျင်းပမှာဖြစ်ပြီး အာဆီယံဒေသတွင်းက နိုင်ငံအကြီးအကဲတွေလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ အောက်တိုဘာလကလည်း အိန္ဒိယနိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး တောင်အာရှနိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ဘမ်းမ်စတက် ထိပ်သီးစည်းဝေးပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။

DVB

0 comments:

Post a Comment