Thursday, November 1, 2018

ဒဂုံမြို့သစ်(တောင်ပိုင်း)၊ စက်ရုံတစ်ခုမှ ကျပ် ၆၂၀၀၀၀၀၀ ခိုးယူသွားသည့် ညစောင့်အား ဖမ်းဆီးရမိ



ဒဂုံမြို့သစ်(တောင်ပိုင်း)၊ စက်ရုံတစ်ခုမှ ကျပ် ၆၂,၀၀၀,၀၀၀ ခိုးယူ သွားသည့် ညစောင့်အား ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 
ဖြစ်စဉ်မှာ ၂၃.၁၀.၂၀၁၈ ရက်နေ့ ၀၈၀၀ နာရီအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၂၃)ရပ်ကွက်၊ မိုးကုတ်လမ်းနေ ဦး--------သည် စက်ရုံ၌ ရှိနေစဉ် စက်ရုံမန်နေဂျာ မ--------မှ ရုံးချုပ်အတွင်း ငွေများခိုးယူခံ ရကြောင်း ဖုန်းဖြင့်ဆက်သွယ် ပြောကြားသဖြင့် သွားရောက်ကြည့်ရှု့ ရာ ရုံးချုပ် ဒုတိယထပ်ရုံးခန်း၏ ငွေစာရင်းအခန်းတံခါးမှာ ပွင့်နေသည်ကိုတွေ့ရကြောင်း၊ ၀န်ထမ်း များနှင့်အတူ ရုံးအတွင်းရှိ CCTV များအား စစ်ဆေးရာတွင် လူတစ်ဦးမှာ မိုးကာအင်္ကျီလက်ရှည်ဝတ်ထားပြီး ခေါင်းစွပ်စွပ်၍ နှာခေါင်းစည်းစည်းကာ ထမင်းစားဆောင်အပေါက်မှ ၀င်ရောက် လာသည်ကိုတွေ့ရှိရကြောင်း၊ ငွေစာရင်းအခန်းရှိ သော့ခတ် ထားခြင်းမရှိသည့် အမြင့်(၆x၃)ပေခန့် သံဘီရိုအတွင်း ထည့်ထားသည့်ငွေ (၉၅၇၀၆၂၀၀)ကျပ်ရှိသည့် အနက် (၆၂၀၀၀၀၀၀)ကျပ်ခန့်မှာ ပျောက်ဆုံးနေကြောင်း တွေ့ရှိရသဖြင့် ခိုးယူသွားသူအားအရေးယူပေးရန် တိုင်းတန်း၍ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်း (ပ)၁၈၃၁/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏လမ်းညွှန်မှု၊အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့်အရှေ့ပိုင်း ခရိုင်၊ မှုခင်းနှိမ်နင်းရေး ဌာနစုနှင့်ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ်ရှိ CCTV မှတ်တမ်းမှရရှိသော အမျိုးသား၏မှတ်တမ်း ဓါတ်ပုံအား ၎င်းကုမ္ပဏီရုံးချုပ်ရှိ ၀န်ထမ်းများနှင့် ညစောင့်ဝန်ထမ်း များအား ပြသစုံစမ်းခဲ့ရာ အနက်ရောက်မိုးကာလက်ရှည်အင်္ကျီအား ၀တ်ဆင်လေ့ရှိသူမှာ ကုမ္ပဏီ၏ ညစောင့် ၀န်ထမ်းဖြစ်သူ သူရိန်မိုးဖြစ်ကြောင်း၊၄င်းမိုးကာအား ဆိုင်ကယ်စီးသောအခါတွင် ၀တ်ဆင်တက်ကြောင်းနှင့် သူရိန်မိုးမှာ အခင်းဖြစ်ပြီး နောက်နေ့ မနက် တွင် အလုပ်တာဝန်ပြီးဆုံး၍ ပြန်သွားခဲ့ကြောင်း စုံစမ်းသိရှိရသဖြင့် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပိတ်ထား၍ ၎င်းနေထိုင်ရာ ဒဂုံမြို့သစ်(တောင်ပိုင်း)၊(၅၈)ရပ် ကွက်၊ ဦးဟန်တင်လမ်းသို့ သွားရောက် စုံစမ်းရှာဖွေရာ ဆိုင်ကယ်ဖြင့်ထွက်သွားကြောင်းသိရှိရပါသည်။ 

ဆက်လက် စုံစမ်းမှုများပြုလုပ်ခဲ့ရာ ၎င်း၏မိဘများဆွေမျိုးများရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ၀ါးတလုတ် ကျေးရွာ၊ (၁)အုပ်စု၊ အောက်ခြင်းကျေးရွာတွင် သွားရောက်တိမ်းရှောင် နိုင်ကြောင်း သတင်း အရ ၎င်း၏မိဘ များနေထိုင်ရာသို့ သွားရောက်စုံစမ်းခဲ့ရာတွင် ပြန်လည်ရောက်ရှိနေထိုင်ခြင်းမရှိဘဲ ၎င်း၏ရည်စားဖြစ်သူ နှင့်တွေ့ဆုံရန် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၊ ကြေးရုပ်ကြီးအနီးတွင် ချိန်းဆိုထားကြောင်း စုံစမ်း သိရသဖြင့် ၂၆.၁၀.၂၀၁၈ ရက်နေ့ ၁၁၄၅ အချိန်တွင် ၎င်းတို့ ချိန်ဆိုထားသည့် နေရာတွင် သူရိန်မိုးအား Suzuki အမျိုးအစား ဆိုင်ကယ်(၁)စီး၊ ငွေကျပ်(၉)သိန်း၊ Mi 6x အမျိုးအစား အနက်ရောင် ဖုန်း(၁)လုံးတိှု့နှင့်အတူတွေ့ရှိ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရှိရသည်။ 

ဖမ်းဆီးရမိသူ သူရိန်မိုးအား စစ်ဆေးခဲ့ရာခိုးယူရရှိသောငွေ (၆၂၀၀၀ ၀၀၀)ကျပ်ြဖင့် Mi 6x အနီရောင် လက်ကိုင် ဖုန်း(၁)လုံး၊ Mi6Pro အမျိုးအစား အနီရောင်လက်ကိုင်ဖုန်း(၁)လုံး၊Suzuki စာတမ်းပါ အပြာရောင် နှင့်အဖြူရောင် စပ်ကြားဆိုင်ကယ်(၁)စီးတို့ကို ၀ယ်ယူခဲ့ပြီး ကျန်ငွေ(၅၇၀၂၀၀၀၀) ကျပ်တို့ အား ၎င်းထံမှ ပြန်လည်သိမ်းနိုင်ခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူသူရိန်မိုးအား ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

The Ladies News




0 comments:

Post a Comment