Thursday, November 1, 2018

ပျက်ကျခဲ့သည့် အင်ဒိုနီးရှားလေယာဉ်၏ ပျံသန်းမှုမှတ်တမ်းကို ပြန်တွေ့



အင်ဒိုနီးရှားကမ်းရိုးတန်းမှာအောက်တိုဘာလ(၂၉)ရက်ကပျက်ကျခဲ့တဲ့ လိုင်းယွန်းလေကြောင်းလိုင်းပိုင် ဘိုးအင်း(၇၃၇)လေ ယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းကို ရေငုပ်သမားတွေက ပြန်တွေ့ခဲ့ကြပါတယ်။

ဒဂုံမြို့သစ်(တောင်ပိုင်း)၊ စက်ရုံတစ်ခုမှ ကျပ် ၆၂၀၀၀၀၀၀ ခိုးယူသွားသည့် ညစောင့်အား ဖမ်းဆီးရမိ



ဒဂုံမြို့သစ်(တောင်ပိုင်း)၊ စက်ရုံတစ်ခုမှ ကျပ် ၆၂,၀၀၀,၀၀၀ ခိုးယူ သွားသည့် ညစောင့်အား ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 

ဆော်ဒီသတင်းထောက် အသတ်ခံရပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြတ်တောက်ခံခဲ့ရကြောင်း တူရကီ အစိုးရရှေ့နေပြောကြား


တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ အစိုးရရှေ့နေချုပ်ရုံးက ဆော်ဒီသတင်းထောက် Jamal Khashoggi သည် အစ္စတန်ဘူလ်မြို့ ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း လည်ပင်းညစ်သတ်ခံရပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြတ်တောက်ခံခဲ့ရကြောင်း အောက်တိုဘာ ၃၁ ရက်ကပြောကြားခဲ့သည်။

သိန်း ၁၀၀ လျှော်ကြေးစာချုပ်သစ်လက်မှတ်မထိုး၍ သူနာပြု ၆ ဦး ဘွဲ့နှင်းသဘင်တွင် ဒီပလိုမာဘွဲ့လက်မှတ်မပါသောကတ်ထူအခွံ့သာပေး


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ မြောက်ဥက္ကလာပ သူနာပြုသင်တန်းကျောင်း ဆင်းပွဲတွင် ၀န်ကြီးဌာနက အသစ်ပြင်ဆင်ချုပ်ဆိုသော ​သိန်း ၁၀၀ လျှော်ကြေးစာချုပ်ကို လက်မှတ်မထိုးသည့် သူနာပြုကျောင်းဆင်း ၆ ဦးကို ဒီပလိုမာဘွဲ့လက်မှတ်မပေးဘဲ ဘွဲ့လက်မှတ်မပါသော ကတ်ထူအခွံ့သာပေးအပ်ခဲ့ကြောင်း သိရှိရသည်။

နေရပ်ပြန်ရေး မြန်မာအစိုးရ တာဝန်ရှိသူတွေ ဒုက္ခသည်စခန်းမှာ ရှင်းပြ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားရှိ ဒုက္ခသည်စခန်းတွေဆီ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးဆောင်တဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ သွားရောက်ပြီး နေရပ်ပြန်ရေးနဲ့ ပတ်သက်လို့ ရှင်းပြခဲ့ပါတယ်။

အွန်လိုင်း ခြိမ်းခြောက်မှုတွေကို အာဆီယံ စုပေါင်း ကိုင်တွယ်ရေး ကျွမ်းကျင်သူတွေ စေလွှတ်ကြဖို့ စင်ကာပူ အကြံပေး



ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ အွန်လိုင်း ခြိမ်းခြောက်မှု အန္တရာယ်တွေကို ပူးပေါင်း ဖြေရှင်းကြဖို့ အိမ်နီးချင်း အာဆီယံနိုင်ငံတွေက ဆိုင်ဘာရာဇဝတ်မှု ကျွမ်းကျင်သူ တစ်ဦးဆီကို ၂၀၁၉ ခုနှစ်မှာ စင်ကာပူနိုင်ငံဆီ စေလွှတ်ကြဖို့ စင်ကာပူက အကြံပေးလိုက်ပါတယ်။

