Thursday, November 1, 2018

Miss Teen Thailand 2018 အလှမယ်ဘွဲ့ရ ၁၆ နှစ်သမီး ထိုင်းကျောင်းသူလေး



ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ Miss Teen Thailand 2018 အလှမယ်ပြိုင်ပွဲမှာ အသက် ၁၆ နှစ်အရွယ်သာရှိသေးတဲ့ အထက်တန်းကျောင်းသူလေး ၀မ်ရာဒါ အက်ဖီဖက်ချမ်နန်က သရဖူဆုကို ဆွတ်ခူးရရှိပါတယ်။ 
ဒီပြိုင်ပွဲနောက်ဆုံးအဆင့်ကို အောက်တိုဘာလ ၃၁ ရက်နေ့ညပိုင်းက ဘန်ကောက်မြို့၊ စင်ထရယ်လက်ဒ်ပရာအိုမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ 

ကျောင်းသူကလေး အက်ဖီကတော့ ဆူရတ်တနီခရိုင်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဒါဟာ သူ့အတွက် ပထမဆုံးဆွတ်ခူးရရှိတဲ့ဆု ဖြစ်တယ်လို့ ပြောပါတယ်။ 

“ကျမအနေနဲ့ ဘယ်တုန်းကမှ ကြော်ငြာရိုက်ကူးတာတွေ၊ မော်ဒယ်လုပ်တာတွေ၊ အလှမယ်ပြိုင်ပွဲမှာ ဆုရရှိတာမျိုးတွေ မရှိခဲ့ဖူးပါဘူး။ ကျမက သာမန်ကလေးတယောက်ပါပဲ”လို့ ဆုရရှိခဲ့အပြီးမှာ ပြောလိုက်ပါတယ်။ 

အက်ဖီဟာ ဆုကြေး ဘတ်ငွေ ၃ သိန်းနဲ့အတူ အလှမယ်သရဖူကို ရရှိခဲ့ပြီး ဒုတိယဆုကို အသက် ၁၈ နှစ်အရွယ် ဘင့်ဇ်နဲ့ တတိယဆုကိုတော့ အသက် ၁၅ နှစ်အ ရွယ် ရေဗက္ကာတို့က အသီးသီး ရရှိခဲ့ကြတယ်လို့ ခေါင်ဆွတ်သတင်းမှာ ဖော်ပြပါတယ်။ 

Miss Teen Thailand အလှမယ်ပြိုင်ပွဲတွေကို ၁၉၈၉ ခုနှစ်ကတည်းက ကျင်းပ လာခဲ့တာဖြစ်ပြီး သရဖူဆုရရှိသူတွေအနေနဲ့ ထိုင်းဖျော်ဖြေရေးအနုပညာလုပ်ငန်းတွေဆီ ၀င်ရောက်ဖို့ အခွင့်အလမ်းတွေ ရရှိစေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

DVB



0 comments:

Post a Comment