Thursday, November 1, 2018

မြန်မာ-အိန္ဒိယ တံတားတည်ဆောက်မည့်နေရာ ကွင်းဆင်းစစ်ဆေး


ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ဒါရ်ခိုင်း(ရွာဟောင်း)ကျေးရွာမှာ ၂၀၁၈ အောက်တိုဘာ (၃၀)ရက် မနက်က နယ်စပ်ဈေးတွေ ဖွင့်လှစ်နိုင်ဖို့ အတွက် တံတားတည်ဆောက်မယ့် နေရာ အတည်ပြုနိုင်ရေး နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ ကွင်းဆင်းစစ်ဆေးတိုင်းတာမှု ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံဘက်က ကုန်သွယ်ရေး ဦးစီးဌာန ဦးသိန်းထွန်းဦး(ညွှန်ကြားရေးမှူး) ဦးဆောင် တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ Champhai ခရိုင်အုပ်ချုပ်ရေးမှူး PuK.Vanlalthiana(Add.D.C) နဲ့ Pi Lalsangpuii (Deputy Director,Commerce and Industry) ဦးဆောင်တဲ့ အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့တို့ ပူးပေါင်းပြီး ကွင်းဆင်းတိုင်းတာခဲ့ကြတာဖြစ် ပါတယ်။

မြန်မာနိုင်ငံနဲ့ အိန္ဒိယ နှစ်နိုင်ငံအကြား တံတား(၄)စင်း တည်ဆောက်ဖို့ရှိတဲ့ အနက် တစ်ခုအပါအ၀င်ဖြစ်တဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ဒါရ်ခိုင်း (ရွာဟောင်း)ကျေးရွာနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်၊ Champhai ခရိုင်၊ Hnahlan ကျေးရွာကြားက အိန္ဒိယ-မြန်မာ နယ်စပ် တီအိုချောင်းဖြတ်ကူးကို တံတား တည်ဆောက် မှာဖြစ်ပါတယ်။

ဒါရ်ခိုင်း(ရွာဟောင်း)ကျေးရွာ အပါအ၀င် ချင်းပြည်နယ် နယ်စပ် နေရာ(၅)ခုမှာ နယ်စပ်ဈေးတွေ ဖွင့်လှစ်ပြီး ဒေသထွက် ကုန်ပစ္စည်းတွေ အပြန်အလှန် တင်သွင်းသွား ဖို့ ရှိတယ်လို့ သိရပါတယ်။ 



သတင်း/ဓာတ်ပုံ - ရဲမြင့်အောင်(ကေမသုမ်) 
One News Myanmar

0 comments:

Post a Comment