တပ်မတော်ထောက်ခံပွဲတွေ ဆက်လက်လုပ်ဆောင်ဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တိုက်တွန်း


တပ်မတော်ထောက်ခံပွဲတွေ ဆက်လက်ထိန်းသိမ်းလုပ်ဆောင်ကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတိုက်တွန်းလိုက်ပါတယ်။

Korea မှာ နှာခေါင်း ခွဲစိတ်ပြုပြင်ဖို့ ရှိတယ်ဆိုတဲ့ နန်းခင်ဇေယျာ


နှာခေါင်းက ဓာတ်ပုံရိုက်ရင် ပြားပြားကြီးဖြစ်နေတယ်။ မိတ်ကပ်နဲ့ပဲ ပုံစံကျအောင်၊ လှအောင် ပုံဖော်ထားရတော့ ခွဲစိတ်ချင်တယ်။ ခွဲစိတ်ရတာ မကြောက်ဘူး။ ဝါသနာပါတယ်။ 

နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်တဲ့ အစည်းအဝေး NRPC မှာ ကျင်းပ


လာမယ့် စတုတ္ထအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံမှာ ရလဒ်ကောင်းတွေရရှိဖို့ ပြင်ဆင်တဲ့ အနေနဲ့ ပြုလုပ်တဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်နဲ့ လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်တဲ့ အစည်းအဝေးကို ရန်ကုန်မြို့ NRPC မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

လားရှိုးရောက် စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အကူအညီပေးမည်



ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ကို ရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်အမြန်ဆုံးပြန်နိုင်အောင် အတတ်နိုင်ဆုံး အကူအညီပေးသွားမယ်လို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးက ပြောပါတယ်။

မြန်မာ-အိန္ဒိယ တံတားတည်ဆောက်မည့်နေရာ ကွင်းဆင်းစစ်ဆေး


ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ဒါရ်ခိုင်း(ရွာဟောင်း)ကျေးရွာမှာ ၂၀၁၈ အောက်တိုဘာ (၃၀)ရက် မနက်က နယ်စပ်ဈေးတွေ ဖွင့်လှစ်နိုင်ဖို့ အတွက် တံတားတည်ဆောက်မယ့် နေရာ အတည်ပြုနိုင်ရေး နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ ကွင်းဆင်းစစ်ဆေးတိုင်းတာမှု ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။

မြစ်ကြီးနားတွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးနေ


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့ပေါ်ရပ်ကွက်တချို့မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်တချို့ အောက်တိုဘာ ၃၁ရက်နေ့က လာရောက် ကြိုတင်မဲပေးခဲ့ကြပါတယ်။ 

YBS ပေါ်တွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်သူ(၆)ဦး ဖမ်းမိ



YBS ခရီးသည်တင် ယာဉ်လိုင်းများပေါ်တွင် ရဲတပ်ဖွဲ့ဝင်များ ခရီးသည်အသွင်ဖြင့်လိုက်ပါစီးနင်းပြီးခါး ပိုက်နှိုက်မှုကျုးလွန်သူများ ဖမ်းဆီးရမိရေးဆောင်ရွက်ရာ လူခြောက်ဦးပါဝင်သော ခါးပိုက်နှိုက်အဖွဲ့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဘူးသီးတောင်မြို့တွင် စိတ်ကြွဆေးပြား တစ်သန်းနီးပါး ဖမ်းမိ



ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် နိုဝင်ဘာ ၁ ရက် ယနေ့ နံနက်ပိုင်းက WY ယာဘား စိတ်ကြွဆေးပြား တစ်သန်းနီးပါး ဖမ်းမိရရှိခဲ့သည်ဟု သတင်းရရှိသည်။

