Friday, January 19, 2018

ရပ်/ကျေး အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များကို အာဏာမမက်ဘဲ ပြည်သူ့ အကျိုးကိုသာ ဆောာင်ရွက်ဖို့ ပါတီိဥက္ကဌဦးသန်းဌေးမှာ


ရပ်/ကျေး အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များကို လုပ်ငန်းခွင်မှာ အာဏာမမက်ဘဲ ပြည်သူ့ အကျိုးကိုသာ ဆောာင်ရွက်ဖို့ ပါတီိဥက္ကဌဦးသန်းဌေးက မှာကြားခဲ့တယ်လို့ ပြည်ခိုင်ဖြိုးပါတီိမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။


ပြည်ခိုင်ဖြိုးပါတီိဗဟိုအလုပ်မှုဆောင်အဖွဲ့ ဝင်များဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မွန်ပြည်နယ်ကို သွားရောက်ခဲ့ရာမှာ ဒေသခံပါတီိခေါင်းဆောင်များက ပြည်ခိုင်ဖြိုးပါတီိဝင်များ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအဖြစ် ရွေးချယ်ခံရမှု အများအပြားရှိနေတယ်လို့ တင်ပြခဲ့မှုအပေါ် ပြည်ခိုင်ဖြိုးပါတီိဥက္ကဌဦးသန်းဌေးက ယခုလိုမှာကြားခဲ့ခြင်းဖြစ် တယ်လို့ သူကဆိုပါတယ်။

”ကျွန်တော်တို့ ပါတီဝင်တော်တော်များများ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအဖြစ် ရွေးချယ်ခံရတယ်လို့ တင်ပြကြ ပါတယ်။ အဲဒီတော့ ပါတီဥက္ကဌကြီိးအနေနဲ့ ဒေသခံပါတီိခေါင်းဆောင်တွေကို အနီးကပ်ကြီးကြပ်ပေးဖို့  မှာကြားပါတယ်။ အာဏာမမက်ဖို့ ၊ ပြည်သူ့ အကျိုးကိုပဲဆောင်ရွက်ဖို့တွေပေါ့ ” လို့ ဒေါက်တာနန္ဒာ လှမြင့် ကပြောပါတယ်။

ဒါ့အပြင် ဦးသန်းဌေးဟာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို လုပ်ငန်းခွင်မှာ ဥပဒေနဲ့ ဆန့့်ကျင်ပြီးလုပ်ရမှာတွေ၊ ပြည်သူ့ အကျိုးနဲ့ ဆန့် ကျင်ပြီး ဆောင်ရွက်ရမှာတွေရှိလာရင် မလုပ်ဘဲနဲ့ ဂုဏ်သိက္ခာရှိစွာ နှုတ်ထွက်ဖို့ ကို လည်း မှာကြားခဲ့တယ်လို့ သူကဆိုပါတယ်။ ”အစိုးရအာဏာပိုင်တွေကပဲဖြစ်ဖြစ်၊ နောက် ဒေသခံလွှတ်တော် ကိုယ်စားလှယ်တွေကလည်း မိမိတို့ ပါတီိဝင်တွေဖြစ်ရေးတွေပဲလုပ်နေကြတယ်လို့ ကျွန်တော်တို့ ကိုတင်ပြ ထားတာတွေရှိနေတော့ သူတို့က သူတို့ ပါတီဝင်မဟုတ်တဲ့အတွက် ပြည်သူ့ အကျိုးနဲ့ ဖီဆန်ပြီးလုပ်ရမယ့် အလုပ်တွေကို လုပ်ဖို့ ဖိအားပေးခဲ့ရင် မလုပ်ဘဲနဲ့ နှုတ်ထွက်လိုက်ဖို့ လည်းမှာကြားခဲ့ပါတယ်” လို့သူကဆို ပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ ဝင်များဟာ မွန်ပြည်နယ်ကျိုက်မရောမြို့နယ်မှ သူတို့  ရဲ့ ပါတီဝင်များနဲ့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၅ ရက်နေ့ က တွေ့ ဆုံပါတယ်။ တွေ့ ဆုံရာမှာ ပြည်သူလူထုခံစားနေ ရတဲ့အခက်အခဲတွေကို ယခုထက်ပိုပြီိး အဆင့်မြင့်မြင့်ပြောချင်တဲ့အတွက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကို တွေ့ ဆုံခွင့်တောင်းထားတယ်လို့ ပါတီဥက္ကဌဖြစ်သူ ဦးသန်းဌေးကပြောထားပါတယ်။

Popular

0 comments:

Post a Comment