Thursday, January 18, 2018

"ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးကိုတာဝန်မှရပ်စဲ"


ပေးအပ်သည့်တာဝန်ကိုကျေပွန်စွာမထမ်းဆောင်နိုင်ဟုဆိုကာ ရခိုင်ပြည်နယ် လွှတ်တော်အမတ် ၁၇ ဦးက စွပ်စွဲပြစ်တင် ခဲ့ပြီး ပြည်နယ်လွှတ်တော်ကလည်း ဆက်လက်တာဝန်ထမ်းဆောင်ရန် မသင့်ကြောင်း မဲခွဲဆုံးဖြတ်ခံထားရသည့်ရခိုင်ပြည် နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို တာဝန်မှ ရပ်စဲကြောင်း နိုင်ငံတော် သမ္မတ ရုံးက ထုတ်ပြန်ကြေညာ သည်။


အဆိုပါ အမိန့်စာကို နိုင်ငံတော် သမ္မတရုံးက ဇန်နဝါရီ ၁၈ ရက်ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီးဒီချုပ်အစိုးရ လက်ထက်တွင် ပထမဆုံးစွပ်စွဲပြစ်တင်ခံရကာတာဝန်မှရပ်စဲခံရခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို ဆက်လက်တာဝန်ထမ်း ဆောင်ရန် မသင့်ကြောင်း ပြည်နယ်လွှတ်တော်၌ ဇန်နဝါရီ ၂ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို ပြည်နယ် လွှတ်တော်က ဇန်နဝါရီ ၅ ရက်တွင် နိုင်ငံတော် သမ္မတထံသို့ ပေးပို့ခဲ့သည်။

ယင်းသို့ ပေးပို့ပြီး ၁၄ ရက်အကြာတွင် တာဝန်မှ ရပ်စဲကြောင်း အမိန့်စာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း - မောင်ကံ

0 comments:

Post a Comment