အမေရိကန်ကမ်းခြေတခုတွင် ဆော်ဒီအမျိုးသမီး ၂ ဦး အလောင်းတွေ့


အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဟက်ဆန်မြစ်ကမ်းခြေမှာ လွန်ခဲ့တဲ့ တပတ်ကတွေ့ရှိရတဲ့ ဆော်ဒီအမျိုးသမီးနှစ်ဦးရဲ့ ရုပ်အလောင်းတွေနဲ့ ပတ်သက်ပြီး နယူးယောက် ရဲတပ်ဖွဲ့က သဲလွန်စတွေ ရှာဖွေစစ်ဆေးနေပါတယ်။

မဲဆောက်တွင် မြန်မာအများစု ပါဝင်သော တရားမဝင် နေထိုင်သူ (၃၂၁) ဦးကို စစ်ဆင်ရေးဖြင့် ထိုင်းဖမ်းဆီး


ကြာသပတေးနေ့ မနက်ပိုင်းက မြန်မာနယ်စပ်အနီး ထိုင်းနိုင်ငံ မဲဆောက်ခရိုင်အတွင်း ထိုင်းရဲတပ်ဖွဲ့က စီးနင်းပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်ခဲ့သည်။

သီလရှင်ဒေါ်ကေသာဝတီကို ကျောင်းတိုက်မှ အုပ်စုဖွဲ့ ဆွဲထုတ်ခဲ့ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများသို့ တိုင်ကြားထား၊ ထူးခြားမှုမရှိသေး


စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ ဧမြဇေယျာချောင် ဝိမလာရာမတိုက်မှ လက်ထောက် သီလရှင်ဒေါ်ကေသာဝတီကို အုပ်စုဖွဲ့ဆွဲထုတ်ခဲ့ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများ သို့ တိုင်ကြားထားသော်လည်း ထူးခြားမှုမရှိသေးကြောင်း ဒေါ်ကေသာဝတီ၏ ဦးလေးတော်စပ်သူဦးမော်က အောက်တိုဘာ ၃၁ ရက် မွန်းလွဲပိုင်းတွင် News Watch သို့ ပြောကြားသည်။ 

Miss Teen Thailand 2018 အလှမယ်ဘွဲ့ရ ၁၆ နှစ်သမီး ထိုင်းကျောင်းသူလေး



ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ Miss Teen Thailand 2018 အလှမယ်ပြိုင်ပွဲမှာ အသက် ၁၆ နှစ်အရွယ်သာရှိသေးတဲ့ အထက်တန်းကျောင်းသူလေး ၀မ်ရာဒါ အက်ဖီဖက်ချမ်နန်က သရဖူဆုကို ဆွတ်ခူးရရှိပါတယ်။ 

ဝါကျွတ်ပွဲတော်ကာလအတွင်း ထိုင်းမှ ရွှေ့ပြောင်းလုပ်သား ပြန်အဝင် နေ့စဉ်မပြတ် ရှိခဲ့



ထိုင်း- မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား အမှတ်(၁) မှတဆင့် မြဝတီမြို့ (၄)ရပ်ကွက် ရွှေ့ပြောင်းအလုပ်သမားရုံးသို့ ဝါကျွတ်ပွဲတော် သီတင်းကျွတ်ကာလအတွင်း ဌာနေပြန် ရွှေ့ပြောင်းလုပ်သား ဝင်ရောက်မှုမှာ ပုံမှန်မပျက် နေ့စဉ် ဝင်ရောက်မှု ရှိခဲ့သည်။

ကျပ်သိန်းတစ်သောင်းဆုကို ပဲခူးမြို့ မှ ကံထူး


ယနေ့ ( နိုဝင်ဘာ ၁) က ဖွင့်လှစ်ခဲ့သည့် မြန်မာ့အောင်ဘာလေထီဖွင့်ပွဲတွင် အမြင့်ဆုံး ဆုကြီးဖြစ်သည့် ကျပ်သိန်းတစ်သောင်းဆုကို ပဲခူးမြို့ မှကံထူးခဲ့သည်။