Sunday, January 21, 2018

တာချီလိတ်မြို့၊ ရွှေတိဂုံပုံတူစေတီတော်အား ရွှေသင်္ကန်းကပ်လှူပူဇော်






ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဓမ္မသီရိအား ဇန်နဝါရီ ၂ဝ ရက် နေ့လယ်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် အဖွဲ့ဝင်များက သွားရောက် ဖူးမြော်ကြည်ညို၍ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ ရွှေတိဂုံပုံတူစေတီတော်အား သွားရောက် ဖူးမြော်ကာ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအားကြည့်ရှုပြီး စေတီတော်အား ရွှေသင်္ကန်း ကပ်လှူပူဇော်သည်။

ယင်းနောက် စေတီတော်ပရိဝုဏ်အတွင်းရှိ ကျောက်စာတိုက် နေရာတွင် ဂုံရှမ်းဘာသာဖြင့် ရေးထိုးလျက် ရှိသည့် ပိဋကတ်သုံးပုံကျောက်စာတိုင် စိုက်ထူထားရှိမှုနှင့် ကျောက်စာရေးထိုးနေမှု အခြေအနေများကို လိုက်လံကြည့်ရှု ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment