Sunday, January 21, 2018

KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းများကြောင့် အပြစ်မဲ့ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာများရရှိ


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ မိုင်ခွန်ကျေးရွာအနီး မိုင်ခွန်ပယင်းမှော်တွင်KIA အကြမ်းဖက်သောင်းကျန်း သူများ ထောင် ထားသည့် တိုက်မိုင်းများအား ပယင်းတူးဖော်သည့် အလုပ်သမားများက တိုက်မိပေါက်ကွဲ ခဲ့သဖြင့် အမျိုးသား ၆ ဦးသည် မိုင်းစ ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး တနိုင်းမြို့ ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက် ရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်များမှာ ဇန်န၀ါရီ ၂၀ ရက် နံနက်ပိုင်းတွင် ပူတာအိုမြို့၊အမှတ်(၄)ရပ်ကွက် ဦးဆန်လွန်းဖုန် (ဘ)ဦးဆန်ဒုန်းဆင်တန်၊ ဘွမ်ကထောင်ရပ်ကွက်နေ မောင်ခါတန်ဒီး(ဘ) ဦးခါတန်ဖုန်နှင့် တနိုင်းမြို့၊ ပီနမ်ခကွက်သစ်၊ ပုန်ခုန်းရက်ကွက်နေ ဦးတားမီးဝူ(ဘ)ဦးလတားဒီးတို့သည် ၎င်းပယင်းမှော်၏ အရှေ့မြောက်ဘက် ၁ မိုင်ခန့်အကွာ၌ လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပင်လယ်ဘူးမြို့နေ ဦးလင်းထက်(ဘ) ဦးကုလားသည် ရေခပ်ထွက်လာစဉ် ၎င်းပယင်းမှော် ၏အရှေ့တောင်ဘက် မီတာ ၇၀၀ ခန့်အကွာသို့အရောက်၌ လည်းကောင်း၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာနေ ဦးရဲမြင့်(ဘ) ဦးမြအောင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လယ်ဘူးမြို့နေ ဦးဇော်ဦး(ဘ) ဦးဝင်းမောင်တို့သည် ဇန်န၀ါရီ ၂၀ ရက် နေ့လယ်ပိုင်းတွင် ၎င်းပယင်းမှော်၏ အရှေ့တောင်ဘက် မီတာ ၈၄၀ ခန့်အကွာသို့အရောက် ၌လည်းကောင်း KIA အကြမ်းဖက် သောင်းကျန်း သူများ ထောင်ထားသည့် တိုက်မိုင်း ၃ လုံးအား တိုက် မိပေါက်ကွဲခဲ့သဖြင့် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အလားတူ တနိုင်းမြို့နယ်၊ ကင်ဆားရာရပ်ကွက်နေ ဦးဂမ်းအောင်(ဘ)ဦးဂွမ်ဂျာ သည် အဖော်များနှင့်အတူ ငါးရှာသွားရန် ထွက်ခွာလာစဉ် ဇန်ဝါရီ ၂၀ ရက် နံနက် ၁၀ နာရီခန့်တွင် တနိုင်းမြို့၏ အရှေ့တောင်ဘက် ၅ မိုင်ခွဲခန့်အကွာသို့ အရောက်၌ KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်း ၁ လုံး အား နင်းမိပေါက်ကွဲခဲ့သဖြင့် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး တနိုင်းမြို့ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေး ကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment